Sunday, September 5, 2021

မြန်မာနိုင်ငံအတွင်းမှာနေပြီး၊ ပြည်သူတွေအတွက်လို့အော်ပြီး၊ အခကြေးငွေယူပြီး ကိုယ့်ပြည်သူတွေကို ဒုက္ခရောက်အောင် မိုင်းထောင် ဗုံးခွဲ လူသတ်လုပ်နေတဲ့သူတွေ ရှက်တက်ဖို့ လူတစ်ယောက်နဲ့နှိုင်းယှဥ်ပြချင်တယ်

အဲဒီလူက အမေရိကန်နိုင်ငံမှာ​နေတယ် ပြည်သူတွေအတွက်လို့အော်ပြီး ဘယ်သူ့စီကမှ အခကြေးငွေမယူပဲ ကိုယ့်အလုပ်ကိုလုပ် ကိုယ့်ထမင်းကိုစား ကိုယ့်ကိုသတ်မယ့်သူတွေစီ တစ်ယောက်ထဲသွားပြီး မြန်မာနိုင်ငံငြိမ်းချမ်းဖို့ လုပ်နေတဲ့သူ အဲဒီလူနာမည်က သတိုးစော
ခင်ဗျားတို့ ဘာကိုရှက်တက်ရမှာလဲဆိုတော့ ထမင်းတစ်လုပ်အတွက် လုပ်ကြတာချင်းအတူတူ ခင်ဗျားတို့လုပ်ရပ်က တိုင်းပြည်ပျက်စီးဖို့ မငြိမ်းချမ်းဖို့လုပ်နေတာ ကိုယ့်ပြည်ကို ပျက်စီးအောင် ကိုယ့်ပြည်သူတွေကို ပျက်စီးအောင်လုပ်တဲ့ လုပ်ရပ်တွေကို ခွင့်ပြုပေးထါးတဲ့ မိဘတွေ အုပ်ထိမ်းသူတွေလဲ ရှက်သင့်တယ်
အခုဒီပုံမှာ ပြထားတဲ့သူက မြင်ရတဲ့အတိုင်းထမင်းတလုပ်စားရဖို့ ကျောက်ခင်းလမ်းကိုတူးနေတယ် မြန်မာနိုင်ငံမှာနေတုန်းကလဲ ဂဝံကျောက်တွေကိုတူးခဲ့တယ်လို့ သူပြောတယ် သူ့ရဲ့ Live တွေမှာ သူ့ရဲ့ လက်ဖဝါးတွေကို လိုက်ကြည့်ဖြစ်တယ် ကြမ်းတမ်းနေတာကိုတွေ့ရတယ်
သူ့ရဲ့ လက်ဖဝါးတွေက ကြမ်းတမ်းပေမယ့် သူ့ရဲ့ နှလုံးသားက နူးညံ့တယ် အဲဒါ ဘာကိုကြည့်ပြီးသိနိုင်လဲဆိုရင် အမေရိကန်နိုင်ငံမှာနေပေမယ့် မြန်မာပြည်သူတွေအတွက် မြန်မာနိုင်ငံငြိမ်းချမ်းဖို့အတွက် သူ့ရဲ့ အသက်ကို မငဲ့ကွက်ပဲ အမျိုးသားရေးလှုပ်ရှားမှုတွေကိုဆောင်ရွက်နေတာကို ကြည့်ချင်းဖြင့်သိနိုင်တယ်
အဲဒါကြောင့်မို့လို့ ခင်ဗျားတို့ ရှက်တက်မယ်ဆိုရင် ခင်ဗျားတို့ လုပ်ရပ်တွေကို အမြန်ရပ်လိုက်ပါ ဒီလူလိုပဲ အလုပ်ကိုလုပ်ကြပါ မြန်မာနိုင်ငံအတွင်းမှာ လမ်းခင်း တံတားဆောက် အဆောက်အဦ ဆောက်လုပ်ရေးဆိုက်တွေ အများကြီးရှိပါတယ် အနည်းဆုံးလုပ်အားခ ၇၀၀၀ိ ရပါတယ် အဲဒီလောက်ငွေဆိုရင် ခင်ဗျားတို့ မိသားစုစားလောက်ပါတယ် 
ဒါက ရှက်စရာအလုပ်မဟုတ်ပါဘူး လမ်း တံတား ဆောက်တဲ့ အလုပ်ဆိုတာ အရမ်းကုသိုလ်ရတဲ့ အလုပ်ပါ 
