Wednesday, September 15, 2021

ပေါက်ကရ ကောလဟာလများ


၁ ။ တပ်ချုပ်ကြီးက တာဝါတိုင်တွေ မဖျက်ဆီး နဲ့ စစ်သားတွေ နဲ့ တိုက်ပါ ဆိုပြီး ပြောသတဲ့.......

(အဲ သလောက်များ အ နေရင် ဒေါ်စုကြည် လက်ထဲက အာဏာ ဘယ်လုရဲ မလဲ ၊ တပ်ချုပ်ကြီးက ပန်ကာအထက်က ဝက်အူ ၊ ဝက်အူအထက်က သဘော်ဆေး သဘောပေါက် ပါ ။ ဘယ်တော့မှ အဲဒီစကား မပြောဘူး လူလည်ကြီး သားပါဗျာ) 

၂ ။ သတင်းဦးတင်ရင် အရေးယူမယ် ဆိုတာ ......

(PDF နဲ့ ပတ်သက်တဲ့ တင်းတွေ တင်တဲ့နေရာမှာ ဘယ်သူတော့ ဖမ်းမိသွားပြီ ဆိုတာမျိုး MRTV နဲ့  MWD မှာ မကြေငြာသေးပဲ လိုင်းပေါ် မတင်ကြဖို့ သတိပေးတာ ကွင်းဆက်တရားခံတွေ ကြိုပြေးမှာစိုးလို့ ၊ နောက် စစ်ဆင်ရေးသတင်းတွေ ပေါက်ကြားနေလို့ ထိမ်းချုပ်တာ အခြားသတင်းဦးတွေကို ဆိုလိုတာ မဟုတ်ဖူး )

၃ ။ ရွာ တရွာ လူ သုံးဆယ် ပေးရမယ် တပ်သားသစ် စုဖို့ တဲ့.....

(တခြားလူ မပြောနဲ့ ကိုယ့်အမေတောင် ယုံတဲ့ထဲ ပါသေး ၊ ကောလဟာလ ပြောပါတယ် ။ တွေးကြည့်အုံး တပ်မတော်က တပ်သားတကယ်လိုရင် စစ်မှုမထမ်း မနေရ ဥပဒေ အသက်သွင်းရုံပဲ ၊ ဥပဒေက အတည်ပြု ပြဌာန်းပြီးသား ။ တပ်မတော်က ပြည်သူ့စစ်တောင် ဖွဲ့မပေးပဲ ရူးချင်ယောင်ဆောင်နေတာ အဲသလို ပေါက်ပန်းသေး တရွာ သုံးဆယ် ခေါ်နေအုံးမယ် တွေးကြည့်လေ)

၄ ။ NUG ထောက်ခံဖို့ လှုံ့ဆော်နေတာ သူတို့ နိုင်ပြီတဲ့.......

(NUG က ငိုချင်းချနေပြီ ခေတ်သစ် ၊ မဇ္ဇျိမ နဲ့ ဧရာဝတီ တို့ကတော့ အောင်ပွဲခံနေလေရဲ့ ။ FBI က သံအမတ်ပြုတ်ကို အမှုလိမ်ဖွင့်လို့ ပြဿနာရှာတယ် ၊ ရိုက်တာသတင်းဌာနက NUG ကို အကြမ်းဖက်လို့ ခေါ်ဆိုသမုတ်တယ် ။ ကိုချိုကြီးတို့ တပ်မတော်ထောက်ခံတဲ့ ပြည်သူ့လက်မှတ်ကောက်ယူပြတာ ငါးသန်း နီးပါး ရပြီလို့ ကြေငြာထားတယ် ၊ ဒါလည်း နီပေါတွေ နှာနုဖြတ်ရိုက်ခံရတဲ့ အကွက်ပဲ အင်မတန်များတဲ့ ပမာဏ ဖြစ်တယ် )

၅ ။ မနေ့က ဒေါ်စုကြည် ရုံးထုတ်မှာ ကားမူးလို့ ဆိုပြီး ထွက်ဆိုချက် အစစ်ဆေးမခံပဲ ခွင့်တိုင်တဲ့ ကိစ္စ..။

(နိုင်ငံတကာ သံတမန် နဲ့ လေ့လာသူတွေ တရားရုံးကို လာပြီး နားထောင်ကြဖို့ စီစဥ်ထားတယ် ။ ဒေါ်စုကြည်အပေါ် စွဲချက်တင်ထားတဲ့ အမှုကို ခုခံချေပရမယ့်နေ့လို့ ကြားပါတယ် ။ နိုင်ငံတကာ ပုဂ္ဂိုလ်တွေ ရှေ့မှာ လိမ်မရတဲ့ သက်သေတွေနဲ့ အပြန်အလှန် မေးမြန်းစစ်ဆေးမှာ သိသွားလို့ ကားမူးချင်ယောင်ဆောင်ပြီး ခွင့်တိုင်သွားတာပါ ၊ တနိုင်ငံလုံးပတ်ပြီး ကားစီးနေတုန်းက မမူးဖူး တရားရုံးသွားမှ မူးသတဲ့ တကယ့် အကြံအဖန် ဘွားတော်ပါ) 

       အဲဒါ သတင်းမှန်တွေပဲ ဖြစ်ပါတယ် ။ AYA ဘဏ်ကိစ္စကတော့ ဖမ်းမိပြီလို့ ကြားပါတယ် ၊ ဟုတ်မဟုတ် အဖြေမှန်ကတော့ မကြာမှီ သိလာရမှာပါ ။

      ကိုရွှေမျိုးဝင်း 

(တခါတရံ လောကကြီးက ကြားရတာတမျိုး ဖြစ်နေတာ တမျိုးဗျ)