ကိုစိုးလာတော့လည်း လက်ဖက်ရည်ဆိုင်သွား လေကန်ရတာပါ ပဲ ။
"ငမျိုးရေ ငါ သွားစရာ ရှိလို့ တခုပဲ မေးချင်တယ်ကွ ''
"မေးပါ ဗျာ ''
"အခု တာဝါတိုင်တွေ ဖျက်ဆီးနေတဲ့ ပြဿနာ မင်းဘာလို့ မရေးတာလဲ ကွ ''
"တာဝါ ပျက်စီးတော့ ဘယ်ပြည်သူ့စောက်ပူ ပါနေလို့လဲ ''
"ဟ မဟုတ်သေးဖူး လေကွာ ဆက်သွယ်ရေး ဆိုတာ......''
"နေစမ်းပါအုံး ဖုန်းသုံးရတဲ့ လိုင်းက Mytel ပဲ ရှိတာလား ဗျ ''
"အဲလိုလဲ မဟုတ်ဖူး လေ ကွာ ရေးတော့ ရေးသင့်တယ် ထင်လို့ပါကွာ ''
"ဒီမယ် ကိုစိုးရေ Mytel ဆိုတဲ့ ကုမ္ပဏီက တပ်မတော်ပိုင်တာ ဘယ်သူပိုင်တာ လာမပြောနဲ့ ဘေလ်ခိုးနေတာ မဖြေရှင်းဖူး ၊ ကိုယ်ရောင်းစားနေတဲ့ ငွေဖြည့်ကဒ် ခဲခြစ် အဆင့်နိမ်ပြီး ပျက်ဆီးနေတာ စောက်ရေးမလုပ်ပဲ စားသုံးသူနစ်နာနေတာ ဥပေက္ခာပြုထားတဲ့ ကုမ္ပဏီဗျာ သူမွဲတာ ကျုပ်နဲ့ ဘာဆိုင်လဲ ဗျ ''
"အေးပါ ကွာ မင်းကလည်း ဒေါသချည်းပဲ ကာကွယ်မယ့် နည်း စဥ်းစားမိသေးလား ''
"ငါးနှစ်ကလေးတောင် သိတယ် လွယ်လွယ်လေး ပဲ ''
"ဟေ ဘယ်လို လုပ်မလဲ ကွ ''
"ခြံစည်းရိုး ချဲ့ ကျွဲ နွား မဝင်အောင်လို့ ပြီးရင် မိုင်းတွေ ကွက်ပြည့်ချထား ဝင်ရဲ ဝင်ပေတော့ လူမိုက်ကို လူမိုက်နည်း မသုံးပဲ မေတ္တာရပ်ခံတာ နဲ့ လေ နဲ့ ခြိမ်းခြောက်ယုံကတော့ ဖင်လှန် ဆီဆွတ်ပေးထားလိုက် အဲဒါ သက်သာအုံးမယ် စောက်ရူးတွေ ''
"ဟိုက် ဟုတ်သားဟ မင်းနည်းနဲ့ဆို အဖျက်သမား PDF တွေ မသာ ဘယ်စျေးလဲ ဖြစ်ပြီ ကွ ကဲ ကဲ သွားကြစို့ ငါသိချင်တာ ရပြီ ''
ကိုရွှေမျိုးဝင်း
(အရင်တုန်းက ထမီခြုံ ပြဿနာ အခု ကျပ်မပြည့်ကြတာ ဘာပြဿနာလဲ မသိဘူး)