Wednesday, June 9, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (19)

           ဒေါ်စုကြည်တို့ NLD ​တစုဟာ လွှတ်တော်အတွင်း ဝင်ရောက်လာပြီးနောက် အဆိုတင်သွင်းခြင်း ကန့်ကွက်ခြင်းတွေကို စွမ်းစွမ်းတမံ ပြုလုပ်နိုင်တာ မတွေ့ရပေမယ့် အဖျက်လုပ်ငန်းကိုတော့ ကောင်းစွာ ပြုလုပ်နိုင်ပါတယ် ။ 

      ပထမ တချက်က အင်မတန်အရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စမှာ ဖြစ်ပါတယ် ။ ဦးအောင်မင်းတို့အနေနဲ့ အကြိမ်ပေါင်း ထောင်ချီပြီး (တရားဝင်ကော တရားမဝင်ရော)  တွေ့ဆုံဆွေးနွေးခဲ့ကြ ညှိနှိုင်းခဲ့ကြရပါတယ် ။ အဲဒီလို ကြိုးစားအားထုတ်မှုတွေနဲ့  အင်မတန်ခက်ခဲစွာ ယုံကြည်မှု တည်ဆောက်ပြီးချိန်မှာ NCA လက်မှတ်ရေးထိုးဖို့ သဘောတူကြပါပြီ ။ 

      အဲဒီသတင်းကို ဒေါ်စုကြည် ကြားသိသွားချိန်မှာပဲ အလွန်အောက်တန်းကျတဲ့ ယုတ်မာမှုကို မစောင့်စည်းနိုင်ပဲ NCA ကို အလောတကြီး လက်မှတ်မထိုးကြဖို့ ပိတ်ပင်လိုက်ပါတယ် ။ 

         သူမရဲ့ သဘောထားဟာ အနောက်အုပ်စုရဲ့ ဆန္ဒပါပဲ ။ သူမ အစိုးရဖြစ်လာမှ ငြိမ်းချမ်းရေးယူကြပါ ဒီထက်များပြားတဲ့ အခွင့်အရေးတွေ ပေးပါ့မယ် ဆိုတဲ့ မက်ဆေ့ ကို အယောင်ပြပေးလိုက်တဲ့ အတွက် NCA ဟာ အဖွဲ့ ၈ ဖွဲ့ပဲ ထိုးကြတဲ့ အနေအထားရောက်သွားရပါတယ် ။ 

      အမှန်ကတော့ ငြိမ်းချမ်းရေးအတွက် ဦးသိန်းသိန် ဆောင်ရွက်ပေးသွားနိုင်ရင် သူ့ရဲ့ သမိုင်းဟာ တောက်ပြောင်ကျန်ခဲ့မှာ ဧကန်မလွဲပါပဲ ။ စိတ်ကောင်းလုံးဝမရှိတဲ့ ဒေါ်စုကြည်ဟာ အဲဒါကို မနာလိုစိတ်နဲ့ တမင်ကောက်ကျစ်စွာ ဖျက်ဆီးခဲ့တာပါပဲ ။ 

     သူမရဲ့ စိတ်ထဲမှာ စစ်သားလူထွက်တွေ နဲ့ တပ်မတော် ရယ် ပြည်သူရယ် စုစည်းညီညွှတ်သွားတာကို အလိုမရှိပါဘူး ။ စစ်တပိုင်း အစိုးရရယ် တပ်မတော်ရယ်ကို ပြည်သူတွေ ထာဝရ မုန်းတီးပြီး သူမအပေါ် အမြဲတမ်း အားကိုးနေစေချင်တာပဲ ဗျ ။ အဲဒါကို နိုင်ငံရေး လုပ်တတ်ပြီ ထင်နေရှာကိုက မြန်မာပြည် ကံဆိုးရတာပါပဲ ။ 

         အဲဒီလို ပြည်တွင်းကိစ္စ အဖျက်လုပ်ငန်း လုပ်ပြီးရုံနဲ့ အားမရသေးဖူး ဗျ ၊၊ နိုင်ငံတကာက အကြွေးတွေလျှော်ပေး ချေးငွေ အသစ်တွေ ထုတ်ချေးနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် အားပေးလာချိန်မှာ သူမရဲ့ ဘီလူးမျက်နှာဖုံးကြီး ဘွားကနဲ ပေါ်လာတယ် ဗျ ။

