Thursday, September 16, 2021

ဝဋ်ဆိုတာ အော်တိုလည်ပါတယ်


■ တပ်မတော်သားတွေရဲ့
 ခြင်းကျားကြီးတွေလွယ်နေတဲ့ပုံတွေ၊ 
ဖက်ရွက်ပေါ်မှာ 
စားသောက်နေတဲ့ပုံတွေကိုမြင်ရင်
တချို့သော သူများက 
လှောင်ရယ်(ရီ)ခဲ့ဖူးကြတယ်။

■ ခြင်းကျားလွယ်တာဟာ 
ဒီနိုင်ငံရဲ့တောတောင်နယ်မြေအနေအထား၊
ထမ်းပိုးရတဲ့ရိက္ခာပစ္စည်းအခြေအနေနဲ့
သွားလာရတဲ့ ခရီးအကွာအဝေးတို့ရဲ့
သဘာဝကိုက  ပေးထားချက်တွေ မို့ပါ။
အစားအသောက်ဆိုတာကလည်း
ထိုနည်းတူပါပဲ….
တောတောင်တွေထဲသွားလာချိန်မျိုးမှာ
စခန်းထိုင် နေရာတချို့ကလွဲရင်
အဆင်ပြေသလို စားသောက်နေထိုင်ရတာပါပဲ။

■ အဲဒီလို နှစ်ပေါင်းများစွာ 
နိုင်ငံတော်နဲ့တပ်မတော်အတွက်
တာဝန်ထမ်းရွက်နေတဲ့ စစ်သည်တွေကို 
"မင်းတို့ကတော့ အောက်ခြေမှာဆင်းရဲ၊ 
မင်းတို့ လူကြီးတွေကတော့ 
အပေါ်မှာ ဇိမ်နဲ့နေ"ဆိုပြီး သွေးခွဲတာမျိုး
မြင်ဖူးကြတယ်၊ ဖတ်ဖူးကြတယ်မလား?
■ ခုတော့  တပ်မတော်ကို ပြိုလဲအောင်
တိုက်ထုတ်ကြမယ်ဆိုတဲ့ PDF တွေခင်ဗျာ
တောတောင်တွေထဲမှာ ရေရှည်ရပ်တည်နိုင်ဖို့
အလှူငွေရအောင် မျက်ရည်ချူနေတဲ့ပိုစ့်တွေကို
ခပ်စိတ်စိတ် မြင်တွေ့နေရလေရဲ့။ 

■ နိုင်ငံရေးကစားတဲ့ 
နောက်ကွယ်ကသူတွေက
ကျည်လွတ်မြေနဲ့လွတ်မြောက်နယ်မြေတွေမှာ 
မိသားစုလိုက် လုံလုံခြုံခြုံရှိနေချိန်….
စတေးခံ  မြေဩဇာတွေဖြစ်ဖို့ 
အကြမ်းဖက်လုပ်နေတဲ့ PDF တွေက
“ပွန်း”ရုပ်လေးတွေ ဖြစ်နေကြရှာတယ်။

■ စစ်မှုထမ်းဥပဒေ ပြဌာန်းစရာမလိုပါဘူး။
ဒီလောက်ဆို တပ်မတော်သားဘဝတွေက
ဘယ်လောက်ကြမ်းတမ်းလည်းဆိုတာ
သူတို့ ခန့်မှန်းမိလောက်ပါပြီ.။
ဝဋ်ဆိုတာ အော်တိုလည်တယ် ကလေးတို့။

#ဖိုးစီ