ကျနော် ဂန္ဘီရ ပစ္စည်းလောက ရဲ့ မယုံကြည်နိုင်လောက်တဲ့ ဇာတ်လမ်းတွေ အကြောင်း ဖြစ်ရပ်မှန်တွေကို အတွင်းကျကျ ကိုယ့်တွေ့ အဖြစ် ရေးသားခဲ့ဖူးပါတယ် ။ စုစုပေါင်း ၉၃ ပုဒ် ရှိပြီ အဆုံးမသတ်ရသေးပါဘူး ။
အဲဒီလောကသားတွေ အများအားဖြင့် သိကြတဲ့ ဖြစ်စဥ်တွေပါပဲ ။ ကျနော်ရည်ရွယ်တာက #မယုံကြည်လောက်တဲ့ငွေကြေးပမာဏ နဲ့ လောဘကြောင့် အလိမ်ခံ ဘဝပျက်သူတွေကို နောက်ထပ် မမြင်ချင်လို့ ပညာပေး သဘော တင်ပြထားတာပါ ။
ဒီလောကရဲ့ လိမ်နည်း ညာနည်းတွေ ကို သတိထားနိုင်ရန် နဲ့ ပစ္စည်းအစစ်အမှန် နဲ့ တွေ့ခဲ့သော် ဆုံးရှုံးမှု မရှိစေပဲ ထိုက်တန်သော ရလာဒ်ဖြင့် ချမ်းသာကြွယ်ဝ နိုင်စေရန် ဗဟုသုတ မျှဝေခြင်း ဖြစ်ပါတယ် ။
တနေ့က နိုင်ငံရေး ပို့စ် ဖြစ်တဲ့ ဗန်ထီးယူ အကြောင်း ရေးတဲ့ အထဲမှာ ပါလာတဲ့ အဆိပ်ဖြေ ပန်းကန်း နဲ့ ကြေးနက် အကြောင်း မသိသူများ မေးကြ ပါတယ် ။
"သတ္တုလောက နဲ့ သရဲဖမ်းသူများ '' ၉၃ ပုဒ် မဖတ်ဖူးသူများ နားလည်ရန် ခဲယဥ်းပါတယ် ။ ကျနော် ဗဟုသုတ အဖြစ် ထပ်မံ တင်ပြပေးပါမယ် ။
လူအများစု ကြားဖူးတဲ့ #မိုးကြိုးသွား ဆိုတာ အမှန်တကယ် ရှိတတ်ပါတယ် ။ သို့သော် တင်းပြည့်ကျပ်ပြည့် အာနိသင်ကတော့ တွေ့ရခဲလွန်းပါတယ် ။ သူ့အစွမ်းတွေဖြစ်တဲ့ ရေဒီယို TV ရပ်ခြင်း ၊ ဆိုင်ကယ် ကား စက်နှိုးထားခြင်းအား စက်သေ ရပ်တန့် စေခြင်း ၊ ဓာတ်ခဲသုံး တန်စတင်ကြိုးပါ ရှေးဓာတ်မီးအား မီးငြိမ်းစေခြင်း အစရှိတဲ့ သဘာဝ စွမ်းအားတွေ ရှိပါတယ် ။
နောက် တခု #ကြေးနက် ရဲ့ သဘောကို ပြောပြပါမယ် ။ သူဟာ ကြေးသားအနက်ရောင် ဖြစ်ပါတယ် ။
- အသားအား လှီးဖြတ်ကြည့်ပါက ဖြစ်လာသည့် ဒဏ်ရာအား ချက်ခြင်း ပကတိအသားအဖြစ် ပြန်လည်ကုသနိုင်စွမ်း ရှိပါတယ် ။
- ဓာတ်မီး ၊ လျှပ်စစ်မီး ပြတ်တောက်စေပါတယ် ။
- ဖယောင်းတိုင်မီး ထွန်းထားလျှင် အရုပ်ရှိရာ အရပ်ဆီသို့ ကွေးညွှတ်သွားပြီး မီးငြိမ်းပါတယ် ။
- ကြည့်မှန် ထောင်ထားလျှင် မျက်နှာပြင်တခုလုံး ပင့်ကူအိမ်ကဲ့သို့ ကွဲအက်ကုန်ပါတယ် ။
- ဆန်စေ့များ မနီးမဝေးမှာ ချထားပါက ဆွဲယူကပ်ပစ်ပါတယ် ၊ ခဏနေလျှင် ဆန်စေ့ အရောင်ပြောင်းပြီး ပြန်ကွာကျပါတယ် ။ လက်နဲ့ချေလျှင် ကြေမွသွားပါတယ် ။
- ခဲတံနဲ့ ထောက်ထားလျှင် ယင်းခဲတံ၏ ခဲသားများ ကာဗွန်ဓာတ် ခမ်းသွားပြီး ရေး၍ မရတော့ပါ ။
- ငှက်ပျောသီးအစိမ်း ယူသွားရင် မှည့်သွား၍ အမှည့်ယူသွားလျှင် ပြန်စိမ်းပါတယ် ။
