Saturday, September 11, 2021

နိုင်ငံရေးအကူးအပြောင်းဖြစ်ပြီး ၇ လကျော်အတွင်း

မြင်းခြံ က ဆရာတော်တစ်ပါး
အမရပူရကဆရာတော်တစ်ပါး
ချင်းပြည်နယ်က ဆရာတော်တစ်ပါး
ပုလဲုမြို့နယ်က  ဆရာတော်တစ်ပါး
စုစုပေါင်း လေးပါးဟာ  အစွန်းရောက်မိစ္ဆာဝါဒီတို့ရဲ့
ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ်ဆိုတဲ့
မသေချာ မရေရာတဲ့ စွပ်စွဲမှု နဲ့
သက်သေသာဓကထင်ရှားမပြနိုင်ဘဲ
အစွန်းရောက် NLDတို့ရဲ့ ဝါဒဖြန့်မှု ကြောင့်
ဝစီပိတ်ဆရာတော်ပုံကို ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်
ရန်ကုန်သူ ရန်ကုန်သားတွေကပဲ ထမီတန်းမှာ ချိတ်ဆွဲကာ
အသုံးပြု မိုက်ရိုင်းစော်ကားစွာ သာသနာတော် ညှိုးနွမ်းအောင်  ပြုလုပ်ခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာကို တန်ဖိုးထားလေးစားပါတယ်ဆိုတဲ့
တောင်တန်းဒေသနေ ရှမ်းပြည်နယ်တောင်ပိုင်းက
လိုဏ်ဂူတစ်ခုအတွင်းမှာ ရှိတဲ့ ဗုဒ္ဓမြတ်စွာရုပ်ပွား
ဆင်းတုတော်များကို ခေါင်းဖြတ်ကာ ဖျက်စီးပစ်ပြကြ
တာလည်း အစွန်းရောက်မိစ္ဆာတွေပါပဲ။

ကမ္ဘာ့အသိအမှတ်ပြု ယူနက်စကိုစာရင်းဝင်
ပုဂံရှေးဟောင်းယဉ်ကျေးမှု မြို့တော်ရှိ
ရှေးဟောင်းစေတီတော်တစ်ဆူကို အစွန်းရောက်
Gzအဖွဲ့က မီးပုလင်းနဲ့ပစ်ပေါက်ကာ မိုက်ရိုင်းစော်ကား
ပြပါတယ်။

ပုဂံရှေးဟောင်းစေတီတော် နောက်ထပ်တစ်ဆူကိုလည်း
ပုဂံအလှပျက်စေဖို့နိုင်ငံရေးကြွေးကြော်စာတမ်းပါ
စာရွက်များစွာကိုလည်း အကပ်ခံရပြန်ပါတယ်။

ဝဋ်ကြွေးတော်ပြေဆရာတော်ကို
ကိုယ်ထိလက်ရောက်စော်ကားခြင်း

ရန်ကုန်မြို့ကေသရာရာမကျောင်းတိုက်ကို
အစွန်းရောက်မိစ္ဆာဒိဋ္ဌိ NLDဝန်းရံသူ ၁၆၀လောက်က
တစ်ကျောင်းလုံးကို လူအင်အားနဲ့ဝိုင်းကာ
တွေ့သမျှအရာမှန်သမျှ ဖျက်စီးခြင်း ကားကိုဖျက်စီးခြင်း
ထိုင်ခုံများကို ရိုက်ချိုးခြင်း ဆရာတော်ကို ထုတ်ပေးခိုင်း
ခြင်းစတဲ့ အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြပြန်ပါ
တယ်။

မျိုးချစ်ရဟန်းတော်များသမဂ္ဂအဖွဲ့သီတင်းသုံးရာ
ဗဟန်းမြို့နယ်ထဲက ကျောင်းတစ်ကျောင်းကို
မိစ္ဆာများက ရရာလက်နက်စွဲကိုင်ပြီး ချေမှုန်းဖို့
တစ်နေကုန် ဝိုင်းဝန်းပစ်ခတ်ခံရပြန်ပါသေးတယ်။

မော်လမြိုင် မြစေတီရဲကျောင်းကို
မဟုတ်မတရားလုပ်ဇာတ်တွေနဲ့အပြစ်တင်
စော်ကားပုတ်ခတ်ခဲ့တာတွေ

မုံရွာမြို့ပဇ္ဇောတာရုံကျောင်းက စာချဆရာတော်
တစ်ပါးကို ဒလန်လို့စွပ်စွဲတာတွေ အစရှိတဲ့
စွဲချက်တွေ တင်တာလည်း မိစ္ဆာအစွန်းရောက်
NLDတွေပါပဲ။

