Wednesday, June 9, 2021

တိုက်ပွဲသတင်းတွေ ကြားရတာကောင်းပါတယ်။

အပေါင်း တွေကြည့်ပါပဲ။

တပ်မ ၈၈ ဝင်မွှေ နေတဲ့
မြန်မာပြည်မြောက်ပိုင်းက
KIAက လည်း အပစ်ရပ်ပေးပါ
ဆိုပြီးတောင်းဆိုလာတယ်။

တပ်မ ၆၆ ဝင်မွှေ နေတဲ့
ကယားပြည်နယ်က KNPPကလည်း
PDF ကိစ္စ သူတို့နဲ့မဆိုင်ဘူး
လိုအပ်ရင် ပိတ်စို့ပေးမယ် ဆိုပြီး
ညှိနှိုင်းလာတယ်။

ကြားထဲမှာ လွတ်နေတာ KNU ပဲ
NCA ထိုးထားပြီး တောခို လူငယ်
တွေကို လက်ခံ ထားတယ်။

ကောင်မ လေးတွေက တော့
ထားထက်ထက် တောင် ငိုရတယ်
ဆိုတော့ တွေးကြည့်ပါ။

ဖောက်ခွဲရေးသမားအများစု နဲ့
အုပ်ကြီးတွေကို အကြမ်းဖက်တဲ့
ကိစ္စ မှာ KNU မှာ အဓိက တာဝန်
ရှိတယ် ဒီလူငယ် တွေဟာ နိုင်ငံရေး
အခံ မရှိတဲ့ အတွက် မှိုင်းသွင်းခံရ
ပြီး နိုင်ငံရေး ဆိုတာထက် အကြမ်းဖက် အသွင်ကို ဆောင်လာ
တာ ဖြစ်တယ်။

သူပုန်ထတယ် ဆိုတာ ထချင်တိုင်း
ထလို့ရတာ မဟုတ်ဘူး။ ထွက် ပေါက်
ဆိုတာ ရှိရတယ်။ ပထဝီနိုင်ငံရေးကို
သိရတယ်။

knu knpp kia အားလုံးဟာ
Borders line တွေ ပေါ်မှာ လှုပ်ရှား
ရတာ ဖြစ်တယ်။

နယ်နိမိတ်ချင်းစပ်ဆက်နေသော နိုင်ငံ
တွေရဲ့ နိုင်ငံရေး ပေါ်လစီ အပေါ်မှာ
တည်မှီ ပြီး စစ်ရေးလှုပ်ရှားကြတာ
ဖြစ်တယ်။

သဘာဝတရား နဲ့ ပထဝီအနေအထား
အရ သူတို့ရဲ့ ဒေသ တွေ ဟာလည်း
အိမ်နီးချင်းနိုင်ငံတစ်ခုနဲ့ နယ်နိမိတ်ချင်း
ထိစပ် နေတဲ့ အတွက် ဒါကို သူတို့က
ကောင်းကောင်း အသုံးချတာပါ။

နိုင်ငံရေးနားမလည်သူများ၊
 မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးကို မသိသောလူ အချို့က မြန်မာ့တပ်မတော်က
သူပုန် ကိုမွေးထားတယ် နိုင်ငံရေးအရ
အသုံးချတယ် ဒီလို အမြင်မျိုး ရှိကြ
တယ်။

ဒါက တကယ်တမ်း စစ်မတိုက်ဖူးလို့
လည်းပါမယ် ၊ မိမိနိုင်ငံရဲ့ ပကတိ ပထဝီ နိုင်ငံရေးကို မသိတာလည်းပါတယ်။

ဥပမာ ပြောပြမယ်

kiaရဲ့ လိုက်ဇာမြို့ ဆိုရင် မြန်မာဘက်
ခြမ်းမှာ တစ်ဝက် တရုတ်ဘက်ခြမ်းမှာ
တစ်ဝက် ဖြစ်တယ်။

ကြိုက်သလောက်တိုက် တံတားကို
ကျော်တာနဲ့ တရုတ်ပြည် ရောက်တာပါ။

knu ဆိုလည်း အခြေအနေမကောင်း
ရင် ဝါး၂ပြန်လောက်ရှိတဲ့  သောင်းရင်းမြစ်ကို ဖြတ်လိုက်တာနဲ့ ထိုင်းနိုင်ငံ
ကို ရောက်ပါတယ်။

knpp ဆိုလည်း ဒီအတိုင်းပါပဲ ။
တစ်ဖက်ကိုကူးတာနဲ့ မဲစဲနမ် ကိုတမ်း
ရောက်တယ်။

ဒါတွေက ပထဝီ အနေအထားအရ
ကန့်သတ်ချက်များ ဖြစ်ပါတယ်။

သိရိလက်ာ တမီးသူပုန် တွေ ဘာ
ကြောင့် ချုပ်ငြိမ်းသလည်း ဆိုရင်
ကျွန်းနိုင်ငံဖြစ်ပြီး ပင်လယ်ထွက်ပေါက်
တစ်ခုသာ ရှိလို့ဖြစ်ပါတယ်။