       နိုင်ငံတကာက အကောင်းမြင်နေတာ သိပ်စောလွန်းနေသတဲ့ ။ စံချိန်တင် GDP ဆိုတာကလည်း အမှန်စီးပွားတက်နှုံးမဟုတ်ဖူး ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ တိုင်းတာမှသာ အမှန်တိုးတက်မှု ဖြစ်တယ် တဲ့ ။ 

      အဲဒါကြောင့် ဦးသိန်းစိန် အစိုးရအပေါ် ဖြေလျှော့မှုပေးနေတာတွေ ၊ ကူညီနေတာတွေ ရပ်ဆိုင်းထားဖို့ ၊ ဆန်ရှင်ဖွင့်မပေးသေးပဲ ဆက်လက်ပိတ်ဆို့ထားဖို့ လိုအပ်နေသေးကြောင်း အင်မတန် ယုတ်မာစွာ တောင်းဆိုပါတယ် ။ 

          ကူညီဖို့ လာခဲ့တဲ့ အိုဘာမားကိုတောင် ဘာတွေ ပိတ်ဆို့တားမြစ်တယ် မသိဖူး ဒေါ်လာ သန်း ၂၀ ကျော်ပဲ ကူညီပြီး ပြန်သွားပါတယ် ။ အဲဒီအချိန်က ဦးသိန်းစိန်ဟာ အိုဘားမားဆီကို အကူအညီတောင်းခဲ့တာက ကားတွေ မှောက်နေတဲ့ အမြန်လမ်းကြီးကို နည်းပညာလိုအပ်ချက်ရှိနေရင် ကူညီပေးပါ တဲ့ ဗျာ ။

      ကဲ သူ့အစိုးရအတွက် တောင်းဆိုတာလား ဗျာ ၊ ပြည်သူ့အတွက် လိုအပ်နေတဲ့ တောင်းဆိုမှုကို ဦးသိန်းစိန်တောင်းဆိုခဲ့တာပါ ။ အိုဘားမားသာ ကူညီချင်ရင် ချက်ခြင်း ကူညီလို့ ရတာပေါ့ ၊ ဒါပေမယ့် တုတ်တုတ်မလှုပ်ပဲ ပြန်သွားပါတယ် ။ 

          ဦးသိန်းစိန်ဟာ ဒီမိုကရေစီ စနစ် နဲ့ လျှော်ညီတဲ့ ဖြေလျော့မှုတွေ ပေးတဲ့အနေနဲ့ မီဒီယာလွတ်လပ်ခွင့်တွေပေးပါတယ် ။ နောက် INGO နဲ့ NGO တွေကို ခွင့်ပြုပေးခဲ့ပါတယ် ။ ဖုန်းတွေ လူတိုင်းကိုင်နိုင်အောင် စီမံပေးခဲ့ပါတယ် ။ 

       တိုင်းပြည်အတွက် လေကောင်းလေသန့်ရဖို့ ပြူတင်းတံခါးတွေကို အစွမ်းကုန် ဖွင့်ပေးချိန်မှာတော့ အန္တရာယ်ပေးမယ့် ပိုးမွှားတွေလည်း ဝင်ခွင့် ရသွားပါတော့တယ် ။ အထူးသဖြင့် ဂျော့ဆိုးရော့ ရဲ့ မီဒီယာသင်တန်းတွေ ဖွင့်ခွင့်ပေးလိုက်တာဟာ ဦးသိန်းစိန်အတွက် ကိုယ့်လည်ပင်းစွတ်မယ့်ကြိုး ကိုယ်တိုင်ကျစ်ပေးခဲ့တာပါပဲ ။ 

