(1) 7-9-2021 သေမသောက်ကျေးရွာ ကျား ၃၊မ ၁ အသတ်ခံရ။ (2)8-9-2021 ကမ်းပြည့်ကျေးရွာ ကျား၃ အသတ်ခံရ။ ၁ ဦးဒဏ်ရာရ။ (3) 9-9-2021 မအူကျေးရွာ။ ကျား ၆ ဖမ်းဆီးခံရ။(သေသည်ရှင်သည်မသိ) ၁ ဦးအသတ်ခံရ။ အိမ် ၁၀ လုံးမီးရိှု့ဖျက်ဆီးခံရ။ ယခုချိန်ထိမီးလောင်နေဆဲပါ။ ရွာသားတွေကမီးလည်းမသတ်ရဲဘူးဗျ။ မီးသတ်တဲ့သူဖမ်းခေါ်သွားတယ်တဲ့။ ဒါပဲလားမထင်နဲ့။ ကျေးရွာလမ်းတွေမှာ pdf တွေက ဂိတ်ဖွင့်ပြီးစစ်ဆေးနေကြောင်းပါခင်ဗျာ။ ကားတွေပေါ်ကလိုချင်တဲ့ပစ္စည်းတွေကိုလည်း ယူထားလိုက်သေးတယ်ဗျ။ ကဲ နစက တစက သက်ဆိုင်ရာစစ်တိုင်းမှူး ဘာဆက်လုပ်မလဲဗျ။ ရွာသူရွာသားတွေကတော့ ခံပြင်းအံကြိတ်တောက်ခေါက်နေကြောင်းပါခင်ဗျာ။ ဒီသတင်းတွေက ခင်ဗျားတို့ဆီတင်နေတဲ့ နစသ တွေမှာပါချင်လည်းပါမယ်။ ပါချင်မှလည်းပါမယ်။ မပါလည်းသိပြီလို့သဘောထားပေးပါ။ ခင်ဗျားတို့ကိုမျှော်လင့်နေတဲ့ရွာသူရွာသားတွေရဲ့မျှော်လင့်ချက်တွေကိုတော့ရိုက်မချိုးပါနဲ့ဗျာ။ စကားမစပ် မောင်းပြန်လက်နက်ကိုင်ထားတဲ့ pdf တွေကိုခုခံဖို့ ခင်ဗျားတို့ပေးမဲ့ တစ်လုံးထိုးလက်နက်တွေလည်းမရောက်သေးဘူးတဲ့ဗျာ။ ကဲ ခင်ဗျားတို့ဘာလုပ်မလဲဆိုတာ ကျွန်တော်တို့ရွာသားတွေအသက်ကိုဖက်နဲ့ထုတ်ပြီးစောင့်နေကြောင်းပါခင်ဗျာ။
#၀မ်းနည်းစွာဖြင့်
#Nay Win(My Face)
#myfacems