Sunday, September 5, 2021

"မန္တလေးသူတွေ " ဇ" က မသေးဘူး"😁 စစ်ကြောရေးကတောင် ထိုင်ခွီးရတဲ့အဖြစ်။


ဟိုတစ်နေ့က မန္တလေးမြို့သစ် ၆၂ x ၆၁ (၁၁၁)က တိုက်ခန်းမှာ ဗုံးဖောက်ခွဲရေးလုပ်နေတဲ့သူတွေတစ်ချို့ ဖမ်းမိတယ်...။

ဖမ်းမိတာက အဆန်းကြီးမဟုတ်ပေမယ့် ၊
ဆန်းတာက အဲ့ဖောက်ခွဲရေးထဲက မိန်းကလေး!

ဇာတ်လမ်းဖြစ်ပုံက.....
==============

အဲ့ဒီမိန်းကလေးဟာ ဖောက်ခွဲရေးအဓိကဦးဆောင်သူဖြစ်တဲ့
အောင်ခန့်ဇော်နဲ့လည်း အတူနေပြီးကြိုက်နေသလို၊ နောက်ထပ်
အမရပူရမှာနေတဲ့ကောင်လေးတစ်ယောက်နဲ့ကလည်း
ကြိုက်နေတယ်.....။

ကောင်မလေးက ဘဲ ၂ ယောက်ပြိုင်ထားပေမယ့်
တစ်ယောက်ကိုမှ အဖြတ်မခံဘူး.....။

အမရပူရထဲက ကောင်လေးကသိသွားလို့ ဖြတ်တော့လည်း
ပါးလိုက်ချပြီး အဖြတ်မခံဘူး...၊
အဲ့လိုပဲ ဖောက်ခွဲရေးတာဝန်ခံအောင်ခန့်ဇော်ကိုလည်း
အဖြတ်မခံဘူး.....။

အခုပြဿ နာမှာလည်းပြောရရင် အဲ့ကောင်မလေးကြောင့်မိတာ....။
သူနဲ့ကြိုက်နေတဲ့ နောက်ထပ်တစ်ယောက်အောင်ခန့်ဇော်က
သူမဟုတ်တဲ့တစ်ခြားကောင်မလေးတစ်ယောက်နဲ့ ထပ်ကြိုက်နေတာ
မိသွားတော့ အဲ့လိုကြိုက်ရမလားဟဲ့ဆိုပြီး ဖောက်ခွဲရေးတာဝန်ခံ
အောင်ခန့်ဇော်အခန်းကို ဗုံးနဲ့သွားပစ်တာ 😁 ၊
အဲ့ကနေ ပတ်ဝန်းကျင်က သတိထားမိပြီး တပ်ကလာဖမ်းတော့ ၊

အောင်ခန့်ဇော်က ထွက်ပြေးသွားပြီး ကောင်မလေးကိုမိတယ်....။
မိလို့စစ်တော့ မဆီမဆိုင် အမရပူရက သူ့ရဲ့နောက်ထပ်ကောင်လေး
ကိုပါထွက်ဆိုပြီး အဖော်ခေါ်သွားတယ်...။

ဟိုငတိမှာ နဂိုကထဲက စာရေးဆရာလိုလိုနဲ့ စာတွေရေးတဲ့ကောင်၊
ဘာမှလည်းလုပ်ရဲတာ မဟုတ်သလို၊ လုပ်တာလည်းမဟုတ်ဘဲ
အချောင်ပါသွားရော ။

ဖော်တာမှ တည်းတဲ့ Hotel ကအစ ပြင်ဦးလွင်
ဘယ်နေရာတွေသွားတတ်တယ်ဆိုတာထိအဆုံး
အကုန်ပြောပြီးဖော်တာ... ။

မန်းသူတွေ ချစ်တတ်ချက်ပြောပါတယ်။
သူသာ ၂ ယောက်ထားတာ၊ ကောင်လေးက
နောက်တစ်ယောက်ထားရင် ဗုံးနဲ့တောင်သွားပစ်သလို
ထောင်ထဲသွားတာတောင်မှ ကျန်တဲ့ရည်းစားကို
အပါခေါ်သွားသေးတာ...😅

=============================

ဟိုတစ်ခါလည်း ရည်းစားက တစ်ခြားကောင်မလေးနောက်
ပါသွားလို့ ပြဿနာကဖြစ်သွားသေးတယ်။
သေနတ်နဲ့လိုက်ပစ်သေးတယ်တဲ့။
မန်းသူ/သားတွေ "ဇ" က မသေးဘူးရယ်....
သီပေါမင်း ပါတော်မူတုန်းကသာ ရပ်ကြည့်နေတာ။
ရည်းစားတွေများထိရင် သေနတ်နဲ့ပစ်ရတာနဲ့၊ ဗုံးနဲ့ထုရတာနဲ့
ထောင်ထဲသွားရင်တောင် အပါခေါ်သွားသေးတာ.....?

မန်းသူတွေကို ကြောက်တောင်လာပြီ 😅😅
#####

Credit: တာနော ယက္ခ

သေသွားရင်တောင် ဆိုက်ကယ်နောက်ကပါတတ်တယ် 😂