Sunday, September 5, 2021

မင်းရူံးသွားပြီ သူငယ်ချင်း NUG(သို့)PDF


အစွယ်လိုချင်သူက မိဖုရား
အသွားစေခိုင်းသူ မင်းဧကရာဇ်
လေးပစ်သူက ကျွန်တော်ဆိုတဲ့စကား
မင်းကြားခဲ့ဖူးမှာပေါ့

ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုသူက ဘာသာခြား
ခိုင်းစေသူက မျိုးဖျက်သူ
သံဃာကိုစော်ကားသူက မိတ်ဆွေရင်း
မင်းရူံးသွားပြီ သူငယ်ချင်း NUG(သို့)PDF

ဆန္ဒန် ဆင်မင်းဟာ
မုဆိုးကို အချိန်မရွေးသတ်လို့ရတယ်
ဒါပေမဲ့ သင်္ကန်းကိုမြင်လိုက်တဲ့ အချိန်မှာ
မုဆိုးကိုသတ်လိုတဲ့ စိတ်တွေပျောက်သွားတယ်
ဘာကြောင့်လည်းဆိုရင်
သင်္ကန်းဆိုတာ သာသနာကိုကိုယ်စားပြုမှန်းသိလို့

အခုတော့
တိရစ္ဆာန် ဆင်မင်းထက် အသိဥာဏ်ပိုပါတယ်ဆိုတဲ့
မင်းတို့ NUG(သ်ို့)PDFလူသားတွေက
သင်္ကန်းကိုလွမ်းခြုံထားတဲ့ သံဃာကိုမြင်ရဲ့သားနဲ့
သာသနာ ကိုမမြင်ပဲ
လူပုဂ္ဂိုလ်ကိုသာမြင်လေတော့
မင်းတို့သာသနာကို ပြစ်မှားနေကြပြီ

သူငယ်ချင်း မင်းဟာပညာတတ်ပေမဲ့
သညာတွေ မရှိလေတော့
မင်းလူဖြစ်ရကျိုး ရူံးသွားပြီ သူငယ်ချင်း
NUG(သို့)PDF

(မူရင်းရေးသားသူအား လေးစားစွာဖြင့်)