Wednesday, June 9, 2021

ရုပ်ရှင်လောက စစ်အစိုးရ နှစ်၂၀.ကျော်..လောင်းရိပ်နဲ့ NLD၅.နှစ်..လောင်းရိပ်...

စစ်အစိုးရနှစ်ပေါင်း၂၀..အုပ်ချုပ်စဉ်က..ရုပ်ရှင်လောကဟာ
စစ်အစိုးရရဲ့လောင်းရိပ်အောက်မှာပဲရှိခဲ့လို့
အစစအရာရာနိမ့်ကြခဲ့တယ်လို့ပြောကြတယ်..လွပ်လပ်ခွင့်မရှိဘူးပေါ့ဗျာ...ဒါပေမယ့်..အနုပညာသမားအချင်းချင်း
သွေးမကွဲဘူး...၂၀၁၀မှာဒီမိုကရေစီကူးပြောင်းလာတယ်
၂၀၁၂/၁၃...လောက်မှာ..ရုပ်ရှင်အစည်းရုံး..ရုပ်ရှင်သမားတွေရဲ့လက်ထဲ..ပြန်ပေးလိုက်တယ်.ဒါပေမယ့်..ယခင်
စစ်အစိုးရ.အာဏာရှင်တွေလက်ထက်က..အရိပ်အငွေ့တွေကျန်နေဆဲပဲလို့ဆိုကြပြန်တာပဲ..၂၀၁၅..အလွန်..NLD
ဒိမိုကရေစီအစိုးရစစ်စစ်လက်ထက်ရောက်လာတယ်
သူတို့လိုချင်တဲ့. ရုပ်ရှင်လောက..ပိုလွပ်လပ်ခွင့်ရသွားတာလား..ယခင်စစ်အစိုးရလက်ထက်ကအရိပ်ငွေ့တွေပဲ
ကင်းပျောက်သွားလို့လားတော့မသိဘူး..
NLD. ကိုပဲထောက်ခံရမယ်..ဆိုတဲ့.လောင်းရိပ်ကြီးစတင်
ကြရောက်လာပြီး..NLD. .ကိုနဲနဲလေးတောင်ထိခိုက်လို့မရတော့ဘူး...ယုန်လေး
MTV. .ပြသနာတက်ကာ...
ရုပ်ရှင်အစည်းရုံး..ဥက္ကဌ..ကိုယ်တိုင်
စစ်ခွေး..ဆိုတဲ့စကားလုံးတပ်ပြီးဆဲလာတဲ့အထိဖြစ်လာတော့တာပဲ...မဲမသမာမှုတွေကနေ..အာဏာထိမ်း..နစက..
ဖြစ်လာတယ်...နစက..လက်ထက်  ရုပ်ရှင်အစည်းရုံး
ဥက္ကဌ..ခန့်စည်သူကိုတာဝန်ပေးတယ်...
မကြေနပ်လို့..ကန့်ကွက်တယ်.ဆန္ဒပြတယ်ဆိုပြီး
နုတ်ထွက်တဲ့သူတွေနုတ်ထွက်ကုန်တယ်..ခြိမ်းခြောက်ခံရမှုတွေလဲရှိလာတယ်လို့လဲသဲ့သဲ့ကြားရကာ..အစည်းရုံး
ဥက္ကဌ..အဖြစ်တာဝန်ပေးခြင်းအားပြန်ရုပ်သိမ်းပေးဖို့ဆိုလာတယ်...NLD. .ကိုထောက်ခံအားပေးသူ.အမာခံကြီးတွေဖြစ်တဲ့..ဦးဇင်ဝိုင်း..ကိုလူမင်း..ဦးညီညီထွန်းလွင်..သူတို့
အစည်းရုံးဥက္ကဌ..လက်ထက်တုန်းက..
NLD. .ကိုမထောက်ခံတဲ့..ဘယ်အနုပညာရှင်မှ...
ကန့်ကွက်တယ်..ဆန္ဒပြတယ်ဆိုတဲ့..အနေထားဖြင့်
နုတ်ထွက်ပါတယ်ဆိုပြီး..ဘယ်သူမှမပြောဘူး..
အဲ့တော့  ဆိုလိုချင်တာက...စစ်အစိုးရနှစ်ပေါင်း၂၀..
ကျော်..လောင်းရိပ်အောက်..ရုပ်ရှင်လောကအပိုင်းပိုင်မကွဲခဲ့ဘူး.NLD.  ၅..နှစ်လဲကရော..အပိုင်းပိုင်းကွဲကုန်တော့
စစ်အစိုးရနှစ်၂၀.ကျော်..လောင်းရိပ်နဲ့
NLD.  ၅.နှစ်..လောင်းရိပ်...ဘယ်လောင်းရိပ်ကပိုပြင်းထန်နေသလဲဆိုတာ...စဉ်းစားကြည့်ပေါ့ဗျာ....

           မုဆိုးသာဒင်