- ပန်းဖူး ယူသွားလျှင် ပွင့်သွားပါတယ် ။
- ရေထဲပစ်ချလျှင် ရေပေါ် ပေါ်ပါတယ် ။
(ရွှေထက် သိပ်သည်းဆများ၍ အလွန်လေးသော်လည်း ရေပေါ် ပေါ်ပါတယ်)
- နေပူထဲ ချထားလျှင် အရိပ်မထွက်ပါဘူး ။
- လေးလက္မသံချောင်း အရုပ်နား ချထားလျှင် သူနှင့် ဝေးရာသို့ တွန်းထုတ်ပါတယ် ။
ဒါတွေက ရေဘူယျှ စမ်းသပ်နည်းတွေပါ ။ နိုင်ငံခြားသားများ စမ်းသပ်တဲ့ အခါ အခြားလူသိနည်းသော နည်းများနဲ့ စမ်းတတ်ပါတယ် ။
(လိမ်စားသူများ သိသွားရင် ကြံဖန် လိမ်နည်း တီထွင်ကြမှာ ဖြစ်လို့ ချန်ထားပါတယ်)
မြန်မာပြည်မှာ အလေးချိန် ကျပ်သား နဲ့ စျေးကွက် ဖွင့်လေ့ရှိပါတယ် ။ ယခုပေါက်စျေး တကျပ်သား သိန်းပေါင်း တသိန်း ခန့် ရှိပါတယ် ။
နိုင်ငံခြားသားများ ဝယ်ယူရာတွင် ဓာတ်မီး ဖြတ်တောက်သော အကွာအဝေး စင်တီမီတာ ၊ဆန်စေ့ဆွဲယူသော အကွာအဝေး စင်တီမီတာ အစရှိသည်ဖြင့် တိုင်းတာ စျေးနှုံးသတ်မှတ်လေ့ ရှိပါတယ် ။ အချို့က အရုပ်တွင်းရှိ ခိုအောင်းနေသော ဓာတ်ရောင်ခြည် ပါဝင်နှုံး နဲ့ တိုင်းတာ ဝယ်ယူပါတယ် ။
ဘယ်စနစ်နဲ့ ဝယ်ပါစေ အလေးချိန် စနစ် တကျပ်သား သိန်းပေါင်း တသိန်း ကျော် ရပါတယ် ။
ဂမ္ဘီရ ပစ္စည်းလို့သာ ပြောတာပါ ၊ မိုးကြိုးသွား နဲ့ ကြေးနက်တို့က သူတို့ထဲ ခိုအောင်းနေတဲ့ ဘီတာ ၊ သီတာ ၊ အယ်လ်ဖာ ၊ ဂန္မာ ray တွေကြောင့် အထက်က ဂုဏ်သတ္တိတွေ ဖြစ်ပေါ်ရတာပါ ။
အဲဒီ ray တွေကို နိုင်ငံကြီးတွေက ဝယ်ယူကြတာပါ ။ သူတို့က သိပ္ပံနည်းကျ ခွဲထုတ်ပြီး ဆိုင်ရာ အသုံးတည့်မယ့် ပညာရပ်တွေမှာ ကုန်ကြမ်းအဖြစ် သုံးကြတာပါ ။ ကင်ဆာကုတဲ့ ဓာတ်ရောင်ခြည် ဆိုတာမျိုးပေါ့ ။
နောက်တမျိုးက အခု လူသိများလှတဲ့ လက်နက်နည်းပညာတွေမှာ သုံးကြတာပါပဲ ။ အထူးသဖြင့် အီလက်ထရောနစ် အဖျက်အမှောင့်တွေမှာ ဒီရောင်ခြည်တွေ သုံးကြတာပါပဲ ။
ပူတင်က #အာရပ်ကမ္ဘာကိုကျောက်ခေတ်ပြန်ရောက်အောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်တာ ဒီရောင်ခြည်သုံး လက်နက်ကြောင့် ပြောနိုင်တာပါ ။
ဘယ်လို ရတတ်သလဲဆိုရင် ယူရေနီယံ နဲ့ ထိစပ်နေခဲ့တဲ့ ကြေးများဟာ ဂုဏ်သတ္တိကူးပြောင်းပြီး ဖြစ်တည်သွားလေ့ ရှိပါတယ် ။ တခါက ကင်းမီးကောက် တံဆိပ် ဆန်ကပ် မီးအိမ်တွေကို စျေးကြီးပေး ပြန်ဝယ်ဆိုတာ ယင်းမီးအိမ်ပြုလုပ်စဥ်က မသိကြသေးပဲ ကြေးနက် ပါသွားလို့ ဆန်ကပ်တဲ့ အာနိသင် ရှိနေတဲ့ မီးအိမ်တွေ ထုတ်လုပ်မိကြပါတယ် ။
.
