ခြေလျင်၊အမြောက်၊အင်ဂျင်နီယာ၊ ဆက်သွယ်ရေး၊ သံချပ်ကာ၊ ဆေးတပ်ဖွဲ့၊ အထူးတပ်ဖွဲ့၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ၊ စနစ်တကျဖွဲ့စည်းထားပြီး တပ်ဖွဲ့အားလုံးဟာ အချိန်မရွေး စစ်ပွဲဆင်နွှဲနိုင်တဲ့ အနေအထားရှိပါတယ်။
စစ်ပွဲမှာသုံးတဲ့ လက်နက်နဲ့ ကျည်ဆံကို တပ်မတော်စက်ရုံတွေကနေ လိုသလောက် ထုတ်နိုင်တဲ့အနေအထားရှိပြီး အခိုင်အမာစခန်းတစ်ခုကိုတိုက်ချင်ရင် အမြောက်၊လက်နက်ကြီးတွေနဲ့ စိတ်တိုင်းကျထိုင်ပစ်လို့ရပါတယ်။ ၁၉၉၀ နောက်ပိုင်း မြန်မာ့တပ်မတော်ရဲ့ ဘယ်စခန်းကိုမှ တစ်ပတ်ကြာသိမ်းထားနိုင်တယ်ဆိုတာမျိုး မရှိခဲ့ပါဘူး။
တပ်မတော်ထဲက စစ်သားတစ်ယောက်ချင်းစီဟာ အနည်းဆုံး စစ်အခြေခံသင်တန်း ၆ လ တက်ဖူးပြီး စစ်သည်အင်အားထက်အဆများစွာပိုတဲ့ လက်နက်တွေ တပ်ရင်းတပ်ဖွဲ့တိုင်းမှာ ရှိပါတယ်။ တစ်မြို့တစ်နယ်မှာ အဖွဲ့မျိုးစုံကွဲနေတာမျိုး မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာကို အမိန့်တစ်ခုထဲနဲ့ တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ပါတယ်။ အရှင်တစ်ကောင်မှမလိုချင်ဘူးလို့ အမိန့်ထုတ်ရင် တိုက်ပွဲတိုင်းမှာ အရှင်မပါအောင် လုပ်တတ်ကြပါတယ်။
အခြေစိုက်စခန်းထားပြီး တိုက်တတ်တဲ့အဖွဲ့တွေဆို ပိုသဘောကျပြီး အသေတွယ်ပါတယ်။ ရန်သူဘက်က လူ ၁၀၀ နဲ့ လက်နက် ၁၀၀ ပါသွားတာက အထူးအဆန်း မဟုတ်ပေမယ့် တပ်မတော်ဘက်က တစ်ယောက်ကျပြီး လက်နက် တစ်လက်ပါသွားရင် မိုးမီးလောင်သလို ဖြစ်တတ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ် အစိုးရပဲ တက်တက် တပ်မတော်ဟာ သီးခြားရပ်တည်နိုင်တဲ့ အနေအထား ရှိပါတယ်။ ရေဘေး၊ လေဘေး၊ သဘာဝဘေး ဘယ် ဘေးအန္တရယ်ကြုံကြုံ လူအင်အား ထောင်သောင်းချီ ပစ္စည်းကိရိယာ အပြည့်အစုံနဲ့ ချက်ချင်းသွားပြီး ကူညီပေးနိုင်တာ တပ်မတော်တစ်ဖွဲ့ပဲ ရှိပါတယ်။
ကဏ္ဍ အားလုံးအတွက် စစ် သင်တန်းကျောင်းတွေ တစ်နိုင်ငံလုံးမှာရှိနေပြီး စဉ်ဆက်မပြတ် အင်အား ဖြည့်တင်းပါတယ်။ ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တစ်သွေး တစ်သံ တစ်မိန့် အုပ်ချုပ်ပါတယ်။ ပြည်တွင်းရန်၊ ပြည်ပရန် အတွက် ရေရှည်စစ်ပွဲဆင်နွှဲနိုင်စွမ်း အပြည့်အဝရှိပါတယ်။
စစ် အသုံးစရိတ်အတွက် ဘယ်ဆယ်လီမှ အလှူခံ ပေးစရာမလိုသလို ထီရောင်းစရာလဲ မလိုပါဘူး။ ကျောက်စိမ်းနဲ့သယံဇာတ စိတ်တိုင်းကျထုတ်ရောင်းပြီး လက်နက်ကိုင်နေတဲ့အဖွဲ့တွေတောင် သတ်မှတ်ပေးထားတဲ့နယ်မြေမကျော်ရဲအောင်လုပ်ထားတာဖြစ်လို့ အလှူခံပြီးတိုက်မယ့်အဖွဲ့တွေ အတွက်က လက်နက်မရှိတဲ့သူတွေကို ဒလံလို့စွပ်စွဲပြီးသတ်တာ၊အင်အားနည်းနည်းပဲထားတဲ့ သာမန်စခန်းတွေကို အငိုက်ဖမ်းတိုက်ပြီး ထွက်ပြေးတာ၊ စာသင်ကျောင်းနဲ့ အုပ်ချုပ်ရေးရုံးတွေကို ခိုးကြောင်ခိုးဝှက် ဗုံးလိုက်ခွဲတာ၊ ဒါတွေပဲ လုပ်စရာ ရှိပါတယ်။
အခု အာဖဂန်ကို သိမ်းထားတဲ့ တာလီဘန်တွေတောင် မြန်မာ့တပ်မတော်လိုမျိုး တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ဖို့ဆို ဆယ်စုနှစ် ၅ ခုလောက် အချိန်ယူဖွဲ့စည်းရပါလိမ့်မယ်။ နှစ် ၅၀ ပါ။
တာနီဘန်ကတော့ ဒီတစ်သက် တပ်မတော် မဖွဲ့နိုင်ပါဘူး။
ဦးတိမ်
#နန်းချယ်ရီလော
https://m.facebook.com/story.php?story_fbid=580317836747184&id=100043069172815