သုတအလင်းက တောင်းလို့ရေးလိုက်တဲ့
ဆောင်းပါးထဲမှာတောင် " တာလီဘန် အက်ကြောင်း"
ရှိတယ်လို့ ရေးလိုက်သေးတယ်၊
အခုသတင်းမှာပါလာပါပြီ
တာလီဘန်ထဲမှာ " အလယ်အလတ်"
သဘောထားရှိအုပ်စုနဲ့ " အစွန်းရောက်" အုပ်စုရယ်လို့
တွေ့ရတယ်၊ " မူလာ ဘာရာဒါ" အုပ်စုနဲ့
" ခါလီဟက်ကာနီ " ရယ်လို့ သိကြတယ်၊
လောလောဆယ် အဲ့ဒီ (၂) ဖွဲ့အကြားမှာ
တင်းမာမှုတွေ မြင့်တက်လာပြီဆိုတဲ့သတင်းတွေ
ဖြစ်လာပါပြီ၊
တာလီဘန်အစိုးရအနေနဲ့
အလွန်အမင်းကျဆင်းနေတဲ့ စီးပွားရေးကို
ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ပြဿနာက
အရေးတကြီး ဦးစားပေး ဖြေရှင်းရမဲ့
ပြဿနာဖြစ်ပြီး၊ ပြဿနာကြီးပေါင်း
များစွာကိုလည်း ရင်ဆိုင်ကြရပါဦးမယ်၊
အဆိုးဆုံးက
အတွင်းစည်း အာဏာချုပ်ကိုင်ရေးဖြစ်လာပါမယ်၊
Internal coup ဆိုတဲ့ အချင်းချင်း
အာဏာပြန်သိမ်းမှုတွေအထိ ဖြစ်လာနှိုင်ပါတယ်၊
ဒါကြောင့်
အာဖဂန်ဟာ...
အလောင်းအစားကြီးလွန်းတဲ့ပွဲ
ရှုပ်ထွေးလှတဲ့ ထောင်ခြောက်ကြီးတခုလို့
တင်စားရေးခဲ့တာပါ။
#BaMaung.