Saturday, September 11, 2021

✈️ 9-11 နှစ် (၂၀) ပြည့်


ကမ္ဘာကျော်ပြီး၊ အာဖဂန်နစ္စတန်ကို တိုက်ခိုက်ခဲ့တဲ့
9-11 ဟာ၊ ဒီနေ့မှာ နှစ်ပေါင်း (၂၀) တင်းတင်း
ပြည့်ခဲ့ပါပြီ၊ မှတ်မှတ်ရရ Bush (Jr) ဒုတိယ
သက်တမ်းအစမှာပါ၊

ပြည်ပရောက်နေတဲ့ ညီကဖုန်းဆက်တယ်
" WTO အတိုက်ခံရပြီ၊ ကိုကြီးတို့ဆီမှာ လိုင်းရရင်
ကြည့်လိုက်ဦးတဲ့"

First Wing ကို အတိုက်ခံရတဲ့ပုံ ပြန်ပြန်ပြပေးတယ်
စုတ်သပ်ပြီး အတော်သနားသွားတယ်၊ လူပေါင်း
ထောင်ချီသေကြမှာကိုး၊ မိနစ်ပိုင်းအတွင်း
Second Wing ကိုအတိုက်ခံရတော့....

" ဒီကောင်တွေ အင်ထုပြီ "

လို့ ပါးစပ်က ထအော်မိတယ်၊ ဇနီးသည်ရဲ့
" ရှင်ကလဲ... ဟိုမှာ ဒီလောက် ဘဝဂ်ညံနေတာ
   လျှောက်တွေးနေနိုင်သေးတယ် " ဆိုပြီး
မျက်စောင်း အထိုးခံလိုက်ရသေးတယ်၊

ပင်တဂွန်ပါအတိုက်ခံလိုက်ရတယ်၊
အိမ်ဖြူတော်က ကံကောင်းပြီး မြက်ခင်းပေါ်
လေယာဉ်ပျံပျက်ကျသွားလို့၊

အမေရိကန်ရဲ့ Defense system ဒိလောက်ညံ့မယ်
ထင်သလား၊ ဒါဆိုရင် ဘာဖြစ်လာနှိုင်မလဲ ?
မနေနိုင်တာနဲ့ ယုတ္တိမတန်မှုကို ဆောင်းပါးတွေအဖြစ်
ထုတ်ရေးလိုက်တယ်၊

(၂) နှစ်အကြာမှာ
ဘမောင်နဲ့အယူအဆတူတဲ့ ပြင်သစ်ကတယောက်
ရေးတာဖတ်လိုက်ရတယ်၊ ဘာဆက်ရေးဦးမလဲလို့
ဆက်စောင့်ကြည့်ပေမဲ့ မရေးတော့ဘူး
ကောင်းကောင်း ရသွားသလားပဲ 😅

အခုတော့လဲ
YouTube မှာ မ​မြင်ချင်မှအဆုံးပါ။
ရုပ်ရှင်တွေထဲကလို...
သူကြီးသားမုဒိန်းမှုကို "လူအ" ရွာသားလေး
မောင်မြနဲ့ အစားထိုးခံလိုက်ရသလိုပဲ၊

လွန်ခဲ့တဲ့ နှစ် (၂၀) က ရုရှားရော၊ တရုတ်ရောက
ဘာမှမဟုတ်သေးပဲ၊ အမေရိကန်က Solo လေ
လက်ညှိုးညွှန်ရာ ရွှေဖြစ်နေတဲ့ကာလ၊

အဲ့ဒီမှာပဲ Bush ရဲ့ Slogan တွေ ကမ္ဘာပြန့်တော့တာပဲ
" War on Terror "
" Shock and Awe "
" Axis of Evils " .... စသဖြင့်။

..............

9-11 နှစ် (၂၀) ပြည့်တဲ့နှစ်မှာပဲ
အာဖဂန်က အစိုးရပြန်ဖြစ်သွားပြီ
Bush လက်ထက်မှာ လက်သီးလက်မောင်းတန်းခဲ့ပေမဲ့
ဘိုင်ဒင်လက်ထက်မှာ အခုအထောင်းခံနေရပြီ၊

အော်....
မြင်တတ်ရင် " သံသရာ" ကြီးနဲ့
တပါတ်လည်တတ်တဲ့ " ဝဋ်" ဆိုတာကြီးက
အတိုင်းသားကြီးပါလား 😒

#BaMaung.







Related Posts:

  • ရင်နှစ်သည်းချာ , နိုင်ငံ့ရတနာ အပိုင်း ~ ၁ အခန်းဆက် ယခု ဒီအခန်းဆက်ဆောင်းပါးကိုရေးရတဲ့ရည်ရွယ်ချက်ကနိုင်ငံရေး ရာသီဥတု အခြေအနေ သာယာသွားတဲ့တချိန်မှာ* စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေရန် *မထုတ်မီစပ်ကူးမတ်ကူးကာလ၌လည်း  Face book. လူမှုကွန်ယက်အသုံးပြုနေသူများ ဖတ် ၊ မှတ် ၊ အသိ ၊ သတိ တခု… Read More
  • ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ အပိုင်း ၂ ~ အခန်းဆက်လူငယ်နှင့် ဘာသာ‌ရေးအသိအမြင်ကြွယ်ဝမှု ~အပိုင်း ၁ ~ အခန်းဆက်နှင့် အဆက်အစပ်မိအောင်ရေးထားပါတယ် - အပိုင်းလိုက် အပိုင်းလိုက် ဖတ်ရှုမှသာလျှင်သဘောပေါက်၍ ဆိုလိုရင်းကို ထိထိမိမိနားလည်ကြမှာဖြစ်ပါတယ်ဗျ ~ယနေ့ခေတ်ကာလ လူငယ် လူရွယ်တို့အနေနှင… Read More
  • ရဲရဲပြန်ကြည့် စမ်းပါ         မနက်က ကိုစိုးလာတော့ သူ့တူပါ ပါလာတယ် ။ လက်ဖက်ရည်သောက်ပြီတော့ ရေနွေးကြမ်းသောက်တာ ကြည့်ပြီးတာ နဲ့ ဒီကောက်လေး ဆေးသမားမှန်း ကျနော်သိလိုက်ပါပြီ ။      မသိသေးတဲ့ မိဘတွေအတွက် ဗဟုသ… Read More
  • " ရဲစခန်းတွေ ဘာကြောင့် ကျရှုံးရသလဲ "( ၁ ) စခန်းရှိ နယ်ထိန်းတွေ        ရဲလုပ်ငန်း မကျွမ်းကျင်ခြင်း။        ( သတင်းမစုဆောင်းဘဲ ငွေရှာနေခြင်း )( ၂ ) စခန်း ခံစစ် အားနည်းခြင်း။       (ဆက်သွယ်ရေးမြောင်း/ ပစ်… Read More
  • လေကြောင်း စိုးမိုးရေး      1954 မှာ တရုတ်ဖြူတွေက အမေရိကန်အားကိုးနဲ့ မြန်မာပြည်ကို ကျူးကျော်လာကြတယ် ။ သူတို့ရဲ့ မြေအောက် ကတုတ်ကျင်း ဘန်ကာတွေကို ဖြိုချဖို့ ဒုံးကျည်တပ်ဆင်နိုင်တဲ့ လေယာဥ်တွေ လိုအပ်နေပြီ ။       &nbs… Read More