Friday, September 3, 2021

#UpdateNews NUG money ထုတ်ဝေတော့မည်😂😂😂


လက်ရှိမြန်မာနိုင်ငံတွင် ထုတ်ဝေနေသော ငွေစက္ကူများသည် စစ်ကောင်စီလက်အောက်ခံ ဝါဇီစက်ရုံများမှ ထုတ်လုပ်လျက်ရှိသဖြင့် စစ်ကောင်စီအား တော်လှန်သည့်အနေဖြင့် NUG အစိုးရမှ နိုင်ငံတကာ အဆင့်မီ တန်ဖိုးမြင့် ငွေကြေးတစ်ရပ် ထုတ်ဝေသွားရန် စီစဉ်လျက်ရှိပါသည်။

လက်ရှိငွေစက္ကူများတွင် ကြံ့ခိုင်ရေးတံဆိပ်အမှတ်အသားဖြစ်သော ခြင်္သေ့ရုပ်များ၊ စစ်အာဏာရှင်ဟောင်းဦးသန်းရွှေ၏ အမှတ်အသားဖြစ်သော ဆင်ဖြူရုပ်များဖြစ်နေခြင်း၊ တန်ဖိုးအမြင့်ဆုံး တစ်သောင်းကျပ်တန်မှာ အစိမ်းရောင် လွှမ်းမိုးနေခြင်းတို့ကြောင့်  ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည့် ခွပ်ဒေါင်းတံဆိပ်နှင့် ပြည်သူ့မိခင်အမေစုပုံပါ အနီရောင်လွမ်းမိုးသော ငွေစက္ကူများအား NUG အစိုးရ၏ အစီအစဉ်ဖြင့် လက်ရှိတွင် ပြည်ပအခြေစိုက်အစိုးရရုံးတွင်ရိုက်နှိပ်ထုတ်လုပ်ရန် စီစဉ်နေပါသည်။

ထုတ်လုပ်မည့်ငွေစက္ကူတွင် အတုအပ လုံးဝမလုပ်နိုင်စေရေး အဆင့်မြင့်နည်းပညာများအသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်ပြီး Micro Printing, Metallic Ink, Magnetic Ink, Embossing Technology များ ပါဝင်မည်ဖြစ်ပါသည်။ ငွေစက္ကူလုံခြုံရေးကြိုးပြားအား အနီရောင် တောက်ပသော ကြိုးအလယ်တွင် နွေဦးတော်လှန်ရေး စာသား ပါဝင်မည်ဖြစ်၍ ရေစာ(Water Mark) နေရာတွင် လက်သုံးချောင်းသင်္ကေတနှင့် CDM အမှတ်အသားအား ဂုဏ်ပြုထည့်သွင်းသွားမည်ဖြစ်ပါသည်။ ထို့အပြင် အဆင့်မြင့်နည်းပညာသုံး၍ ကမ္ဘာမကြေဘူး သီချင်းအား ကြိုးပြားတွင် လျှပ်စစ်သံလိုက်ဓာတ်ဖြင့် ထည့်သွင်းသွားမည်ဖြစ်သည်။

ငွေစက္ကူ ထုတ်လုပ်ရေးကော်မတီအား ဒေါက်တာဇော်ဝေစိုး က ဥက္ကဌအဖြစ်တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ငွေစက္ကူထုတ်လုပ်ရန် နိုင်ငံတကာအဆင့်မီ ကာလာပရင့်တာအသစ်ကြီး ၁၀၀ လုံးနှင့် စက္ကူချပ်ရေ ၁ သန်း၊ ငွေစက္ကူထုတ်လုပ်ရန် အမေရိကန်နည်းပညာစနစ်ပါဝင်ပြီးကွန်ပျူတာ ၁၀၀ လုံး ရရှိပြီးဖြစ်ကြောင်း သိရသည်။