မြန်မာ့တပ်မ တော် အနေဖြင့်
သောင်းကျန်းသူကို တိုက်လို့ရတယ်
အခိုင်အမာစခန်းတွေ မြန်မာ့မြေ ပေါ်
မှာ မရှိအောင် တိုက်လို့ရတယ်။

သို့သော် သူပုန်အားလုံးကုန်အောင်
အမြစ်ပြတ်အောင် လုပ်ဖို့ ဆိုတာတော့
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဘာကြောင့်လည်း ဆိုရင် အထက်မှာ
ဖော်ပြထားတဲ့  မိမိနိုင်ငံရဲ့ ပထဝီအနေ
အထားကြောင့် ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့
သည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှ အပ
အခြားမရှိ စစ်ရေးနည်းသက်သက်ဖြင့်
မရဘူး လို့ ပြောရတာဖြစ်တယ်။

ယခု ပြည်တွင်းထဲမှာ pdf သူပုန်ထ
တယ် ဆိုတာက သာမန်ရာဇဝတ်မှု
အဆင့်မျှသာ ဖြစ်ပြီး တကယ်တမ်း
လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ဖို့ဆိုရင်
ကုန်းတွင်းပိတ်နေလို့ မရဘူး။

ရေခံမြေခံလိုအပ်သလို နောက်ခံ နိုင်ငံ
များ နယ်နိမိတ်ထိစပ်နိုင်ငံများ ၏ 
Borders လိုင်းပေါ်မှာ အ ခြေချ နေ
ထိုင်သော တိုင်းရင်းသားတွေ ရဲ့ အခွင့်
အရေးမျိုး လိုအပ်တယ်။

ဒါက နားနဲနဲ ရှုတ်သွားမယ်ထင်တယ်။

ဆက်ရှင်းပြပါမယ်။

ဥပမာ knu ဆိုပါစို့ ကရင်တိုင်းရင်း
သားများသည် မြန်မာပြည်ထဲမှာလည်း
ရှိသလို ထိုင်း မှာလည်း ရှိကြတယ်။

kia ကချင်ဆိုလည်း ဒီအတိုင်းပဲ
ကချင်တိုင်းရင်းသားများသည် မြန်မာ
ပြည်မှာ နေထိုင်သလို တရုတ်ပြည်မှာ
လည်း နေထိုင်ကြတယ်။

သူတို့မှာ မွေးရာပါ borders line 
ပေါ်မှာ ခွ ပြီးနေထိုင်သော နှစ်ဖက်
နှစ်နိုင်ငံ တိုင်းရင်းသားအခွင့် အရေး
တွေ ရှိတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် မြန်မာပြည်မှာ သူပုန်
ဘာကြောင့် ရှိနေသလဲ၊ ပြည်တွင်းစစ်
ဘာကြောင့် တိုက်နေရသလဲ၊
အင်အားတောင့်တင်းသောတပ်မတော်
ရှိရဲ့နဲ့ သူပုန်တွေ ဘာကြောင့် မကုန်
သလဲ ဆိုတဲ့ အချက်တွေကို ပထဝီနိုင်ငံ
ရေးနဲ့ borders line ကန်သတ်ချက်များ နှင့် borders line ပေါ်မှာ
နေထိုင်သော လူမျိုးစု အခွင့်အရေး ကြောင့် ဆိုတာ ခင်ဗျားတို့ နားလည်
သွားပါလိမ့်မယ်။

ယခု nld nug ကနေ လူငယ်တွေ
ကို သိမ်းသွင်းပြီး pdf လက်နက်ကိုင်
လမ်းစဥ် ကို လျှောက်လှမ်းခိုင်းလာတာ
တွေ့ရတယ်။

တစ်ချိန် တစ်ခါက တရုတ်ကွန်မြူနစ်ပါတီ ရဲ့ ပါတီ ခြင်းဆက်ဆံရေးကြောင့်
ဗမာ သူပုန်တွေ တရုတ်နယ်စပ်မှာ
အားကောင်းခဲ့ဖူးတယ်။

