♠ ဇာတ်လမ်းအစမှာ
ရွှေဘကသူခိုးမကို ဖမ်းတယ်...သူခိုးမသားသမီးတွေကကက်ကက်လန်ပြန်ရန်တွေ့ကြတယ်..ရွှေဘခံလိုက်ရတယ်....ရွှေဘသီးခံတယ်....။
သူခိုးမသားသမီးတွေက ပိုဆိုးလာတယ်..ရွှေဘကိုကလော်တုတ်ကြတယ်..
ရွှေဘခံလိုက်ရတယ်...ရွှေဘသီးခံတယ်.....။
ရွှေဘသူခိုးမသားကိုတစ်ချက်ခပ်ဖွဖွထိုးတယ်..သူခိုးမသားတွေကပြန်ထိုးတယ်..
ရွှေဘခံလိုက်ရတယ်...ရွှေဘသီးခံတယ်.....။
ရွှေဘနဲနဲကြမ်းမယ့်ပုံပြတယ်..သူခိုးမသားတွေကတုတ်နဲ့အရင်ပြေးဆော်တယ်.
ရွှေဘခံလိုက်ရတယ်..ရွှေဘသီးခံတယ်.....။
ဒီတစ်ခါတော့ရွှေဘတင်းသွားပြီးပုဆိုးထပြင်ဝတ်တယ်..သူခိုးမသားသမီးတွေကဗုံးနဲ့ထုတယ်..ရွှေဘခံလိုက်ရတယ်..ရွှေဘသီးခံတယ်....။
💔 ကြည့်နေရင်းနဲ့ နဲနဲတော့ တင်းလာပြီ...
ရွှေဘပြန်ချဘို့အစီအစဉ်ရှိပါတော့မလား?....စိတ်လဲသိပ်မရှည်တော့ဘူး...မကြည့်တော့ဘဲပြန်ရင်ကောင်းမလား?တွေးလိုက်တယ်....
ဘေးနားကရွှေဘကားတော်တော်များများကြည့်ဘူးတဲ့လူကြီးကတော့ပြောတယ်..
ရွှေဘဘောင်းဘီဝတ်နေပြီ...မြင်းဇောင်းဘက်ကိုတော့ထွက်သွားပြီတဲ့...
မြင်းကုန်းနှီးတွေဇက်ကြိုးတွေတော့ပြင်နေပြီဆိုဘဲ...
14ရက်နေ့မြို့ပေါ်ကပြန်လာရင်တော့ရွှေဘအသားကုန်ချပြီတဲ့.....
Credit