      မီဲဒီယာ အလုံးစုံကို ငွေအား လူအား နဲ့ ချုပ်ကိုင်ပြီး လိုသလို ဝါဒဖြန့်နိုင်ခဲ့တဲ့ အနောက်အုပ်စုတွေဟာ ဗဟုသုတ နည်းတဲ့ ပြည်သူတွေကို လွယ်ကူစွာ လိမ်ညာနိုင်ခဲ့ပါတယ် ။ အစိုးရ ရဲ့ MRTV နဲ့  တပ်မ​တော် ရဲ့ မြဝတီ တို့ကတော့ ဘိုးတော်ဘုရားလက်ထက်က အစီအစဥ်တွေနဲ့ ကိုယ့်ကိုကိုယ် အားရ အထင်ကြီးဆဲပေါ့လေ ။

.......INGO ၊ NGO တွေကတော့ စနစ်တကျ ဖျက်ဆီဖို့ ပညာရေး ကျန်းမာရေး လူမှုရေး စီးပွားရေး ခေါင်းစဥ်အမျိုးမျိုး နဲ့ ဝင်လာပြီး မြန်မာလူငယ်တွေရဲ့ အသိစိတ်တွေကို လစ်ကြောင်ဝါဒ ရိုက်သွင်းကြပါတယ် ။ ယခု ဖြစ်နေတဲ့ မိဘမှန်း မသိ ဆရာမှန်းမသိ သံဃာမှန်း မသိ စော်ကားနေကြတာဟာ အဲဒီ INGO ၊ NGO သင်တန်းတွေ ရဲ့ ဘေးထွက်ဆိုးကြိုးတွေပါပဲ ။ သူတို့ကတော့ အဲလိုဖြစ်အောင် တမင်ရည်ရွယ် ယုတ်မာခဲ့ကြတာပါပဲ ။

         မီဒီယာနဲ့ပတ်သက်ပြီး တဆက်ထဲပြောချင်တာက ဇောင်းထနေတဲ့ ရုပ်ရှင်လောအကြောင်းပါပဲ ။ ကျေးဇူးကန်းလောကသားတွေ မသိသလောက် ဖြစ်ခဲ့တဲ့ ကိစ္စပါ ။ 

       အပြောင်းအလဲတွေ ဖြစ်နေတဲ့ အချိန်မှာ ရုပ်ရှင်အစည်းအရုံးက မပြောင်းလဲသေးတော့ သူတို့ စိတ်ကြိုက် ဖွဲ့စည်းနိုင်ဖို့ တောင်းဆိုရန် ကြိုးစားကြပါတယ် ။ အစိုးရသစ်ရဲ့ သဘောထား ၊ ခေတ်ရဲ့ အနေအထားအရ နေပြည်တော်ကို သွားပြီး သမ္မတဆီ တင်ပြတောင်းဆိုကြမယ်ဆိုပြီး စီစဥ်တော့ လိုက်ရဲတဲ့သူ မရှိတော့ဖူး ။ သတ္တိတွေနော် အခုမှ ရဲရဲတောက်ပြနေကြတာ ရီစရာပဲ ။

      ဦးဆောင်နေတာက တကယ့်လူ ဇာဂနာ ပဲ ။ သူ့နောက်ကို ဘယ်သူမှ မလိုက်ရဲကဖူး ၊ ရှားရှားပါးပါး နေတိုး တယောက်ပဲ လိုက်ရဲတယ် ။ 

     ဇာဂနာ နဲ့ နေတိုး ၂ ယောက်ထဲ နေပြည်တော် သမ္မတရုံးကို ချီတက်သွားကြတယ် ။ ကြိုတင်တွေ့ခွင့်တောင်းမထားပဲ သွားကြတာ ညနေစောင်းမှ တွေ့ခွင့်ရတာတောင် ကံကောင်းလို့ လေ ။ နိုင်ငံကျော်တွေမို့ တွေ့ခွင့်ရတာပါ ။

      သူတို့ဖြစ်ချင်တာ ပြောပြတယ် ။ ဦးသိန်းစိန်က တထိုင်တည်း ဆုံးဖြတ်တယ် ၊ လက်ရှိ အစည်းအရုံးကို ပယ်ဖျက် ပြီး ရုပ်ရှင်လောကသားတွေ စိတ်ကြိုက်တင်ကြတဲ့ ။ လုပ်ဆောင်ကြရာမှာ ချောမွေ့အောင် ဦးအောင်မင်း တို့ လိုက်သွားပြီး ကူညီပေးလိုက်ပါ ဘာတခုမှ မစွက်ဖက်ပါနဲ့ လို့ အမိန့်ပေးလိုက်ပါတယ် ။ 

