Monday, September 13, 2021

နောက်ဆုတ်မရသူများ


      ဘယ်လိုသာဓကို ကြည့်ကြည့် သမိုင်းဆိုတာ နိုင်တဲ့ဘက်က ဖိရေးတာထုံးစံ။ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေရှုံးပြီး တိုကျို၊ဘာလင်၊ရောမ ဝန်ရိုးတန်း သုံးနိုင်ငံသာနိုင်ကြည့်ပါလား...အခု ခင်များတို့
ကျွန်တော်တို့ ဖတ်နေရတဲ့ကမ္ဘာ့သမိုင်းဟာ တစ်မျိုးဖြစ်နေမှာပါ။ နိုင်တဲ့ကောင်ဟာ ဇတ်လိုက်....ရှုံးတဲ့သူက သမိုင်းတရားခံပဲ ( ဂဠုံဦးစောကိုကြည့်) ။
  
     ယခုကျွန်တော်တို့နိုင်ငံမှာ သမိုင်းတရားခံဖြစ်မယ့်သူတွေ အများကြီးပါ။သူတို့လုပ်ရပ်တွေ အောင်မြင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိသွားရော... အလုံးစုံ ပျက်သုံးရေးကို ဦးတည်လာခဲ့ကြတယ်။ မြန်မာနိုင်ငံကို ဘယ်တော့မှခြေချခွင့်မရတော့မယ့် သမိုင်းတရားခံဖြစ်မယ့်အတူတူ ရသလောက်ဖျက်ခဲ့မယ်ဆိုတဲ့ အတွေးနဲ့​ေပ့ါ။

      NUG ဟာ ကမ္ဘာ့နိုင်ငံများတွင်ပုံရိပ်ကျဆင်းခြင်း
အာဆီယံရဲ့ အဖတ်လုပ်မခံရခြင်းများနဲ့အတူ အရေးတော်ပုံဟာလဲ ဘယ်လိုမှမအောင်မြင်နိုင်တော့ဘူးဆိုတာ သူတို့အနေဖြင့် ကောင်းစွာ သဘောပေါက်ပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် မစားရတော့မယ့်အတူတူ သဲနဲ့ဝိုင်းပတ်ရုံအပြင် လုပ်စရာမရှိတော့ pdf ကိုသာချကျွေးကြပါတော့တယ်။

      ကိုယ့်နိုင်ငံက pdf လူငယ်တွေကလဲ PUPG game ထဲကလို့ သေနက်နဲ့ အပစ်ခံရရင် တစ်ခါထဲသေမသွားပဲ နော့ သွားပြီး သူငယ်ချင်း တင်းမိတ်တွေလာကယ်ရင်ပြန်ကောင်းမယ်ထင်နေကြတာကိုးဗျ။
 game ထဲကလို အချိုရည်သောက်လိုက်တိုင်း သွေးပြန်မပြည့်ဘူး ငါ့ညီတို့...

    ဒါကြောင့်လူငယ်တွေအနေနဲ့ ကိုယ့်သမိုင်းကိုရေးကြပါ။ သမိုင်းတရားခံ ဖြစ်တော့မယ့်သူတွေရဲ့ မရေရာတဲ့ မြှောက်လုံး ပင့်လုံး တွေအောက်မှာ အနာဂတ်ကို ဖျတ်စီးမပစ်ကြပါနဲ့။ ကိုယ်မကြိုက်တဲ့စနစ်ကို ကိုယ်တိုင်ပြောင်းလဲဖို့ နိုင်ငံရေးဝမ်းစာပြည့်ပြီး အတောင်အလက်စုံလင်ဖို့လိုတယ်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်ကြတော့ ငါ့ညီတို့.....

အဲမွန်ဒရာ
13.9.2021