Saturday, September 11, 2021

ကျော်ဟိန်း ပြဿနာ


နမူနာ (၁)
----------

          သူဌေးတယောက်က အလုပ်သမားကို ငွေချေးထားတယ် ။ လစာထဲက အချိုးကျဖြတ်မယ်ပေါ့ ။ မိသားစုကများ ၊ ကျန်းမာရေး​တွေကချို့တဲ့ ကုန်စျေးနှုံးက ရုတ်ချည်း အဆမတန် ကြီးလာ ၊ မိသားစုထဲက ရှိတဲ့အခြားအလုပ်က ပြုတ်ကြနဲ့ မလောက်လွန်းလို့ ချေးငွေလေးကို လစာထဲက မဖြတ်ပါနဲ့ ဆရာရယ် ကျနော်သစ္စာရှိရှိ လုပ်ပေးပါ့မယ် နောက်မှ ဖြတ်ပါလို့ တောင်းပန်ရှာတယ် ။ 

        နှစ်ပေါင်းများစွာ သစ္စာရှိရှိ လုပ်လာတဲ့ အလုပ်သမား အပေါ် စာအုပ်ကြီးအတိုင်း ဆုံးဖြတ်ပြီး လစာထဲက အတင်းဖြတ်ယူတယ် ၊ သစ္စာမရှိပဲ သူ့ငွေ ခိုးသွားတဲ့ အလုပ်သမားကျတော့ ရစရာရှိတာ မတောင်းပဲ မျက်နှာချိုသွေး ဖင်ပေးပေါင်းနေပြန်တယ် ။

      လစာနည်းရတဲ့အထဲ အဖြတ်ခံရတော့ ကျန်းမာရေးမကောင်းသူလည်း ဆေးပြတ် အဟာရပြတ်သေရ ၊ ပညာတပိုင်းတစ နဲ့ ကျောင်းထွက် ပေတေလေလွင့်ရတဲ့ ကလေးတွေ ကြည့်ပြီး သစ္စာရှိ အလုပ်သမားလည်း အလုပ်ရှင်အပေါ် စိတ်နာပြီး ဒါးနဲ့ခုတ်သတ်လိုက်တယ် ။ 

နမူနာ (၂)
----------

       နအဖ ဦးသန်းရွှေလက်ထက်မှာ ဝန်ထမ်းတွေကို ဆယ်လစာ ထုတ်ချေးတယ် ။ အချိန်တခုရောက်တော့ ဦးသန်းရွှေက ငါတို့ ချေးပေးတဲ့ ငွေတွေကြောင့် ဝန်ထမ်းတွေ ဘယ်လိုနေသလဲ စီးပွားရေး အဆင်ပြေ တိုးတက်ကြသလား လို့ မေးတယ် ။ 

       နအဖခေတ် စီမံဘဏ္ဍာဝန်ကြီး အပါအဝင် အခြားဝန်ကြီးတွေက ဝန်ထမ်းတွေဟာ ဆယ်လစာ ချေးငွေတွေ နဲ့ ပြင်ပစီးပွားရေး လုပ်ငန်းလေးတွေ ရင်းနှီးလုပ်ကိုင်ကြတာ အလွန်အဆင်ပြေကြလို့ တပ်ချုပ်ကြီးကို ကျေးဇူးတင်နေကြောင်း မဟုတ်မမှန်ပဲ လိမ်ညာ တင်ပြကြပါတယ် ။

      ဒီတော့ ဦးသန်းရွှေက အေး ဒါဆိုလည်း ချေးငွေတွေ ပြန်ဆပ်ခိုင်းကြ ဆိုပြီး ပြောလိုက်တယ် ။

     အမှန်တကယ်က ဆယ်လစာ ချေးငွေရတာ နဲ့ အကြွေးဆပ်ကြ ၊ TV ဝယ်ကြ ၊ စက်ဘီးဝယ်ကြနဲ့ သုံးဖြုန်းပစ်လို့ ကုန်သွားကြတာလေ ။ တရာ တယောက် စီးပွားမလုပ်ကြပါဘူး ။ အဲဒါကို ဦးသန်းရွှေ သိအောင် အမှန်အတိုင်း ပြောပြလိုက်တော့ ချေးငွေပြန်ဆပ်ဖို့ ကိစ္စ ဆိုင်းငံ့ပေးထားတယ် ။ 

       အချိန်ကာလ ဘယ်လောက်ဆိုင်းငံ့ပေးသလဲ ဆိုရင် အချို့ဝန်ထမ်းတွေ ပင်စင်စားမှ ပြန်ဆပ်ရတော့တယ် ။ ပြန်ဆပ်ချိန်မှာ ငွေကြေးဖောင်းပွ နှုံးနဲ့ ယှဥ်ရင် မုန့်ဖိုးသာသာ ဖြစ်သွားလို့ မထောင်းသာတော့ပါ ဘူး ။ အခုထိ သိမှီတဲ့ လူလိုသိတတ်သော ဝန်ထမ်းများ ဦးသန်းရွှေကို ကျေးဇူးတင်ဆဲဖြစ်ပါတယ် ။ 

နမူနာ (၃)
----------

       NLD လက်ထက်မှာ ဝန်ထမ်းတွေကို ကိုဗစ်ကာလ အခက်အခဲ ပြေလည်စေရန် နှစ်လစာ ချေးငွေ ပေးခဲ့ပါတယ် ။ 

