Saturday, December 4, 2021

ရုရှားသမ္မတထံသို့ မြန်မာသံအမတ်ကြီးခန့်အပ်လွှာပေးအပ်ခဲ့


1/12/2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ဒီဇင်ဘာ၁ရက်တွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ကျင်းပပြုလုပ်ခဲ့သည့် မော်စကိုမြို့အခြေစိုက် နိုင်ငံခြားသံအမတ်ကြီးများ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်ထံသို့ ခန့်အပ်လွှာ ပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်၍ ခန့်အပ်လွှာ ပေးအပ်ခဲ့သည်ဟု ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကပြောသည်။ 

အဆိုပါအခမ်းအနားတွင် ဆလိုဗက်သမ္မတနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ နိုင်ဂျီးရီးယားဖက်ဒရယ်သမ္မတနိုင်ငံ၊ ဂီနီသမ္မတနိုင်ငံ၊ ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံ၊ ဂါနာသမ္မတနိုင်ငံ၊ ဩစတြီးယားသမ္မတနိုင်ငံ၊ မော်ရီတေးနီးယား အစ္စလာမ္မစ်သမ္မတနိုင်ငံ၊ တာဂျစ်ကစ္စတန်သမ္မတနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ၊ အန်ဂိုလာသမ္မတနိုင်ငံ၊ အီတလီသမ္မတနိုင်ငံ၊ သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဘီနင်သမ္မတနိုင်ငံ၊ အီကွေဒေါသမ္မတနိုင်ငံ၊ ပနားမားသမ္မတနိုင်ငံ၊ အယ်လ်ဆာဗာဒေါသမ္မတနိုင်ငံ၊ စပိန်ဘုရင့်နိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံပေါင်း (၂၀) နိုင်ငံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတထံသို့ ခန့်အပ်လွှာများ အသီးသီးပေးအပ်ခဲ့သည်ဟုသိရသည်။

#PNJ
#ချယ်ရီသစ္စာ