Thursday, September 9, 2021

အရှေ့တောင်အာရှရဲ့ Westpoint(သို့)မြန်မာပြည်စစ်တက္ကသိုလ် ရဲ့ စနစ်တကျပျက်စီးလာမှုကို အပြုသဘောဆောင် ဝေဖန်အကြံပြုခြင်း


ဖရဲသီး(သို့)စစ်ပြေး၊ သစ္စာဖောက်လောက်ကောင်၊ တပ်ပုန်ကန်တဲ့သူတွေ ထဲက ဗိုလ်မှူး အဆင့် တော်တော်များများဟာ စစ်တက္ကသိုလ် ဗိုလ်သင်တန်း ၄၇ နဲ့ ၄၈ ကပဲ ရှိတယ်လို့ ကြားတယ်..အဲ ၄၈ ကတော့ အဆိုးဆုံးလို့ သိရပါတယ်..

စာရေးသူနဲ့ သိကျွမ်းတဲ့ စစ်တပ်ထဲက
ဗိုလ်လောင်းသင်တန်း အပတ်စဉ်  ၄၄ နဲ့ ၄၃ လောက်က တပ်ရင်းမှူးတွေကို မေးမြန်းကြည့်တာတော့ စစ်တက္ကသိုလ် မှာ ၄၇ လောက်ကစပြီး ၄၉ လောက်အထိ စစ်သားစိတ်မရှိတာများတယ်  ပြောတယ်....
စစ်သားစိတ်ဆိုတာထက် စီမံခန့်ခွဲမှုနဲ့ တွေးခေါ်နိုင်မှု စွမ်းရည် တော်တော်ညံ့ဖျင်းတယ်လို့သိရပါတယ်..
အားလုံး တော့ မဆိုလိုပါ..အများစုဖြစ်ပါသည်..
ယခု ဆိုလျင် ဒုတပ်ရင်းမှူးအဆင့်ဖြစ်လာသော အပတ်စဉ် ၄၇ များသည် အဆင်ပြေနေသေးသော်လည်း ၄၈ များလက်ထက်တွင် တပ်များ တော်တော်ဒုက္ခများနိုင်သည်ဟု သုံးသပ်ပြပါသည်..

၅၀လောက်က ပြန်ပြီး အပတ်စဉ် ၅၀၊ ၅၁၊ ၅၂ လောက်အထိ စစ်သားစိတ်ပြန်သွင်းပေးထားနိုင်ပြီး ၅၃ နောက်ပိုင်း အမိန့်နာခံမှု ညံ့ဖျင်းလာတယ်လို့ သိရပါတယ်..
အပတ်စဉ် ၅၄ နောက်ပိုင်း ဆိုလျင်
စစ်တက္ကသိုလ်မှာ စတင်လေ့ကျင့်စဉ်ကပင် 
တော်တော်ညံ့ဖျင်းလာတယ်လို့ သိရပါတယ်..
နှစ်တွေကို ထပ်တိုးပြီး အထက်အောက်အမိန့်နာခံမှုကို စနစ်တကျဖျက်ဆီးနေတယ်လို့ ကြားသိရပါတယ်...
တကယ်လက်တွေ့ နယ်ပယ်ဝင်ရောက်လာတော့ အထက် စီနီယာကျ သူ စစ်သားတွေ ရဲ့ စကားကို လုံးဝ နာခံမှု မရှိတဲ့ အပြင် ပြန်လှန်တဲ့အထိတောင် ဖြစ်ပေါ်နေကြောင်းကြားသိရပါတယ်..
မူဝါဒတွေ ချမှတ်နေတဲ့ လူကြီးတွေ ကလည်း လတ်တလော သူတို့ လက်ထက်မှာ အဆင်ပြေနေရင်ပြီးရော ဆိုပြီး လုပ်ကိုင်နေတာလို့ သိရပါတယ်..
နောင် သူတို့ မရှိရင် နောက်လူ အဆင်ပြေအောင် ဆက်လုပ်လိမ့်မယ်ဆိုတဲ့ အတွေး နဲ့ တစ်ခါစားမူဝါဒတွေ ကျင့်သုံးနေတယ်လို့ သိရပါတယ်....