ငွေစက္ကူအမည်အား နွေဦးငွေဟုသုံးစွဲသွားမည်ဖြစ်ပြီး နွေဦးငွေ ၁၀၀ ကျပ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာနှင့်ညီကြောင်း၊ CDM ပြုလုပ်သော ပြည်သူ့ဝန်ထမ်းကောင်းများနှင့် PDF တပ်ဖွဲ့ဝင်များ၏ လစာငွေနှင့် နွေဦးထီဆုကြေးများအတွက် စက်တင်ဘာ ၃၀ ရက်နေ့တွင် စတင် ထုတ်ပေးမည်ဖြစ်ပြီး NUG အားထောက်ခံအားပေးသော ဆိုင်များတွင် အသုံးပြုနိုင်မည့်အပြင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဆီယံဆယ်နိုင်ငံမပါ အခြားနိုင်ငံများတွင်လည်း မြန်မာဒေါ်လာအနေဖြင့် လဲလှယ်အသုံးပြုနိုင်မည်ဖြစ်သည်။

#နွေဦးသတင်းစဉ်
Credit 😂😂😂😂😂


Related Posts:

  • ဖရဲသီး (၇) မျိုး 🍉(၁) မေမေပြန်လာမှလုပ်မယ် ငတ်ရင်ငတ်ပလေ့စေ CDMလုပ်နေတဲ့ (ခေါင်းမာ ဖရဲသီး)(၂) ခိုင်းတာတော့လုပ်မယ် ပေးတဲ့လစာလဲယူမယ် ဘယ်အစိုးရမှမဆန့်ကျင်ဘူး ဒါမဲ့ မေမေမှ မေမေပဲ (ရေလိုက်ငါးလိုက် ဖရဲသီး)(၃) ခိုင်းတာလဲမလုပ်ချင်လုပ်ချင် လုပ်မယ် ပေးတဲ့… Read More
  • Facebook 6 နာရီကြာ ပျက်သွားလို့Mark Zuckerberg (ခ) မိဇူ/ တရုတ်မလင်ဟာUS Dollar 7 Billion(ဘီလီယံ) ဆုံးရှူံးသွားရပါတယ်။တစ်မိနစ်ကို ပျမ်းမျှ သန်း ၂၀လောက် ဆုံးရှုံးတာဖြစ်ပါတယ်။7 Billion ဆိုတာ သန်း ၇၀၀၀ ဖြစ်ပါတယ်။Facebook Instagram WhatsApp သုံးခုလုံး နာရီအတော်က… Read More
  • 🌼ကိုယ့်အလိုမကျရင် ဘုရားကိုတောင် ဆဲသေးတာပဲ။🌼သူခိုးက ည လင်းအားကြီးလို့ လ ကို ဆဲ။နေ့ အလုပ်လုပ်သူက နေ ပူလွန်းလို့ နေကို ဆဲ။🌼သူ့ဘာသာ နေတဲ့ လတို့ နေတို့ မြေကြီးတို့တောင် အဆဲခံရသေးတာပဲ။🌼ဘာမဟုတ်တဲ့ သူတွေက ဘယ်လောက်ဆဲဆဲ နေလို လလို မြေကြီးလို ဘာမှ မတုန့်ပြန်ဘဲ နေလိုက်ကြပါ။🌼… Read More
  • ~~~ပေါ်ခြင်ရာပေါ် ဖော်ပီ~    မန်း တက္ကသိုလ်  က cdm   လုပ်ကြတဲ့  ပါခ  တေ  သရုပ်ပြ   တေ  ကျူတာ  တေ  ကို  ဆွဲစိလိုက်ပီးရင်  ဘဏ်အကောင့်ကိုစစ်လိုက်ဒီရက်ပိုင်း  အတွင်းမှာ   ၀ယ်ထားတဲ့ရွှေ  နဲ့  ဒေါ်လာ   စာ ရင်းကိုစစ်လိုက်     သေချာတယ်အဲဒီငွေရဲ့  အရင်းအမြစ် … Read More
  • ခင်ဦးမြိုနယ်၌ အစစ်ဆေးမခံဘဲ ထွက်ပြေးသည့် အကြမ်းဖက်သမား ၃ ဦးသေဆုံးပြီး လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းအချို သိမ်းဆည်းရမိMHT News (Oct- 4)စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြိုနယ်၊ ပျဉ်ထောင်ကျေးရွာအနီးတွင် အောက်တိုဘာ ၃ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်က လုံခြုံရေးတပ်ဖွဲဝင်များမှ ကင်းပုန်းဝပ်ဆောင်ရွက်နေစဉ် ကင်းပစ်ကျေးရွာဘက်မှ ရောက်ရှိလာသော အကြမ်းဖက်အုပ်စု P… Read More