ယခု နည်းပညာ ဖွံ့ဖြိုးလာမှ သိသွားပြီး ယင်းမီးအိမ်တွေကို သိန်းပေါင်း သောင်းချီပေးကာ ပြန်ဝယ်ကြတာ သက်သေပါပဲ ။
......မြန်မာ အဂ္ဂိရပ် ပညာရှင်တွေ ပြော ပြော နေတဲ့
''ကျီးဖြူ ကျီးမည်း တကောင်တည်း ကျီးမည်းလေးက ဘယ်မှာနေ ''
...ဆိုတဲ့ စကားဟာ ပညာရပ်စကားတွေဖြစ်ပါတယ် ။ ကြေးနက်ဖြစ်အောင် အဂ္ဂိရပ်ပညာနဲ့ ထိုးယူတာလား သို့တည်းမဟုတ် သဘာဝအတိုင်း ယူရေနီယံ သတ္တိအောင်းနေတဲ့ ကြေးနက် နဲ့ အဂ္ဂိရပ်ထိုးဖို့ လမ်းညွှန်သလား တခုခု ပါပဲ ။ သေချာတာက မြန်မာ့အဂ္ဂိရပ်ပညာမှာလည်း ကြေးနက်သည် ရှားပါးတန်ဖိုးကြီးသော ပစ္စည်းအဖြစ် မှတ်တမ်းတင်ထားပါတယ် ။
မိမိ နားမလည် မိမိမကျွမ်းကြင်တဲ့ နယ်ပယ်တခုရဲ့ ဗဟုသုတ အားနည်းချက်ကြောင့် မယုံဖူးလို့ မျက်စိမှိတ် ငြင်းနေကြရင်တော့ သိသူတွေ ရီကြပါလိမ့်မယ် ။
ဒီလောက အကြောင်းကို ထိပ်ထိပ်ကြဲ ခရိုနီကြီးတွေ ၊ ရုပ်ရှင်လောကသားတွေ နဲ့ ထင်ရှားသူတွေ ၊ စစ်ဖက်ထိပ်သီး အရာရှိကြီးတွေ သိကြပါတယ် ။
ကျနော်ရေးဖူးတဲ့ #သတ္တုလောကနဲ့သရဲဖမ်းသူများအကြောင်း ပြန်ရှာနေတာ မတွေ့တော့ပါဘူး ။ ကံအားလျှော်စွာ စာမူကြမ်း ထုတ်ထားတာ ရှိနေသေးလို့ ပြန်ပြီး အသစ်ရေး တင်ပါအုံးမယ် ။
ဗဟုသုတ အရသော်လည်းကောင်း ၊ အပျင်းပြေအဖြစ်သော်လည်းကောင်း မိတ်ဆွေတို့ မဖတ်ဖူးသေးရင် ဖတ်စေချင်ပါတယ် ။ ဖတ်မိလို့ အရှုံးမရှိစေတဲ့ စာကောင်းတခုလို့ ကျနော် ယုံကြည်မိပါတယ် ။
ကျနော် အကြွေးကျန်နေတဲ့ ငယ်ဘဝ ကို အရင် ဇာတ်သိမ်းထိရေးပြီး မှ သရဲပြန်ဖမ်းပါ့မယ် ။ တိုးလို့တွဲလောင်း များနေလို့ ဆဲ နေကြတာ သိပါတယ် 😁😁😁
ကိုရွှေမျိုးဝင်း