အပတ်စဉ် ၅၃၊ ၅၄၊ ၅၅ မှာ ဗိုလ်လောင်းတစ်ချို့ဟာ KIA၊ KNU နဲ့ UWSA ရဲ့ ထိန်းကျောင်းမှုနဲ့ တက်ရောက်ခဲ့တယ်လို့တောင် သတင်းတွေ ရရှိပါတယ်..
အဲဒီ ဗိုလ်လောင်းတွေကို သူပုန်တပ်တွေဟာ ဘာတာဝန်ပေးထားသလဲဆိုလျင်...စစ်တပ်တစ်ခုရဲ့ အမိန့်နာခံမှု နဲ့ အထက်အောက်လေးစားမှုကို အရာရှိ မဖြစ်ခင်ကတည်းက ဖျက်စီးထားဖို့ တာဝန်ပေးခဲ့ကြောင်း သိရပါတယ်...
မြန်မာစစ်တပ်ကို အဓိက အုပ်ချုပ်သူတွေဆိုတာ စစ်တက္ကသိုလ်ကနေ မွေးထုတ်တာကို သိနေတာ့...
ဟိုးအရင် ဗကပလက်ထက်ကလို စစ်တက္ကသိုလ် က စစ်နည်းဗျူဟာတွေကို  ခိုးယူချင်လို့ သူလျှိုလုပ်ခိုင်းတာမျိုးမဟုတ်ဘဲ..အန္တရာယ်လည်းကင်း...အထိရောက်ဆုံးလည်ဖြစ်တဲ့ စနစ်ကို ဖျက်ဆီးဖို့ ထည့်ပေးတာမျိုးဖြစ်ခဲ့တယ်လို့ သိရပါတယ်..

အဲဒီလို သဘောတရားရေးရာကိုသပ်လျှိုဖို့ ထည့်ထားတဲ့ ဗိုလ်လောင်းတွေဟာ စီနီယာတန်းက ဗိုလ်လောင်းတွေက အုပ်ချုပ်မှုယူပြီး ဆုံးမတာတွေ..ထိန်းကျောင်းတာတွေ လုပ်တဲ့ အခါ..တာဝန်ရှိတဲ့အရာရှိများကို စီနီယာက မတရားလုပ်နေကြောင်း ပိုပိုသာသာ တိုင်ကြားစေပြီး နောင် စီနီယာက ဂျူနီယာတန်းက ဗိုလ်လောင်းကို  အနိုင်ကျင့်နေတယ်လို့ လူကြီးတွေရဲ့ စိတ်ထဲမှာ ထင်မြင်ထိတ်လန့်လာအောင် လုပ်စေပါတယ်...
လိုအပ်လျင် အတွင်းက သတင်းကို အပြင်ပို့ပြီး facebook ပေါ်ကနေ စစ်တက္ကသိုလ် မှာ စီနီယာက အနိုင်ကျင့်နေပါတယ်... လူ့အခွင့်အရေးတွေ ချိုးဖောက်နေပါတယ်ဆိုပြီး... ဝါဒဖြန့်ကြပါတယ်...အတွင်းကလည်း သူလျှိုဗိုလ်လောင်းတွေက လုပ်နေသလို အပြင်ကလည်း မီဒီယာအကူအညီနဲ့ ညှပ်လုပ်နေတာ တွေ့ရမှာဖြစ်ပါတယ်.. 
အဲဒီအခါ ကျောင်းထဲကတာဝန်ရှိသူတွေဟာ ကြောက်လန့်ပြီး မလိုလားအပ်တဲ့ စည်းကမ်းထုတ်တာတွေ...
 စီနီယာတွေ ဂျူနီယာနဲ့ မထိတွေ့ရ ဆိုတာမျိုးအထိတောင် ကြောက်လန့်ပြီး. ထုတ်လာတယ်လို့ သိရပါတယ်...
ဒါဟာ ဗိုလ်လောင်းတက်နေစဉ်မှာ အကြီးက အငယ်ကို လုံးဝ ဆုံးမထိန်းကျောင်းမှုလုပ်လို့မရအောင် စနစ်ကို ရိုက်ချိုးဖို့ အခြေခံကို စကိုင်တွယ်ခြင်းဖြစ်ပါတယ်..
လူငယ်တွေ ရဲ့သဘာဝအရ သာယာမှုကို လိုလားတဲ့ အခြားဗိုလ်လောင်းတွေဟာလည်း ဒါကို အတုယူပြီး အထက်အောက် လေးစားကြောက်ရွံ့မှုဆိုတာကို ဖောက်ဖျက်လာကြပါတော့တယ်..
ထိုမှတစ်ဆင့် ၎င်းတို့ အရာရှိဖြစ်လာသောအခါ...တကယ့်လက်တွေ့နယ်ပယ် စစ်တပ်ထဲမှာ အထက်အောက်အမိန့်နာခံမှုဆိုတာ ပျက်စီးကုန်ပါတော့တယ်...ဒါဟာ လူတွေကိုသေစေနိုင်တဲ့ လက်နက်ကိုင်ထားရတဲ့ စစ်တပ်တစ်ခုရဲ့ အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ အမိန့်နာခံမှု နဲ့ လေးစားမှု ဆိုတာကို စနစ်တကျ အခြေခံကနေ ဝင်ရောက် ဖျက်ဆီးတာ ဖြစ်ပါတယ်..