     နောက်ထပ် သူတို့နဲ့ အဆင်မပြေတဲ့ ပြန် / ဝန် လဲပေးပါ ဆိုလို့ လဲပေးခဲ့ပြန်ပါတယ် ။ ကဲ ရုပ်ရှင်လောကသားတွေ စိတ်တိုင်းကျလုပ်ကြပြီ ။ တော်လိုက်ကြတာ အကယ်ဒမီပေးတာကအစ အနီပဲ ပေးတယ်😁😁😁😁။

         နောက်ပြီး ရီစရာ ပြောအုံးမယ် ရုပ်ရှင်လောက နဲ့ အနုပညာလောကကို ဖျက်ဆီးနေတာ ခိုးကူးခွေတွေပဲ ။ ဖမ်းပါ အရေးယူပါ အော်နေကြတာလည်း ဒီလောကသားတွေပါပဲ ။ 

        အဲဒါကိုပဲ ညီညီထွန်းလွင်ကို အသင်းဥက္ကဌ ရွေးသတဲ့ ဗျာ ။ ဟုတ်ကဲ့ ညီညီထွန်းလွင်က နာမည်ကြီး ဒါရိုက်ပါပဲ ။ ဒါပေမယ့် စောက်ကျင့်မကောင်းဖူး ဗျ ။ သူ့ကို ယုံကြည်လို့ ထုတ်ဝေသူက ရိုက်ခိုင်းတဲ့ ရုပ်ရှင်ကားကြီးတွေကို သူကပဲ ခိုးကူးခွေ ထုတ်ပြီး ရောင်းစားခဲ့တယ်လေ ။ 
 
       ထုတ်ဝေသူနဲ့ ပြဿနာတက်ပြီး လူသူမသိ အလျှော်အစားနဲ့ ပဲဲပြီးသွားပေမယ့် သူ့ကိုတော့ ခိုးကူးဒါရိုက်တာဆိုပြီး ထုတ်ဝေသူတွေ လန့်သွားကြတာ အဲဒီလောက သိပါတယ် ။ ဒါကိုပဲ သူ့ကို ရုပ်ရှင်အစည်းအရုံး ဥက္ကဌတဲ့ လေ ၊ အဲဒါပဲ ကြည့်ပေတော့ ဖက်ခွက်စားလောကရဲ့ အသိဥာဏ် မှတ်တိုင်အနေအထားကိုပေါ့ ။

          ဦးသိန်းစိန်ဟာ သူ့ဝန်ကြီးတွေကို ယုံကြည်စွာ တာဝန်လွှဲပေးခဲ့ပြီး ရဲတင်းစွာ လုပ်ဆောင်စေခဲ့ပါတယ် ။ ဒါပေမယ့် ပြည်သူ့ဘဏ္ဍာကိုတော့ အတတ်နိုင်ဆုံး ချွေတာစေခဲ့ပြန်တာလည်း တွေ့ရပါတယ် ။ 

     ဝန်ကြီးတွေကို ကားအကောင်းစားတွေ ပေးမစိးပါဘူး ။ ပြည်ပဧည့်သည်တွေ စီးဖို့ ဝယ်ထားတဲ့ ထောင်ချီနေသော မာစီးဒီးတွေကို အသစ်အတိုင်း ကောင်းစွာ ထိမ်းသိမ်းထားပါတယ် ။ ဝန်ကြီးတွေ ပြည်ပခရီးစဥ်အတွက် သတ်မှတ်ဒေါ်လာပဲ ခွင့်ပြုပါတယ် (ကျနော် အမှတ်မမှားရင် ဒေါ်လာ ဆယ်ဂဏန်း ပဲ ဗျ ရာဂဏန်းမကျော်ပါဘူး) ။ 

         ဘာပဲပြောပြော ဦးသိန်းစိန် ဘယ်လောက်ပဲ ထိမ်းချုပ်ပါစေ အောက်ခြေကတော့ လုပ်ချင်သလို လုပ်ကြတာပါပဲ ။ တရားရေးကဏ္ဍ ၊ ပြည်ထဲရေးလက်​အောက်ရှိ ထွေအုပ် ၊ ရဲ  တို့ကတော့ အချိုးမပြောင်းပဲ ပိုဆိုးလာကြပါတယ် ။ 

