Wednesday, September 15, 2021

သမိုင်း ထဲက သမိုင်းမှန်


အောင်ဆန်း-အက်တလီစာချုပ်
( 27-1-1947)

1945-46 ရွှေဒဂ်ါး သန်း    ၈၀
1946-47 ရွှေဒဂ်ါး သန်း    ၇၅
----------------------------
          Total.                ၁၅၅
     အကြွေးလျှော်          -   ၁၅
-----------------------------
         ကြွေးကျန်             ၁၄၀

 လင်္ကျာ - ဖရီးမင်းစာချုပ်
(29-8-1947)
{မြန်မာ - ဗြိတိသျှ ကာကွယ်ရေးဆိုင်ရာ၊ တပ်မတော်ဆိုင်ရာ စာချုပ်}

ကြည်းတပ်      သန်း   ၂၀၀
ရေတပ်           သန်း     ၇၀
လေတပ်         သန်း   ၂၁.၆

 နု - အက်တလီ စာချုပ်
(17-10-1947)

ဗြိတိသျှအမှုထမ်းများအတွက် ပင်စင် 
တနှစ် ၁၅ သန်းနှုန်းဖြင့် 
နှစ် ၃၀ အတွက်  ၄၅၀ သန်း

 - ဒီတော့ စာချုပ်သုံးစောင် အတွက် အကြွေး

အောင်းဆန်း - အက်    ၁၄၀
လကျာ် - ဖရီးမင်း        ၂၉၁.၆
နု - အက်တလီ           ၄၅၀
------------------------------
   Total                  ၈၈၁.၆

    ဘာမှမလုပ်ရသေးဘူး အကြွေး ၈၈၁.၆ သန်း နဲ့ စခဲ့ရတဲ့ တိုင်းပြည် အာရှ အချမ်းသာဆုံးဆိုတာ ရီစရာပဲ ။ 

   ပြည်တွင်းစစ်ကြောင့် 1949 မှာ ဝန်ထမ်းလစာတွေ 15 % ကနေ 30 % အထိ လျှော့လို့ အခုခေါတ် CDM လို ဝန်ထမ်းသပိတ် ဖြစ်ခဲ့ရတယ် ။ 

  အပေါ်က စာချုပ်အကြွေးကို ၁၉၅၂ မှ နှစ်ပေါင်း နှစ်ဆယ်အကြာမှာ ပေးဆပ်ဖို့ သတ်မှတ်ခဲ့တယ် ။ ၁၉၇၂ မှာ ပြည့်သွားတယ် ။ 

 
ဒါပေမယ့် အိမ်စောင့်အစိုးရ ၂ နှစ် (1958-60) နဲ့  စစ်အစိုးရ ၁၂ နှစ် (1962-74) ပေါင်း ၁၄ နှစ်ကို လျော့ပေးလိုက်လို့  ၁၉၈၆ မှာ ပြန်ဆပ်ဖို့ ဖြစ်လာတယ် ။

  ဦးနေဝင်းက မဆပ်ချင်လို့ နည်းလမ်းရှာရာမှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (LDC ) ဖြစ်နေရင် အကြွေးဆပ်ဖို့ မလိုကြောင်း ထွက်ပေါက်သိ
သွားတယ် ။ 

ဒါကြောင့် LDC ဖြစ်အောင် လျှောက်လွှာတင်တယ် ။ စာတတ်မြှောက်နှုံး 90 % ကျော်နေလို့ မရတာ နဲ့ နောပ်ထပ် ကြိုးစားယူကြရတယ် ။ 

ဒီလိုနဲ့ အဆင်းရဲဆုံး နိုင်ငံ ဖြစ်သွားတယ်ဆိုပြီး နိုင်ငံရေး တိုက်ခိုက် ခံခဲ့ရတာ ဒီနေ့ အထိပဲ ။ 

   ၁၉၈၆ မှာ မြန်မာပြည်က ဖအေ တယောက် အလုပ် လုပ်နေရင် မိသားစု ငါး ယောက် အထက် ဇိမ်နဲ့ ထိုင်စားနိုင်ခဲ့ကြတယ် ။ ကျန်းမာရေး ပညာရေး ပူစရာမလိုဘူး ။ 

   
ခေတ်မှီ လူအသုံးအဆောင် ရှားပါးတာကလွဲရင် ဒီနေ့ခေတ်ထက် အဆများစွာ သာလွန်ကောင်းမွန်
တဲ့ အချိန်ဖြစ်တယ် ။

