Saturday, September 11, 2021

" ပြည်ချစ်သမီး "


အမေ - သမီး လေ ခုဆိုဟိုအရင်ကလို
ကနွဲ့ကလျနဲ့ အမေ့သမီး မဟုတ်တော့ဘူး
တိုင်းပြည် ချစ်စိတ်တွေ
ရင်မှာ ကိန်းအောင်းပြီး ကျားကျားလျားလျားနဲ့
စစ်သမီး ဖြစ်သွားပြီဆို 
အမေ_ယုံနိုင်ပါ့မလား ဟင်...။

ဖြူဖွေးလှပတဲ့ ပါးပြင် နုနုပေါ်မှာ
မိတ်ကပ် မခြယ်ပဲ နေပူကျဲကျဲ ရဲရဲလျှောက်လို့
စစ်ရေးပြတွေ လုပ်နေနိုင်ခဲ့ပါပြီ.....။

ပြီးတော့ လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်ပေါ်မှာလဲ
ရင်ဖုံး အင်ကျီတွေနဲ့ ထဘီတွေအစား
စစ်စိမ်းရောင်ကိုသာမြဲမြန်စွာခြုံလွမ်း
ဝတ်ဆင်နိုင်ခဲ့ပါပြီအမေ....

သွယ်လျလှပတဲ့ ခြေဖဝါး အစုံကိုလည်း
ကြည့်အုံးမလား...
ဒေါက်မြင့်ဖိနပ်အစားစစ်ဖိနပ်က
နေရာယူလိုက်ပါပြီ....။

အရိပ်အောက်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်
သက်သက်သာသာ လှပနေတဲ့ သမီး လေ...
ခုတော့နေလောင်ခံအသားတွေကြားကရဲချွေးတွေထွက်ကျတဲ့ထိ စစ်ပညာကို
အားကြိုးမာန်တက် သင်ကြား နိုင်ခဲ့ပါပြီ...။

သမီးရဲ့ ဝမ်းနည်းတတ်တဲ့ အားငယ်တတ်တဲ့စိတ်တွေနဲ့
ပျော့ညံ့တဲ့နှလှံးသားတွေလည်း ကြက်ပျောက် ငှက်ပျောက်
ပျောက်ကွယ်သွားပြီ...
နိုင်ငံအတွက် ရည်းမှန်းချက်မွန်မြတ်ပြည့်ဝတဲ့
သံမဏိ စိတ်ဓာတ်တွေနဲ့
ရင့်ကျက် ခိုင်မာနေပါပြီ...။

#crd
Admin 💚