D-Day စပြီလို့ ကြေညာတာက တစ်ဖွဲ့၊
မစသေးဘူး ဆိုပြီး လိုက်ရှင်းတာက တစ်ဖွဲ့၊
နေ့ရက်တိုင်းဟာ D-Day လို့ပြောကြတာက တစ်ဖွဲ့၊
D-Day စရင် စစ်ဖြစ်တော့မယ်ထင်တာက တစ်ဖွဲ့၊
ဟိုနားဗုံးခွဲထွက်ပြေး၊ ဒီနားဗီနိုင်းချိတ်ထွက်ပြေးတာကို D-Day စပြီလို့ ထင်တာကတစ်ဖွဲ့၊
D-Day စရင် NUG ချီးထုပ်တွေနိုင်တော့မယ်ထင်တာကတစ်ဖွဲ့၊
ဘာဖြစ်ဖြစ် စိတ်ချရဖို့စျေးပြေးဝယ်ကြတဲ့သူတွေက တစ်ဖွဲ့၊
အဲဒီစျေးဝယ်တာကို ဓာတ်ပုံလိုက်ရိုက်သူတွေက တစ်ဖွဲ့၊
စျေးတင်ရောင်းရလို့ ပြုံးပျော်နေကြသူတွေက တစ်ဖွဲ့။
D-Day အကြောင်းပြ အလှူခံကြတာက တစ်ဖွဲ့၊
ဘာများဖြစ်မလဲ ပူပန်ကြတာကတစ်ဖွဲ့။
D-day ကြေညာမှ NUG ရဲ့သမ္မတလရှီးလနာမည်ကို ကြားဖူးကြသူတွေက တစ်ဖွဲ့၊
နေပြည်တော်ကိုမင်းမော်ကွန်းတို့မကြာခင်သိမ်းမယ်လို့ထင်နေကြတဲ့သူတွေကတစ်ဖွဲ့၊
အခွက်ပြောင်ပြီး ဟာသလိုက်လုပ်ကြသူတွေက တစ်ဖွဲ့၊
စပ်စုပြီး အပြင်မှာလိုက်ကြည့်သူတွေက တစ်ဖွဲ့၊
ဘာမှန်းမသိဘဲ ထိုင် share တာကတစ်ဖွဲ့၊
အောင်ပါစေ မရေးရင် ထိုင်ဆဲကြတာကတစ်ဖွဲ့၊
ဒီအဖွဲ့တွေအားလုံးကို၊
စစ်ဖြစ်တယ်ဆိုတာ အိမ်ထဲမှာအစားအစာစုဆောင်းပြီးထိုင်ကြည့်နေလို့ မရကြောင်း၊
အာဆီယံက အပစ်ရပ် ၄ လကြေညာဖို့တိုက်တွန်းလို့ တိုက်ပွဲမရပ်အောင်လုပ်ပြဖို့ကြိုးစားတာဖြစ်ကြောင်း၊
ပြည်ပနိုင်ငံမှာလုံခြုံစိတ်ချစွာ ရောက်နေသူတွေက လုပ်စားကောင်းအောင် ပြည်တွင်းပုန်းငတုံးတွေကို မြှောက်ပေးတာဖြစ်ကြောင်း၊
D-day စမှန်း တိုင်းရင်းသားလက်နက်ကိုင်တွေတောင် မသိကြောင်း၊
ကြေညာချက်ကြီးထထုတ်လို့ပိုသာအတွယ်ခံရနိုင်ကြောင်း၊
ရှင်းပြလဲ ရူးမှာ..။
Credit