ကျုပ်တို့လဲ
ခင်ဗျားတို့ချစ်သလို NLD ကိုချစ်ချင်တယ်..
ချစ်ဖို့ကြိုးစားတယ်.. ဒါပေမဲ့ ချစ်လို့မရဘူး...
ဘယ်ချစ်လို့ရမှာလဲ တစ်လွဲတွေ လုပ်လာတာ ၂၀၁၅အာဏာရကတည်းကဘဲ...
အခုလဲလွဲနေတုန်းဘဲ...
နောင်လဲလွဲအုံးမှာ...
အခုလိုဖြစ်လာတာဘယ်သူကြောင့်လဲ? အားလုံးသိကြပါတယ်..
စနစ်ကျမယ်ထင်လို့တင်လိုက်တာသူလည်းစနစ်မကျလို့ ဒီလိုဖြစ်လာတာ...
အောက်မှာဖရိုဖရဲဖြစ်နေတာ သူမသိဘဲ မနေဘူး.. လွှတ်ကိုထားတာ.. အဲဒါတာဝန်ယူမှုမရှိတာလို့ခေါ်တယ်...
အောက်ကလူတွေတင် လွဲတာလားမဟုတ်သေးဘူး...
သမ္မတကိုယ်တိုင်နေရာကနေမဖယ်ရသေးဘူး...ပါတီ တံဆိပ်ကြီးတိုက်ပုံမှာတပ်လို့ မဲဆွယ်နေပြီ...
ဖြစ်လာတဲ့အခါပါတီကြီးတစ်ခုကစွတ်စွဲချက်တွေကို အရေးယူဖြေရှင်းပေးကိုပေးရမယ်...
မှန်သည်ဖြစ်စေ... မှားသည်ဖြစ်စေ... ဘူးခံငြင်း နေရအောင် ကိုယ်ကိုတိုင်ကမမှန်လို့လား?မေးစရာရှိလာတယ်.
ကိုယ်တွေ့ပြောရရင်ကျုပ်ရဲ့အသိတစ်ယောက်ကသက်သေခံကတ်ပြားဘာတစ်ခုမှ မရှိဘဲNLDအကူအညီနဲ့
မဲပေးခွင့် ၂ကြိမ်တောင်ရခဲ့တယ်။ ဒါကတစ်ကယ်ဖြစ်ခဲ့တာ...
ကိုယ်က အနိုင်ရပါတီ.. လူထုထောက်ခံမှုအပြည့်ရထားတယ်.. ကြိုက်တဲ့အချိန်မဲပေးပွဲလုပ်လဲ နိုင်နေမှာ...
ဘာလို့ မသာမာမူတွေ ပေးလုပ်ခိုင်းထားတာလဲ?
အောက်ကလူတွေကိုထပ်ပြောရရင် ကချင်၊ ရခိုင် နဲ့ ရှမ်းဘက်ကနယ်တစ်ချို့ကို မဲပေးခွင့်ပိတ်တယ်..
စစ်မဖြစ်ဘဲငြိမ်းချမ်းနေတဲ့ နေရာတွေကိုပါ မရှိတဲ့ အကြောင်းပြချက်ပေးပြီး ပိတ်တယ်..ဒါတွေကမလုပ်သင့်တာတွေ...
အိန္ဒိယမှာ စစ်ဖြစ်နေတဲ့ နေရာတောင်လုံခြုံရေးအထပ်ထပ်နဲ့မဲပေးခိုင်းတယ်.
မမြင်ချင်ယောင်ဆောင်ပေးမဲ့ ပြည်သူတွေရှိလို့ သူလုပ်ရဲတယ်လို့ဘဲကျုပ် မြင်တယ်..
ခင်ဗျားတို့ကအောက်ကလူတွေလုပ်တာဒေါ်စုမသိဘူးလို့ပြောရင်ကျုပ်ပြောစရာတစ်ခုဘဲရှိတယ်...
တပည့်မကောင်း ဆရာခေါင်း...
နောက်လိုက်မကောင်းတာ ခေါင်းဆောင်ညံ့လို့ဘဲ...
ကျုပ်သိထားတဲ့ခေါင်းဆောင်ဆိုတာအကုန်သိနေရမယ်...
အောက်က အမှားဖြစ်ခဲ့ရင် နှမ်းစေ့လောက်မှာအမြစ်ဖြတ်ပြူပြင်နိုင်ရမယ်...
ကျုပ်တို့ကတော့ အောင့်မနမ်းနိုင်ဘူးဗျာ...
ထမီအောက်လဲမဝင်ဘူး..
အောင့်လဲ မနမ်းဘူး...
မှန်ရာ နဲ့ မြင်တာကို ပြောတယ်....
ချစ်ဘို့ဆိုတာတော့ ဝေးရော...
Credit