       တပ်မတော်အာဏာထိမ်းပါပြီ ။ ကိုဗစ်ပြဿနာ ပိုဆိုးလာပါတယ် ။ အလုပ်မဲ့တွေ အဆမတန် တိုးပွားလာပါတယ် ။ အာဏာသိမ်းပြီး ခုနစ်လ အထိ ပြည်သူတွေ လွတ်လပ်ကောင်းမွန်စွာ လုပ်ကိုင်စားသောက်လို့ မရသေးပါဘူး ။ 

       ဝန်ထမ်းများ လစာရနေသော်လည်း အတူနေမိသားစုဝင်များ၏ ပုံငွေသီးခြားဝင်ငွေများ အဆမတန် လျော့နည်းနေတာတချက် ၊ နစက လက်ထက်မှာ ညံ့ဖျင်းတဲ့ စီမံအုပ်ချုပ်မှုကြောင့် 100 % (နှစ်ဆ) တက်လာတဲ့ ကုန်စျေးနှုံး နဲ့ လစာလေး တခုတည်း နဲ့ မသေထမင်း မသေဟင်း အဝရေစာ စားနေရပါတယ် ။  

      ယခု အိမ်စောင့်အစိုးရရဲ့ စီမံဘဏ္ဍာ ဝန်ကြီးက အစိုးရ ချေးပေးခဲ့တဲ့ နှစ်လစာ ချေးငွေကို အောက်တိုဘာလက စပြီး ဖြတ်တောက်မယ်လို့ ကြေငြာပါတယ် ။

      ဒီကြေငြာ တွေ့လိုက်တော့ အထက်က ဖြစ်စဥ် နမူနာ နှစ်ခုကို ကျနော် ပြန်တွေးမိပါတယ် ။ နစက ရဲ့ ဒီကြေငြာချက်ဟာ အတော်လေး ကျက်သရေတုန်း ၊ အမြှော်အမြင် ကင်းမဲ့လွန်းတဲ့ ကြေငြာချက်လို့ ပြတ်ပြတ်ထင်ထင် ရှုမြင်မိပါတယ် ။ 

       CDM လုပ်ကြလို့ သစ္စာရှိ Non CDM တွေကို ချီးမြှင့်ပေးဖို့ ကိစ္စကြတော့ ဆင့်လီးခွေးမျှော် လုပ်ထားတယ် ၊ ကန့်သတ်ချက်တွေ စည်းကမ်းတွေနဲ့ မစို့မပို့ ပေးဖို့ တွန့်ဆုတ်နေတယ် ။ 

        ယခုကြေငြာချက်နဲ့ပတ်သက်ပြီး မေးချင်ပါသေးတယ် ။ အစိုးရနဲ့ ပြည်သူကို သစ္စာဖောက်ပြီး CDM လုပ်သွားတဲ့ ဝန်ထမ်းယုတ်တွေဆီက ချေးငွေတွေ အားလုံး ပြန်ရပြီလား သိချင်ပါတယ် ။ 

       နောက်တချက် ဒေါ်စုကြည်ချေးပေးတာ ဦးမင်းအောင်လှိုင်က လည်ပင်းညစ် တောင်းနေပြီဆိုတဲ့ လူပိန်း​ကြိုက် ဝါဒ ဖြန့်တာ ထပ်ခံချင်လို့လား.. ?
(မြန်မာပြည်က လူပိန်းတိုင်းပြည်ဆိုတာ မသိသေးဖူးလား)

        ခင်ဗျားတို့ နိုင်ငံအုပ်ချုပ်နေပြီး နိုင်ငံရေးကော ကစားတတ်ရဲ့လား... ?

      ပြည်သူတွေရဲ့ စိတ်ခံစားမှုကို နားရောလည်ပါရဲ့လား... ?

       အမိန့်တခုရဲ့ ရိုက်ခတ်လာမယ့် အကျိုးဆက်တွေ ရလာဒ်တွေကိုရော တွေးမိပါရဲ့လား.... ?

        ဝန်ကြီးဌာနတွေရဲ့ ဖရဲသီး အကြီးတန်း ညွှန်မှူး ညွှန်ချုပ်တွေရဲ့ လှည့်ကွက်တွေကို နားမလည်ပဲ ဝန်ကြီးလုပ်စားနေကြတာလား... ?

(ဝန်ကြီး မသိပဲ အမိန့်ထုတ်မရဘူး)

      ဝန်ကြီးကိုယ်တိုင် နစက ကို သစ္စာရှိ ဝန်ထမ်းတွေ (Non CDM) ရွံသွားအောင် လုပ်ပြနေတာလား..... ?

          အခြေအနေကတော့ ဘရုတပ်ရဲ့ ဒါးတွေ  ဦးမင်းအောင်လှိုင်ဆီ ဦးတည်နေပြီ ။ အေးလေ အ ရင်ခံပေါ့ ၊ ဒီလောက်မှ အ ရင်လည်း ကိုယ့်ထိုက် နဲ့ ကိုယ့်ကံပါပဲ......

        ပြောလို့သာ ပြောနေရတယ် ကိုယ့်စေတနာ ကို အရိပ်ရန်သူ အထင်ခံရတဲ့နေ့  ရောက်မလာဖို့ပဲ ဆုတောင်းနေရတဲ့ ဘဝ ပါ ။ 

      ကိုရွှေမျိုးဝင်း

(ဒီမိုး ဒီမင်း နဲ့  ဒီလို ပေါ်လစီ အစုတ်အပြတ်တွေ နဲ့  ရှေ့ခရီး ဆက်ရမယ့် သစ္စာရှိဝန်ထမ်းကောင်းတွေ အတွက် အကြံကောင်း.....)

ကွ