အရင်က ဒီအလုပ်တွေကို အထင်သေးခဲ့တာအမှန်ပါ ၂၀၁၈ ခုနှစ်က ကျမ ပိုက်ဆံအိပ်လုခံရတံ့ အချိန်ကစပြီး ခိုး ဆိုး လု နှိုက်တွေကို တစ်ချို့ အသက်ကလေးတွေငယ်ပေမယ့် ဆောက်လုပ်ရေးဆိုက်တွေမှာလုပ်နေကြတဲ့ လူငယ်လေးတွေကို သွားကြည့်ပြီး ရှ​က်တက်ကြပါလို့ ပြောခဲ့ဖူးတယ်
အဲဒီလို ပြောခဲ့တဲ့နောက်ပိုင်း ကျမလဲ ဒီဆောက်လုပ်ရေးအလုပ်ကြမ်းနဲ့ အလုပ်ကြမ်းလုပ်တဲ့သူတွေကို အထင်ကြီး တန်ဖိုးထားတက်လာတယ်
ဆောက်လုပ်ရေးအလုပ်ဆိုတာ အောက်တန်းကျတဲ့ အလုပ် မဟုတ်တဲ့ အပြင် အရမ်းကုသိုလ်ရတဲ့ အလုပ်ပါ
အဲဒါကြောင့်မို့လို့ ခင်ဗျားတို့ စားမယ့် ထမင်းက သန့်ရှင်းဖို့အတွက် အစိတ်အတောက် အပင်းအစိတ် မဖြစ်ဖို့အတွက် မိုင်းထောင် ဗုံးခွဲ လူသတ် လုပ်ရပ်တွေကို ရပ်ပြီး ဆောက်လုပ်ရေး ဆိုက်တွေမှာ အမြန်အလုပ်ဝင်လုပ်ကြပါ တစ်ခြားသမာအာဇီဝကျတဲ့ အလုပ်တွေလဲအများကြီးပါ 
သန့်ရှင်းရေးအလုပ် အိမ်သာအဟောင်းတွေပြင်တဲ့အလုပ် အိမ် ပြို ယိုင်လဲနေတာတွေပြင်တဲ့အလုပ် မွေးမြူရေးခြံတွေဆောက်တဲ့အလုပ် ခြံရှင်းတဲ့အလုပ် အဝတ်လျှော်တဲ့အလုပ် စသဖြင့်ပေါ့ (အဝတ်လျှော်တဲ့ အလုပ်ကို ယောင်္ကျားလေးတွေလုပ်တာ တော်တော်များများတွေ့ဖူးတယ် ဇနီး​​ဖြစ်သူကအဝတ်လျှော်စားတော့ ခင်ပွန်းဖြစ်သူက သူအလုပ်နားရက်မှာ ဇနီးဖြစ်သူ စျေးဝယ် ချက်ပြုတ်ချိန်မှာ ခင်ပွန်းဖြစ်သူက လျှော်တာတို့ မိခင်ဖြစ်သူက အဝတ်လျှော်စားတော့ သားဖြစ်သူက မိခင် အနားယူချိန် နေမကောင်းချိန် စျေးဝယ်ချက်ပြုတ်ချိန် ရပ်ရေးရွာရေးလုပ်ချိန်မှာ သားဖြစ်သူက အဝတ်လျှော်တာတို့ တွေ့ဖူးတယ် တရုတ်ပြည်မှာ ခရီးသွားရင်း ကားရပ်နားပြီး ညအိပ်တဲ့နေရာမှာ တရုတ်အမျိုးသားတစ်ယောက် သူ့ရဲ့ အဝတ်လျှော်ဆိုင်မှာ  သူကိုယ်တိုင်ထိုင်ပြီး အဝတ်တွေကို ဇလုံထဲမှာထည့်ပြီး လက်နဲ့ ပွတ်လျှော်နေတာကို တွေ့ခဲ့ဖူးတယ် သူထိုင်နေတဲ့ သူ့ရဲ့နောက်ကျောမှာ အဝတ်​လျှောစက်တွေလဲတွေ့တယ် စက်နဲ့ လျှောမရတာတွေကို လက်နဲ့လျှော်နေတာလဲ ဖြစ်ချင်ဖြစ်မယ် စက်နဲ့လျှောတာကို စိတ်တိုင်း မကျလို့လဲ ဖြစ်ချင် ဖြစ်မှာပေါ့)
အသိတရား အမြန်ရကြပြီး မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ အုပ်တစ်ချပ် သဲတပွင့် အမြန်ပါဝင်လာနိုင်ကြပါစေ မြန်မာနိုင်ငံအမြန် အေးချမ်းသာယာပါစေလို့ မေတ္တာပို့သအပ်ပါတယ်ရှင့်🙏
Credit.  Thatoe Saw