အခုဆိုလျင် ရှေ့တန်းမှာ အပတ်စဉ် ၅၃ နောက်ပိုင်း အရာရှိတော်တော်များများဟာ တော်ရုံ စီနီယာမပြောနှင့် တပ်ရင်းမှူးတွေကို တောင် ပြန်ဆဲနေတာမျိုးရှိနေကြောင်း...
စစ်စည်းကမ်းအရ ဆိုတာကလည်း လတ်တလော လိုအပ်ချက်တွေအရ အဆင်မပြေသဖြင့် အဆင်ပြေသလို လုပ်နေရကြောင်း...
ဒါကိုလူကြီးတွေ မသိကြောင်း..
တပ်ရင်းမှူးတွေကလည်း လတ်တလော အဆင်ပြေအောင်သာ ချော့ခိုင်းနေရကြောင်း သိရပြီး 
ဒီကိစ္စက ရေရှည်မှာ စစ်တပ်တစ်ခုလုံးအတွက် ပြသနာရှိလာနိုင်ကြောင်း သုံးသပ်ပြပါတယ်..

မိတ်ဆွေ စစ်တပ် တပ်ရင်းမှူးတစ်ချို့ အကြုံပြုတာက
စစ်တက္ကသိုလ် အပတ်စဉ် ၅၃ နောက်ပိုင်း ကို အရေးကြီးတာဝန်ပေးတဲ့အခါ သေချာစစ်ဆေးမှုတွေ လုပ်စေချင်ကြောင်း..
၎င်းတို့မှာလည်း  တပ်ရင်းမှူအဆင့်သာဖြစ်ပြီး ချပေးသည့် လူကိုသာ ရသည့်အတွက် အဆင်ပြေအောင် ကိုင်တွယ်နေရကြောင်း...
၎င်းတို့အနေဖြင့် ဆုံးဖြတ်နိုင်သူ ၊ တာဝန်ရှိသူအဆင့်ရောက်ရှိလာလျင် ယင်းအပတ်စဉ်နောက်ပိုင်းက အရာရှိများကို စနစ်တကျ ပြန်လည်လေ့ကျင့်ပေးပြီး လုံခြုံရေးစစ်ဆေးခြင်းတွေ 
ြ်ပန်လည်လုပ်ဆောင်လိုကြောင်း...
စစ်တက္ကသိုလ်မှာ လည်း အမိန့်နာခံမှုနဲ့အထက်အောက်လေးစားမှုကို စနစ်တကျပြန်လည်လေ့ကျင့်ပေးပြီး ပြန်တည်ဆောက်သင့်နေကြောင်း သုံးသပ်ပြပါတယ်..

