Thursday, September 16, 2021

လက်ကျိုးလို့ဆေးကုသမှုခံယူပီးပြန်လာသူကို PDF များမှ ရက်ရက်စက်စက် ပစ်သတ်


ထီလင်းမြို့နယ် ညောင်ကန်ကျေးရွာ နေ မသန္တာဝင်း(ခ)မငယ်လေး အသက် 50နှစ်ခန့်သည် လဲ၍ လက်ကျိုးသဖြင့် ကျေးရွာအုပ်မှူးအဟောင်း ဦးသီဟ မှ ထီးလင်းမြို့ ပြည်သူ့ဆေးရုံသို့ Hijet ကားလေးဖြင့် လိုက်ပို့ရင်း ကိုဗစ်လူနာများကျွေးမွေးရေးအဖွဲ့သို့ ကျေးရွာမှ လှူဒါန်းသော မိုးမြေပဲများ လာရောက်လှူဒါန်းခဲ့ပြီးလက်ကျိုးသော လူနာ ပတ်တီးစည်းပြီး  ထီးလင်းမြိုမှ အပြန် ညနေ 5.15  နာရီ ခန့် အချိန်တွင် ကျေးရွာသို့ အပြန်လမ်း သုံးထပ်ကွေ့ နား တွင် PDF အကြမ်းဖက် အဖွဲ့မှ မော်တော်ယာဉ်အား သေနတ်ဖြင့် ပြစ်ခတ် ခဲ့ရာ 
ယာဉ်မောင်း ဦးသီဟ (အုပ်ချုပ်ရေးမှူးဟောင်း) လက်မောင်း ထိမှန် ဒါဏ်ရာ ၊ ယာဉ်နောက်ခန်းတွင် လိုက်ပါလာသော လူနာအား ရင်အုံထိမှန်ဒါဏ်ရာဖြင့် နေရာတွင် အသက်သေဆုံး ခဲ့ပြီး ဆေးမင်းတော တိုက်နယ်‌ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

#Credit