သီတဂူဆရာတော် အင်းစိန်ရွာမဆရာတော်
ပါချုပ်ဆရာတော်  ဓမ္မဒူတအရှင်ဆေကိန္ဒ
ရန်ကုန်မဟောသဓာကျောင်းဆရာတော်
ဓမ္မဒုတအရှင်ပညာဝရ အစရှိတဲ့
သာသနာပြုဆရာတော်များရဲ့ပုံရိပ်ကိုချနင်းကာ
ဆဲဆိုခြင်း စွပ်စွဲခြင်း ပစ်မှားစော်ကားခြင်းတို့ကို
ပယ်ပယ်နယ်နယ်လွန်ကျူ းခဲ့တာလည်း
အစွန်းရောက်မိစ္ဆာပါတီရဲ့ လက်ပါးစေတွေပဲ
ဖြစ်ပါတယ်။

#kk



Related Posts:

  • 🍄 ဘယ်သူအဆင့် (၁) လဲ ?တဖွဲ့နဲ့တဖွဲ့တွက်ချက်ပုံမတူကြပါဘယ်လိုပဲဖြစ်ဖြစ်အမေရိကန်နဲ့တရုတ်တို့ နီးနီးကပ်ကပ်ပြိုင်ဖက်ဖြစ်လာကြတာကိုတော့ဘယ်သူကမှ ငြင်းချက်မထုတ်ကြဘူး၊GDP (ppp) အရတရုတ်က အမေရိကန်ကိုကျော်ဖြတ်ပြီးတဲ့အပေါ်မှာလဲ ငြင်းချက်မထုတ်ကြဘူးSize of econom… Read More
  • 🦠 သိမှတ်ဖွယ်ရာ( ခရက်ဒစ်- မူရင်း )ကိုဗစ်က အဆုတ်ကို အင်နဲ့အားနဲ့တိုက်ခိုက်ထားလို့အိမ်ပြန်ရောက်နေတယ်ဆိုပြီး မပေါ့ကြပါနဲ့နော်**၁၀ရက်ပြည်တာနဲ့ ပိုးမရှိတော့လို့ ပြန်လွှတ်တာ လုံး၀မဟုတ်ပါဘူးနော် နောက်ထပ်အပြင်ကိုမကူးနိုင်တော့လို့ ပြန်ခိုင်းတာပါ အပြ… Read More
  • ကျွန်မနဲ့ကိုဗစ် (အပိုင်း-၁) ( ကိုယ်တိုင်ရင်ဆိုင်ခဲ့ရသူဧ်။ ကိုယ်တွေ့ ) ကျွန်မ ဒီပိုစ့်ကို နေကောင်းကျန်းမာတော့မှ ရေးမယ်လို့ ဆုံးဖြတ်ထားတာပါ။ဒါပေမယ့် ဒီနေ့နဲ့ မနက်ဖြန် မတူတဲ့ ဘဝမှာ ရှင်သန်နေကြရတဲ့ သူတွေမို့ ကျွန်မ အမှားကြီးမှားခဲ့တဲ့ ကျန်းမာရေး အသိတွေကို အမြန်ဆုံး Sharing လုပ်ပေးချင်တာရယ်။ကျွန်မကိ… Read More
  • "#အကျပ်အတည်း..."ကမ္ဘာ့ငပွကြီး ယန်ကီးတွေတော့ မြန်မာ့အရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေတာ အခုတော့ အကျပ်အတည်းကြားထဲရောက်ပြီ...သူတို့ရဲ့နိုင်ငံခြားရေးဌာနကကိုယ် တိုင်ပါဝင် ပက်သက်ခဲ့ပြီး ဝရမ်းပြေးတပ် ခံထားရတဲ့ မြန်မာနိုင်ငံသာ… Read More
  • လုပ်စားဖို့မဟုတ်ဘူးအာဇာနည်နေ့ဆိုတာနှောင်းလူတွေ နိုင်ငံချစ်စိတ်ဓါတ်ရှိအောင်လေးစား၊ ဂုဏ်ယူတတ်အောင် ရည်ရွယ်တာ၊ဒါပေမဲ့ မြန်မာ့အာဇာနည်နေ့ဟာပြည်တွင်း / ပြည်ပ ဆန့်ကျင်လိုချင်သူတွေရဲ့နိုင်ငံရေး လုပ်စားကွက်ဖြစ်လာနေတယ်။#Ba Maung… Read More