  အနှစ်ချုပ် ပြောရမယ်ဆိုရင် မြန်မာပြည်သည် 
လွတ်လပ်ရေးရပြီးနောက်  တရက် တမနက်စာမျှ အချမ်းသာဆုံး နိုင်ငံ မဖြစ်ဖူးပါဘူး ။ 

LDC နိုင်ငံဟု သတ်မှတ်သည်မှာ မတော်မတရား စာချုပ်ဖြင့် အနိုင်ကျင့်ခံရ၍ တင်ရှိနေသော ကြွေးမြှီ
အား ပေးဆပ်ခြင်း မပြုရန် နိုင်ငံရေးပရိယာယ် သုံးခဲ့ခြင်းသာ ဖြစ်၍ 

မဆလ ခေတ် တလျှောက်လုံး အမှန်တကယ် အဆင်းရဲဆုံး  နိုင်ငံ မဖြစ်ခဲ့ပါ ။ 

  နိုင်ငံရေးသမားများ ရဲ့ အထောက်အထားမဲ့ အပုပ်ချ တိုက်ကွက်များကြောင့်သာ လူငယ်များ အသိမှား အမှတ်မှားနေကြရကြောင်း ပြန်လည် တင်ပြလိုက်ရပါတယ် ။ 

      #ကိုရွှေမျိုးဝင်း

( ကိုယ့်ကိုကိုယ် အသိဆုံး အတော်ဆုံး ထင်နေတဲ့ Gen Lee တွေ အတွက်......)




Related Posts:

  • စိုးရိမ္စရာလား...... ?"အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရာတွင်မြန်မာနိုင်ငံအပေါ် နိုင်ငံရေးဦးတည်ချက်နှင့် ဖိအားပေးသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လိုသူများ၏ လုပ်ဆောင်မှုများကို ရှောင်ရှားနိုင်လိမ့်မည်ဟု မျှ… Read More
  • ကြိုးဆွဲရာ 🍁အာဆီယံအနေနဲ့ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စုကြည် တွေ့ခွင့်ရဖို့ အတော်ကိုစိတ်အားထက်သန်နေကြပါတယ်။ ဒေါ်စုကြည်နဲ့ တွေ့ခွင့်ရခြင်းကို ပြဿနာရဲ့ဆုံမှတ် (သို့မဟုတ်) ပဋိပက္ခအားလုံးရဲ့ အဖြေလိုမျိုး ပုံဖော်လာကြပြီး ဒါမှ ခွင့်ပြုချက်မရရင်ပဲ မ… Read More
  • ရွာထဲကိုခွေးရူးဝင်ရင်တစ်ရွာလုံးမောင်းထုတ်ကြ သလို pdfတွေကိုမောင်းထုတ်ကြ။ဘုရားဖူးမထွက်ရဘူး        တဲ့ကထိန်မခင်းရဘူး တဲ့မင်္ဂလာမဆောင်ရဘူး        တဲ့စာမသင်ရဘူး               တဲ့ဆေးမကုရဘူး               တဲ့စျေးမရောင်းရဘူး            တဲ့အလုပ်မဆင်းရဘူး           တဲ့ပျော်ပျော်ပါးပါး မနေရဘူး     တဲ့လက်နက… Read More
  • လူလိမ်ဟူသည်ကား....        သမ္မတပြုတ် ဦးဝင်းမြင့် ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတာတွေ ကြားသိကြမှာပါ ။ တကယ်တမ်းလေ့လာကြည့်ရင် NLD ခေါင်းကြီးပိုင်းတွေဟာ သီလ သမာဓိ ပညာ မပြောနဲ့ လူရိုသေလောက်တဲ့ ဥပတိရုပ်ရည်တွေက အစ ညံ့ဖျင်းလှပါတယ် ။        ရွှေ့… Read More
  • ☘️ အမေရိကန်တွေမိသွားတဲ့ အကြီးစား "ဂျင်း"CIA စင်တင်လိုက်တဲ့ဒေါ်စုဟာ မြန်မာအစိုးရဖြစ်ခဲ့တဲ့ဂျင်းလိုပဲ....တရုတ်နဲ့  တရုတ်မယောင်္ကျားတို့တင်လိုက်တဲ့ ဘိုင်ဒင်လဲ အမေရိကန်သမ္မတဖြစ်လာတယ်လို့ခပ်စောစောထဲက ပြောတော့သိပ်မယုံချင်ကြဘူး၊အခု...ဘိုင်ဒင်သား ငွေစာရင်းကိုFBI စစ်နေပြီ၊ … Read More