Thursday, September 16, 2021


အမေရိကန်ရဲ့ ပူးတွဲဦးစီးချုပ် ဥက္ကဌ
ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး မစ်လေ
ကိစ္စ အတော်လေး လှုပ်လှုပ်ခပ်ခပ်
ဖြစ်လာတာတွေ့ရတယ်၊
မစ်လေဟာ နိုင်ငံတော်ကိုသစ္စာဖေါက်သူ
တရုတ်ကိုလှို့ဝှက်ဆက်သွယ်သူဆိုတာထက်
ပိုပြီး အများကြီးပေါ်ပေါက်လာဖို့ရှိပါသေးတယ်၊
လောလောဆယ်နှုတ်ထွက်ပေးဖို့ တောင်းဆိုတာတွေ
ခံနေရပြီး၊ စစ်ခံရုံးတင်ဖို့တွေဖြစ်လာဖွယ်ရာ
ရှိနေပြန်ပါတယ်၊

အမေရိကန်အနေနဲ့သိက္ခာမကျအောင်
နိုင်ငံရေးအရအဖတ်ဆယ်မှုနဲ့ နောင်ဒါမျိုး
မဖြစ်အောင် စံပြ အပြစ်ပေးမှုအကြား
လွန်ဆွဲနေတဲ့အခြေအနေလို့ မြင်ပါတယ်၊

ဒါနဲ့တဆက်ထဲပဲ
အမေရိကန်ကို သမ္မတဟောင်း အိုဘားမားက
ချုပ်ကိုင်ထားကြောင်းသတင်းတွေ ထွက်လာတယ်၊
( မိမိကိုယ်တိုင် သမ္မတ အိုဘားမားခြယ်လှယ်နေဆဲပါလို့
ရေးသားခဲ့တာကြာလှပါပြီ၊ တကြိမ်မကတော့ပါ )

အိုဘားမား ဘယ်သူလဲ
ဘယ်လိုချုပ်ကိုင်ထားသလဲ
မစ်လေနဲ့ရောအဆက်အစပ် ဘယ်လိုရှိသလဲ
အိုဘားမားနဲ့ တရုတ်အဆက်အစပ်ကရော ?

အမေရိကန်ရဲ့ နိဂုံးရောက်ပါပြီလို့
အလကားရေးခဲ့တာမဟုတ်ပါဘူး
မြင်ကွင်းများစွာကို ဆက်စပ်ပြီးမှ
သေခြာသုံးသပ်ပြီး ရေးခဲ့တာပါ
တချို့ဟာတွေကြတော့ ကြိုတင်ရေးလို့
​မကောင်းတာနဲ့ ချန်ထားခဲ့ရတာတွေ ရှိနေပါတယ်။

အမေရိကန်ဟာ
ဆိုဗီယက်လိုတော့ အပိုင်းပိုင်း ပြိုကွဲတာမျိုး
မရှိနိုင်ပေမဲ့၊ လျင်မြန်စွာကျဆင်းခြင်း
အမေရိကန်နိုင်ငံရေး စနစ်နှပ်ပစ်ခံရခြင်းမျိုးအထိ
ဖြစ်လာနိုင်ပါတယ်၊

ကော်ပိုရေးရှင်းတွေရဲ့ Scandal
နည်းပညာ စိမ့်ယိုမှု Scandal
သမ္မတလောင်းတွေရဲ့ Scandal ...
စတာတွေကိုတော့
သတင်းအဖြစ် တဝကြီးထွက်လာနိုင်ဖွယ်ရာ
ရှိနေပါတယ်၊

​မြန်မာ နိုင်ငံရေးအနာဂါတ်မှာလဲ
နိုင်ငံတော်သစ္စာဖေါက်မှု ရှောင်ကြဉ်နိုင်အောင်
ပြီးခဲ့တဲ့ (၅) နှစ်အစိုးရသက်တမ်းအတွင်း
အရေးအရာတွေကို Precedence အဖြစ်
ဖေါ်ထုတ်ပေးဖို့လိုအပ်ပါမယ်၊
ဒါဟာ... မဖြစ်မနေ လုပ်ရမဲ့ အလုပ်ပါ။

#BaMaung.