Wednesday, September 15, 2021

စိတ်ပြေလက်ပျောက်


 .......အခုည ၉ နာရီမှ Myo Mg ဆိုတဲ့ fri တယောက်ဆီကို မေးထားတဲ့ မေးခွန်းလေးတွေ ဦးမျိုး ဖြေပေးပါအုံး ဆိုလို့ ဖြေပေးလိုက်ပါတယ် ။ 

- Myo Mg ဟုတ်ကဲ့။ ကျနော် တဖက်ထဲ မပြောပါဘူးဗျ။ အေးဆေးသွားလာဖားရှာငါးရှာ ရွာသားလေးတွေ၊သူတို့ရွာမှာ သူတို့ရပ်ရွာအကျိုး COVID ကာကွယ်ရေး activities လုပ်နေတဲ့ ကလေးတွေ ၊ လယ်ထဲယာထဲက ပြန်လာတဲ့ရွာသူရွာသားတွေပါနေတယ်လဗျာ။  

ငါတို့စစ်တပ်က တိုင်းပြည်ကို သိပ်ချစ်လို့ တိုင်းတပါးလက်ထဲ အရောက်မခံနိုင်လို့ ဆိုတဲ့ အကို့စကားကြားရတာ မှန်ကောင်းမှန်နိုင်ပေမယ့် ပြည်တွင်းပြည်ပရန်တွေနဲ့ တိုင်းပြည်ကို ကာကွယ်နေတယ်ပြောရအောင် အောက်ကမေးခွန်း ၃ ခုလောက်ပဲဖြေပေးကြည့်ပါလားအကို ? 

၁- ဝပြည်နယ်ကို UWSA ကို ဖဲ့ပေးလိုက်ရပြီး တရုတ်ရဲ့ အုပ်ချုပ်မှုအောက်ပေးလိုက်ရတာကရော?(တရုတ်အောက်မရောက်ဖူးမပြောနှင့် တရုတ်ငွေ တရုတ်စာပေ တရုတ်ပညာရေးကျောင်းနဲ့ မြန်မာ့ပညာရေး မြန်မာအုပ်ချုပ်မှုအောက်လုံးဝမရှိတော့ သူ့ကိုယ်ပိုင်စစ်တပ် သူ့ကိုယ်ပိုင်လေတပ်နဲ့ သူ့နိုင်ငံသူထူထောင်ထားပြီးပြီ)

(ဝ ကို တရုတ်နဲ့ ချိတ်မေးတာ တရုတ်ငွေသုံး တရုတ်စကားပြောနေလို့ စွတ်စွဲတာပေါ့ ၊ ဝ ရဲ့ မူလ ဇစ်မြစ်ကိုက တရုတ်နဲ့ နီးစပ်ခဲ့တဲ့ သမိုင်းရှိလို့ တရုတ်ယဥ်ကျေးမှု လွမ်းမိုးတဲ့ ဒေသ ဖြစ်တယ် ။ 

.....သို့သော် တရုတ်အုပ်ချုပ်တာ မဟုတ်ဖူး ဝ တွေပဲ အုပ်ချုပ်တာပါ ၊ ဝ နိုင်ငံထူထောင်ဖို့ထားအုံး ဝ ပြည်နယ်တောင် မထူထောင်နိုင်ပါဘူး ။ ရှမ်းပြည်နယ်ရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်ပါတယ် ၊ ကိုယ်ပိုင်အုချုပ်ခွင့်ရ အာဏာပိုင်အဆင့်ပါ ၊ ဓနု ၊ ပအို့ဝ် လို အဆင့်ပါပဲ ။

......သူ့သမိုင်းက ဒီလိုရှိခဲ့တယ် ။ တပ်မတော်ရဲ့ အကြီးဆုံးရန်သူ ဗကပ ကို ဖြိုခွဲဖို့ ဝ တွေ စတင်ညှိနှိုင်းလာပြီး ဗကပကို တော်လှန်ကာ ကူညီခဲ့ကြတယ် ။

.....ယိုးဒယား မြန်မာ နယ်စပ် ပြဿနာ တိုက်ပွဲ ဖြစ်တော့ ယိုးဒယား နယ်မြေထဲက ယိုးဒယား အမြှောက်တပ်ကို ဝင်တိုက်ပေးပြီး ချေမှုံးပေးခဲ့တယ် ၊ ဝ တပ်သား ၂၀၀ လောက် ကျဆုံးခဲ့ရတယ် ။ 

......ငြိမ်းချမ်းရေး ယူပြီးနောက် ယနေ့ထိ ဝတွေဟာ သတ်မှတ်နယ်ထဲမှာ ငြိမ်းချမ်းစွာ နေလျှက်ရှိတယ် ဒါကြောင့် တပ်မတော်က လည်း စစ်မက်မပြုပဲ ငြိမ်းချမ်းစွာ ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်ထားတယ် ။ ဒါ နံပါတ် ၁ အဖြေပဲ )

၂- မြန်မာပိုင် စိန့်ကျွန်းကို ဘင်္ဂလားဒေ့ချ်လက်ထဲ ထိုးအပ်ပစ်လိုက်တာကရော တိုင်းတပါးကျူးကျော်မှူကို ကာကွယ်နေတာလား? ကိုယ့်ရဲ့ မူရင်းတာဝန်ကိုတောင်ကျေပွန်အောင် ထမ်းဆောင်နိုင်နေပြီလားဗျ ?

