Saturday, September 11, 2021

PDF တစ်ဦးရဲ့ရင်တွင်းစကား.. အရှိတရား....


တောထဲကိုစရောက်တုန်း
PDFကအပတ်စဉ် ၁ ဘဲရှိသေးတယ်။

အဲဒီတုန်းကတည်းကNUGကPDFတွေအတွက်လက်နက်တွေဘဲအလုံလောက်ရှိသလိုလို...

PDFရဲဘော်တွေလဲ
M16ဘဲကိုင်ကြရတော့မလိုလို...

AKဘဲကိုင်ကြရတော့မလိုလို...

တနေရာရာမှာဘဲရှိသလိုလို...

မကြာခင်ဘဲရောက်လာတော့မလိုလို...တွေပေါ့လေ။

နောက်ပိုင်းသင်တန်းအပါတ်စဉ်တွေတစ်ခုပီးတစ်ခုသာပြီးသွားတယ်။

ပြန်တဲ့သူတွေလဲပြန်ကြ.. တောထဲကျန်ခဲ့သူတေလဲကျန်ခဲ့ကြ..

တခြားနေရာတွေမှာတွဲထားတဲ့သူတွေလဲတွဲထားပေါ့။

လက်နက်တွေကတော့မမြင်ဖူးလိုက်ကြဘူး...

လေ့ကျင့်ရင်းပြစ်ရတဲ့ဆယ်လက်လောက်ကအများဆုံးမြင်ဖူးကြတာဘဲ။

ကျန်တဲ့အချိန်ကတော့သစ်သားသေနတ်လေးတွေနဲ့ဘဲစခန်းသွားနေရတာပေါ့လေ။

အခုဆိုဒီဒေးမဟုတ်တဲ့ခုခံစစ်ဆိုတာကြီးလဲခေါ်ပြီးပြီ...

ဘာ M16 ဘာAK မှ PDFတွေလက်ထဲမှာမရှိသေးဘူး...

လူတွေကတော့D Day
ခေါ်​ ပြီကွဆိုပြီး Feel​ တွေစွတ်တက်နေကြတာပေါ့လေ...

တကယ်တိုက်နေရတဲ့
လိုကယ် PDFကလေး​တွေမှာလက်လုပ်သေနတ်လေးတွေနဲ့ပေါ့။

ငါတို့နိုင်မှာတဲ့...

ဒါပေမဲ့အဲဒီလိုလက်လုပ်သေနတ်လေးတေနဲ့တော့မဟုတ်ဘူးလို့ငါတော့ထင်တာဘဲ။

Credit