       ဦးသိန်းစိန်ဟာ ပျော့ပြောင်းသူ နုညံ့သူမှန်း သိသွား​ကြတဲ့ စားနေကြကြောင်ဖားတွေဟာ လာဘ်လာဘ အလွန်အကျွံ စားလာကြပါတယ် ။ ဘာပဲပြောပြော သူတို့မဟုတ်တာ လုပ်ရင်လည်း ဦးသိန်းစိန်အပေါ်မှာပဲ တာဝန်ရှိတာ အမှန်ပါပဲ ။ သူက သမ္မတကိုး ဗျ ။ 

          တကယ်တန်းကျတော့ လာဘ်စားမှုနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ ဆောင်ရွက်ချက်များဟာ လုံးဝ အားရစရာ မရှိခဲ့ ၊ မထိရောက်ခဲ့တာကလည်း ကြံ့ခိုင်ရေး ပါတီကို ပြည်သူတွေ မုန်းတီးစေခဲ့တာပါပဲ ။ 

     လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးကော်မရှင်ကိုယ်တိုင် လာဘ်စားတဲ့အထိ ဖြစ်နေပြီလို့ ပြည်သူတွေ ယုံကြည်ပြတယ် ။ သိသာထင်ရှားအောင် ဘာတခုမှ လုပ်မပြနိုင်အောင် ညံ့ဖျင်းစုတ်ပဲ့ ခဲ့တာကိုး ။

      ကျနော်တို့ အပြင်းအထန်ဝေဖန်ခဲ့ကြတာပေါ့ ။ ဦးသိန်းစိန်ဟာ လာဘ်ပေး လာဘ်ယူ ကိစ္စအပေါ် ကိုင်တွယ်ရာမှာ လက်ခုစုတ်ကို ဆပ်ပြာမပါ  ဘရက်ချ် မသုံးပဲ ရေလောင်းပြီး လျှော်ပြနေတာလေ ။ ဟန်ပြပဲ လုပ်ခဲ့တာပါ ငြင်းမရပါဘူး ။ ဒါဟာ ဦးသိန်းစိန်ရဲ့ ညံ့ဖျင်းမှုပါပဲ ။ 

       ကြံ့ခိုင်ရေးပါတီဟာ NLD ရဲ့ တိုက်ခိုက်မှု ၊ မီဒီယာ ပေါင်းစုံရဲ့ ဖိအား ၊ လာဘ်ပေး လာဘ်ယူ ပြဿနာအပေါ် မှေးထား ပေါင်းစားနေတဲ့ အတွက် ပြည်သူတွေအကြား နာမည်ပျက်ခဲ့ကြရပြီ အကြီးမားဆုံးသော အဟန့်အတားကလည်း ပေါ်လာပါတယ် ။ 

      အဲဒီ အဟန့်အတားကတော့ အပြောင်းအလဲမှာ တပ်ချုပ်ကြီးလည်း မဖြစ် ၊ သမ္မတလည်း မဖြစ်ပဲ လွှတ်တော်ဥက္ကဌ ပဲ ဖြစ်ခဲ့ရလို့ မကျေမနပ် ဖြစ်ပြီး အတွင်းကြိတ်ကြံစည်နေတဲ့ သူရဦးရွှေမန်းရဲ့ လွှတ်တော်အတွင်းက တိုက်ခိုက်မှုပဲ ဖြစ်ပါတယ် ။ 

       တပ်မတော်အပေါ် နဲ့ မိခင်ပါတီအပေါ် သစ္စာဖောက်ပြီး နောက်ကျော ဒါးနဲ့ ထိုးသွားတဲ့ သူရရွှေမန်းရဲ့ မကျေနပ်ချက်က ဘာကြောင့် ဖြစ်လာရတာလည်း ၊ သူသည် ကြံ့ခိုင်ရေးကို ဘာတွေ ဒုက္ခပေးခဲ့သလဲ ဆိုတော့..........

             မျိုးဝင်း