စာရေးသူကတော့ ဗိုလ်လောင်းအကြောင်းတွေ ဘာတွေ သိပ်မသုံးသပ်နိုင်ပါဘူး..ကိုယ်လည်း မကျွမ်းကျင်တဲ့ ဘာသာရပ်ဖြစ်လေတော့...
ဒါပေမယ့်.. တစ်ခုတော့... အကြံပြုလိုက်ချင်ပါသည်..
အထက်မှာ တင်ပြခဲ့သလို စစ်တပ်ဆိုတာလက်နက်ကိုင်ထားတဲ့ အတွက် အမိန့်ကို တိကျစွာ လိုက်နာရပါမည်..... စစ်တပ်မှာ ဥပဒေ နဲ့မလျော်ညီသော အမိန့်ဆိုလျင် ဘယ်လို လုပ်ရမည်ဆိုတာ ပြဌာန်းထားသည်ဟု သိရပါသည်..သို့ပေမယ့်... အောက်က အထက်ကို ပြန်လှန်တာမျိုးတော့ မဖြစ်စေချင်ပါ...
အထက်ပါ အရာရှိများ သုံးသပ်ပြသလို စစ်တက္ကသိုလ်ဗိုလ်သင်တန်းမှာ စနစ်တကျ မစစ်ဆေးဘဲ လတ်တလောအဆင်ပြေရင်ပြီးရော ဆိုတာမျိုးတွေ လေ့ကျင့်ပေးနေပြီလား...
စာရေးသူတို့လေ့လာမိသလောက် စစ်တက္ကသိုလ်မှာ စစ်ပညာဆိုတာထက် သဘောတရားရေးရာနဲ့ အထက်အောက် အမိန့်နာခံမှုနဲ့အထက်အောက်လေးစားမှုကို အဓိက သင်ပေးတယ်လို့ သိရပေမယ့်...
နောက်ပိုင်း မူဝါဒရေးဆွဲသူတွေ ညံံ့ဖျင်လာလို့လား..
အုပ်ချုပ်မည့် အရာရှိများ ကိုယ်တိုင် စီနီယာက ဦးဆောင်တာကို ဂျူနီယာအရာရှိက မလိုက်လျင် တကယ့်လက်တွေ့နယ်ပယ် စစ်တပ်မှာ ရဲဘော်တွေကို ဘယ်ုလိ နမူနာပြမလဲ တွေးမိပါသည်..
သူပုန်က သူလျှိုတွေထည့်သွင်းပြီး စစ်တပ်ရဲ့ အခြေခံထောက်တိုင်တွေကို ဖျက်ဆီးနေပြီလား...
ဒါကို လေးလေးနက်နက်စဉ်းစားစေချင်သည်..
မြန်မာပြည်ထောက်လှမ်းရေးကိုလည်း အားငယ်မိသည်...စနစ်တကျ ..စစ်ဆေးစေချင်သည်
အချိန်မီ မပြင်ဆင်ဘူးဆိုလျင် နောင်အနာဂတ်တပ်မတော်အတွက် ရင်လေးမိပါတော့သည်...

မေတ္တရပ်ခံချက်‼‼‼
အထက်ပါအရေးအသားများသည်.တာဝနိရှိသူများက တွေ့မြင်ပြီး အချိန်မီ ထိန်းချုပ်နိုင်ရန် စေတနာသန့်သန့်ဖြင့် အကြံပြုတာဖြစ်ကြောင်း
ကတိပြုတင်ပြလိုက်ရပါသည်....
အပတ်စဉ် ၅၃၊ ၅၄၊ ၅၅ မှ အရာရှိများဟု ဆိုရာတွင် အားလုံးကို ဆိုလိုခြင်းမဟုတ်ဘဲ...တော်တော်များများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်.
ကျေးဇူးတင်ပါသည်..
#civilman 
#caretakergovernment 
#စစ်တက္ကသိုလ် 
#အရာရှိ