တရုတ် အစိုးရ က ကျောထောက်နောက်ခံ အပြည့်အဝ
ပေးထားတာတောင် ဗမာပြည်ကွန်မြူနစ်ပါတီဟာတပ်မတော် ရဲ့
ချေးမှုန်းခြင်းကို ခံခဲ့ရပါတယ်။

pdf ကို လက်နက်ကိုင်တွေက 
လေ့ကျင့်ပေးတယ် လက်ခံပေးတယ်
ဆိုတာက ပြည်တွင်းမှာ ဗုံးခွဲဖို့
လုပ်ကြံဖို့ ရာဇဝတ်မှုကျူးလွန်အကြမ်း
ဖက်ဖို့ ဆိုတဲ့ အဆင့် အတွက်သာ
ဖြစ်တယ်။

တိုင်းရင်းသားနယ်မြေမှာ ဗကပ လို
ဗမာသူပုန် အဖွဲ့တစ်ဖွဲ့အင်အားတောင်း
တင်လာမှာကို ဘယ်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ကမှ လက်မခံပါဘူး။

လက်ခံထားအုံး သီးခြားဗမာသူပုန်အဖွဲ့
မဟုတ်ပဲ သူတို့လက်အောက်ခံ အဆင့်
ပဲ ဖြစ်လိမ့်မယ်။

ဘာကြောင့်လည်း အထက်မှာ ဖော်ပြ
ထားသော အချက်အလတ် ပထဝီ အနေအထားနှင့် တိုင်းရင်းသားလို 
အခွင့်အရေးမျိုး ဗမာတွေမှာ မရှိလို့ပဲ
ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့
ABSDF ပင်လျှင် နှစ်ပေါင်း၃၀ ကျော်
ပေမဲ့ ယနေ့ အထိ လှုပ်ရှားနယ် မြေ
အတည်တကျ မရှိတာကို တွေ့ရ
ပါလိမ့်မယ်။

ဒါ့ကြောင့် လူငယ်တွေ ကို သွေးပူပြီး
မမိုက်မဲ စေချင်ဘူး ဒုက္ခမကြုံစေချင်ဘူး၊ မိမိ လူမျိုးစု အကြောင်း မိမိသိ
စေချင်တယ်။ မိမိနိုင်ငံရဲ့ ပထဝီ ဆိုရာ
အချက်အလတ် တွေကို လေ့လာပြီးမှ
မှန်လားမှားလား လုပ်သင့်လားမလုပ်
သင့်လားဆိုတာ ဆုံးဖြတ်စေချင်ပါတယ်။

နိုင်ငံရေးသမား အာဏာလက်လွှတ်ရ
လို့  မှိုင်းသွင်းတာကို မခံရ စေဖို့ လို
ပါတယ်။

တကယ်တမ်း က ဒီပြသနာ ဟာ
လူထု နဲ့ မဆိုင်ပါဘူး။  လူထုက NLD
ကိုမဲ ပေးထားတယ်။

လူထု ပေတဲ့ မဲ ကို အရည်အချင်းရှိရှိ
မစီမံ မခန့်ခွဲတတ်ပဲ လောဘ ဇောတတ်
ပြီး မသမာမှု တွေ လုပ်ရာက
နိုင်ငံရေးသမား အသုံးမကျ လို့ ဒီလို
ဖြစ်လာရတာပါ။

ဒီလို သူတို့ အသုံးမကျလို့ ဖြစ်လာ
သော ပြသနာ ထဲကို လူငယ် တွေကို
ဆွဲသွင်း လမ်းမှား ရောက်အောင်တွန်း
ပို့တာက တော့ နိမ့်ကျ လွန်းပါတယ်။

ဘယ်သူမှန်တယ် ဘယ်သူမှားတယ်
သိပ်မ ပြောလိုပါဘူး။

သို့သော် မိမိနိုင်ငံအကြောင်း မိမိနိုင်ငံ
မှာ နေထိုင်သော တိုင်းရင်းသားလူမျိုစု
တွေ အ ကြောင်း နယ်နမိတ်ချင်းထိစပ်
နေသော နိုင်ငံများနှင့် အထဝီနိုင်ငံရေး
ကို လေ့လာဖတ်ရှု့ ကြပါလို့ပဲ စေတနာ
ထားအကြံပြု လိုက်ပါတယ် ခင်ဗျာ။

#Crd kyaw swar