Monday, September 13, 2021

ဗျသန တရားငါးပါး


ဘုန်းကြီးရဟန်းသာ စော်ကား
ချင်တိုင်းစော်ကားကြတာ ဓမ္မ ဓမ္မ ဆိုတာပါးစပ်ဖျားကမချဘူးဗျ။ ဒီပွဲမှမနိုင်ရင် ဘုရားမရှိခိုးတော့ဘူးဆိုတဲ့သူလဲ တွေ့ပါရဲ့....

    အမှားကိုအမှန်ထင် အမှန်ကိုအမှားထင်၊ ကိုယ်လုပ်တာသာလျင် ဓမ္မ ထင် အဲဒါက #ဒိဌိဗျသန အယူပျက်စီးတယ်ပေါ့ဗျာ။

     အယူမှားတော့ စာရိတ္တယိုယွင်းလာတာက #သီလဗျသန ။

     သီလပျက်တဲ့သူတွေများလာတော့ အနာရောဂါနှိပ်စပ်တာက #ရောဂါဗျသန ။ (covid ကိုကြည့်) 

     တောထဲတောင်ထဲ မိဝေးဖဝေး ဆွေမျိုးမောင်နှမဝေးနေရ  တာက #ညာတိဗျသန ဗျ။

     အနေဆင်းရဲ အစားဆင်းရဲ ပစ္စည်းဥစ္စာ အသိမ်းဆဲခံရတာက #ဘောဂဗျသန ။

     သြကာသ ဘုးရားရှိခိုးထဲက ဗျသနတရားငါးပါးလုံး ဆိုက်နေတာတောင် ငါတို့ လုပ်ရပ်တွေက ဓမ္မ ပါလို့ အော်နေကြတုန်းဗျာ။

     ရှင်းပြလို့လဲမရ ဝိုင်းဆဲတော့တာကိုးဗျ...အတော်လေးဂွကျတယ်....

တစ်ကယ့် ဓမ္မ ဆိုရင် နိုင်ပါစေလို့ဆုတောင်းပေးလို့လဲ မရတော့ဘူး....ရှုံးမှာသေချာနေတာကိုးဗျ။

အဲ့တော့က....တစ်ကယ်ဓမ္မမြတ်နိုးရင် မသေပါစေနဲ့ ဦးလိုပဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

အဲမွန်ဒယာ
13.9.2021