Friday, September 3, 2021

ရာဇဝတ်သားအတွက်"ဓါး" ပြည်သူ့အတွက်" အား" အဲဒါ တပ်မတော်သား..


အကြမ်းဖက်စစ်ကောင်စီ..
အကြမ်းဖက်စစ်ကောင်စီ..
အဲဒါမင်းတို့ပေးတဲ့အမည်

မငြင်းဘူးသူငယ်ချင်း
ဖက် သင့်တဲ့နေရာအကြမ်းဖက်ရမှာမို့မင်းတို့ပေးတဲ့အမည် မင်းတို့အတွက်တော့မမှားပါဘူး...

တပ်မတော်ဟာ ရာဇဝတ်သားအတွက် အကြမ်းဖက်ရမဲ့ဓား ဖြစ်သလို..

ရိုးသားတဲ့ပြည်သူအတွက် " အား" ဆိုတာတော့မင်းတို့သိထား

မြိူ့ပေါ်ကျေးရွာလုံခြူံ ရေးဆောင်ရွက်ကင်းလှည့်နေလို့တစ်ပူပူ တစ်ဆူဆူ တစ်ညူညူနဲ့အလိုမကျနေသူတွေဟာရာဇဝတ်သားတွေသာဖြစ်သလို..

ရိုးသားတဲ့ပြည်သူများအတွက်တော့နေဝင်မိုးချူပ် ညကြီးအချိန်မတော် တပ်မတော်နဲ့ရဲ ကင်းလှည့်နေသမျှ လုံခြူံ အားထားရာတစ်ခုဖြစ်နေကြလို့..

မင်းတို့အကြမ်းဖက်ရန်မှကင်းဝေးရတဲ့အတွက်
တပ်မတော်ကိုထာဝရကြိူဆိုနေတာရိုးသားသော
ပြည်သူများပါဘဲ...

တစ်နေ့ညကပါ..

ငပုတောမှာ တပ်နဲ့ရဲလှည့်ကင်းများဟာ အကြမ်းဖက်ခွေးသူခိုးများ မခိုအောင်းနေနိုင်ဘို့ ဧည့်စာရင်းစစ်ဆေးလုံခြူံရေးဆောင်ရွက်နေတဲ့အချိန်..

အချိန်မတော်ညကြီးမိုးချူပ်မှာရွာသစ်ရွာကမနွယ်နွယ်အေး ဟာမီးဖွားဘို့.ထမ်းစင်နဲ့ ဆေးရုံကိုခက်ခဲစွာသွားနေတာကိုတွေ့လိုက်ကြရတဲ့အခါ...

သူတို့ဟာ အနီလား PDFလား ဘာမှခွဲခြမ်းစိတ်ဖြာမနေဘဲပြည်သူညီအစ်ကိုမောင်နှမ ဆိုတဲ့ စိတ်တစ်ခုနဲ့
ဆေးရုံထိရောက်အောင် တပ်မတော်ကကိုယ်ဖိရင်ဖိ
ကူညီဆောင်ရွက်ပေးခဲ့ပါတယ်...

ရှင်းတယ် သူငယ်ချင်း..

တပ်မတော်ဟာ
အကြမ်းဖက်ရာဇဝတ်သားအတွက်အပိုင်းပိုင်းပြတ်အောင် နှိမ်နင်းရမဲ့ " ဓါး " တစ်လက်ဖြစ်ပြီး..

ရိုးသားတဲ့ပြည်သူများအတွက်တော့ မှီခိုရာ"အား "တစ်ဖက် ဆိုတာ မင်းတို့ သိထားပါ..

မင်းတို့ပေးတဲ့ "အကြမ်းဖက် စစ်ကောင်စီ" အမည်ဟာ
မင်းတို့အကြမ်းဖက်သမားတွေအတွက်တော့
အသင့်တော်အမှန်ကန်ဆုံး နာမည်တစ်လုံးဘဲ
လို့ပြောလိုက်ပါရစေ..

အကြမ်းဖက်အတွက် "ဓါး"
ပြည်သူ့အတွက် " အား "

အဲ့ဒါ တပ်မတော်သား ဘဲ သူငယ်ချင်း

.

Credit