(မေးခွန်းကိုက မှားနေတာပါ စိန့်မာကျွန်းသည် လွတ်လပ်ရေး မရခင် ကတည်းက အိန္ဒိယ အပိုင်အဖြစ် အဂ်လိပ်တို့ သတ်မှတ်ထားပြီး အောင်ဆန်း အက်တလီ စာချုပ်အရ နယ်မြေ သတ်မှတ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းက ပြန်မတောင်းပဲ လက်မှတ်ထိုးခဲ့လို့ ၁၉၄၇ ကတည်းက မြန်မာပိုင် မဟုတ်တော့ပါဘူး ။ 

.......အိန္ဒိယ မှ ပါကစ္စတန် ခွဲထွက်တော့ စိန့်မာတင်ဟာ ပါကစ္စတန် ပိုင်သွားပြီး ပါကစ္စတန် မှ ယခု ဘဂ်လားဒေ့ရှ် ထပ်ခွဲထွက်ရာမှ လပ်တွေ့ ဘဂ်လားပိုင် ဖြစ်သွားရပါတယ် ။ လက်ရှိ မြန်မာ့တပ်မတော်ကြောင့် မြန်မာ့ ရေ မြေ ဆုံးရှုံးထားခြင်း လုံးဝ မရှိပါဘူး )

၃- စစ်တပ်နဲ့ နယ်ခြားစောင့်ရဲ့တွေက ရိုတွေကို နှစ်ပေါင်း ၆၀ကျော်လောက် မြန်မာပြည်ထဲ ခိုသွင်းခဲ့ပြီး တနိုင်ငံလုံးမှာ စစ်တပ်ကဗိုလ်ကြီးတွေနေရာယူထားတဲ့ လဝက က ပန်းရောင်ကဒ်တွေထုတ်ပေးခဲ့တဲ့ အပြင် ၂၀၁၀ မှာဆိုရင် အရပ်သာရအစိုးရ ဦးသိန်းစိန်တပ်မလာခင် စစ်အစိုးရက white card ထုပ်ပေးခဲ့တာကရော?

(နယ်ခြားစောင့်တပ်နဲ့ လဝက တို့ရဲ့ အချို့ဝန်ထမ်းဟာ သူတို့ သဘော သူတို့လောဘ နဲ့ ခိုးဝင်တွေကို လာဘ် လာဘယူပြီး ခွင့်ပြုခဲ့ကြတာ အမှန်ပါပဲ ။ သို့သော် ဒါတွေဟာ ဝန်ထမ်း တဦးခြင်းရဲ့ ကိုယ်ကျင့်တရားနဲ့သာ သက်ဆိုင်ပါတယ် ။ 

       တပ်မတော်အစိုးရ နဲ့ ဘာမှ မဆိုင်ပါဘူး ၊ ဥပမာ မျိုးရန်နောင်သိန်း မုဒိန်းကျင့်တယ် ၊ တော်မီ မုဒိန်းကျင့်တယ် သူတို့သည် NLD တွေ ဖြစ်တယ် ၊ အဲဒါကြောင့် NLD ပါတီသည် မုဒိန်းပါတီ ဖြစ်သည်လို့ ကောက်ချက်ချရင် မှန်ပါ့ မလား ကိုယ်ချင်းစာစိတ်နဲ့ နှိုင်းယှဥ်ပိုင်းဖြတ်ကြည့်ပါ ။ 

      နောက်ဆုံးမေးတဲ့ white card ဆိုတာ ဘာလဲ ရှင်းပြပါ့မယ် ။ white card ဆိုတာ

- သက်တမ်းတခု သတ်မှတ်ထားပြီး သက်တမ်းကုန်လျှင် စက္ကူစုတ်ဖြစ်သွားပါတယ် ။

-  ဒီလူတွေသည် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ရေမျှောကမ်းတင် ကလေကချေ တွေ ဖြစ်ပါတယ် ။

- သူတို့သည် မြန်မာတိုင်းရင်းသားများ မဟုတ်ပါ ။ 

- သူတို့သည် သတ်မှတ် နယ်မြေအတွင်း၌သာ နေထိုင်ခွင့်ရှိသည် ။ 

      ဆိုတဲ့ အထောက်အထားမျှသာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံရေးသမားတွေ ရဲ့ အာဏာရူးစိတ်ဓာတ်ကြောင့် အဲဒီ ဘောင်မဝင် တန်းမဝင် ရေမျှောကမ်းတင် တွေကို ကမ္ဘာမှာ ဘယ်နိုင်ငံမှ ခွင့်မပြုတဲ့ မဲ ပေးခွင့် ပေးခဲ့တာ မြန်မာ့ အာဏာရူး နိုင်ငံရေးသမားတွေ ပဲ ရှိပါတယ် ။

       ဒါကြောင့် ၂၀၁၅ မှာ white card တွေကို ဖျက်သိမ်းလိုက်ပါတယ် ။ ယခု white card ဆိုတာ စက္ကူစုတ် ဖြစ်နေပါပြီ ။ 

     ဗဟုသုတအနေနဲ့ white card ကို ဘယ်လူယုတ်မာ နိုင်ငံရေး သမားတွေ စပြီး လုပ်ခဲ့သလဲ ဆိုရင် ဒေါ်စုကြည် အမေ ဒေါ်ခင်ကြည် ရဲ့ အကြံပေးချက်အရ ဦးနုလက်ထက်ကပင် စတင်ပြုလုပ်ပေးခဲ့ပြီး ဦးသိန်းစိန် လက်ထက်မှာ ပယ်ဖျက်ပစ်လိုက်ကြောင်း လေ့လာစေချင်ပါတယ် ) 

       ကဲ Myo Mg အစား ဖြေပေးလိုက်ပါပြီ ။ အချိန် နာရီဝက် ခန့် ကြာမြင့်သွားပါတယ် ။ 

      ကိုရွှေမျိုးဝင်း