Thursday, September 16, 2021

Global firepower 2020 ထွက်ပါပြီ။

မြန်မာက
ကမ္ဘာမှာ အဆင့် ၃၄
အာရှမှာ ၁၆
အရှေ့တောင်အာရှမှာ ၄
ကမ္ဘာမှာ ကာကွယ်ရေး ဘတ်ဂျက်အသုံး ၆၁။

မြန်မာ့တပ်မတော်ကြည်း၏ ကမ္ဘာ့အဆင့်မှာ
စစ်သည်ဦးရေတွင် အဆင့် ၁၂
တင့်အဆင့် ၃၇
သံချပ်ကာအဆင့် ၄၉
ယာဉ်ဆွဲအမြောက်အဆင့် ၁၁
ယာဉ်တင်အမြောက်အဆင့် ၃၂
ယာဉ်တင်အတွဲလိုက်ပစ်ဒုံးအဆင့် ၄၁

မြန်မာ့ရေတပ်၏ ကမ္ဘာ့အဆင့်သည် ၁၆
မြန်မာ့လေတပ်၏ ကမ္ဘာ့အဆင့်သည် ၃၈

အချို့သောနိုင်ငံများ၏ ကမ္ဘာ့အဆင့်များမှာ
တူရကီ ၁၃
အီရန် ၁၄
ဆော်ဒီ ၁၇
ယိုးဒယား ၂၃
မလေးရှား ၄၂
ဘင်းဂလား ၄၅ တို့ဖြစ်ကြသည်။
တပ်မတော်အင်အားရှိမှ
တိုင်းပြည်အင်အားရှိမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
တော်ကို ခိုင်ခိုင်မာမာတည်ဆောက်ရာမှာ
တပ်မတော်မရှိလို့မဖြစ်ဘူး လက်နက်မရှိလို့
မဖြစ်ဘူး အင်အားမရှိလို့မဖြစ်ဘူး။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး
ယနေ့လိုအခြေအနေမျိုးရောက်လာအောင်
တပ်မတော်ဟာ နိုင်ငံတော်လွတ်လပ်ရေး
ရရှိနေသည့်တိုင်အောင် ယနေ့အချိန်အထိ
ထိန်းသိမ်းကာကွယ်စောင့်ရှောက်လာခဲ့တာဖြစ်တယ်။

ဒီနေ့ခေတ်လို
ဒီမိုကရေစီအရပ်ဖက်ခေတ်ရောက်လာမှ
တပ်မတော်မလိုဘူး စစ်လက်နက်မလိုဘူး
အင်အားရှိဖို့မလိုဘူး နိုင်ငံတော်ပြည်တွင်း ပြည်ပ
အကြမ်းဖက်သောင်းကျန်းသူလောက်ကို
ရဲတပ်ဖွဲ့နဲ့နှိမ်နင်းလို့ရတယ်ဆိုတဲ့အတွေးမျိုးနဲ့
တပ်မတော်ပြိုကွဲအောင် လုပ်မယ့်
အကြံမျိုးမလိုလားပါ။

ဒီမိုကရေစီရလာတာ
လောက်ဖြင့် တပ်မတော်ကိုပြိုကွဲအောင်
မကြံပါနဲ့ ဒီမိုအဆင့်မပြောနဲ့
လွတ်လပ်ရေးအဆင့်တောငိ
လွတ်လပ်ရေးရရှိနေသည့်တိုင်းအောင်
တပ်မတော်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖြစ်အောင် စစ်လက်နက်တွေနဲ့ စစ်အင်အားနဲ့ ထိန်းထိန်းသိမ်းသိမ်းခိုင်ခိုင်မာမာတည်ဆောက်လာခဲ့တာ လွတ်လပ်ရေးတောင် (၇၂)နှစ်ပြည့်မြောက်ခဲ့လို့
တပ်မတော်တည်ထောင်ခဲ့တဲ့နေတောင်
လာမယ့် မက်လ ၂၇ ရက်နေ့မှာ (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတောင် နေပြည်တော်မှာကျင်းပတော့မယ်။

လွတ်လပ်ရေးနှင့်အချုပ်မခြာအာဏာ
ပိုင်တဲ့ နိုင်ငံတစ်ခုကိုခိုင်ခိုင်မာမာတည်ဆောက်ရာမှာ
တပ်မတော်ရှိမှ လက်နက်ရှိ အင်အားရှိမှ

ထာဝရနိုင်ငံတော်ကိုရေရှည်တည်တ့ံ့စွာ
ထိန်းသိမ်းကာကွယ်စောငိ့ရှောက်နိုင်မှာဖြစ်တယ်။

နိုင်ငံတစ်ခုရဲ့
စစ်အင်အားအရှိန်အဝါ
စီးပွားရေးအရှိန်အဝါဟာ
ဒေသတွင်းနိုင်ငံများက
ဒီအပေါ်အခြေခံ၍ လေးစားခြင်း
အားကျခြင်း ကြောက်ရွန့်ခြငိးတွေရှိစေမှာဖြစ်သလို

စီးပွားရေးအားမကောင်းသော်လည်း
စစ်အင်အားကောင်းရန်
အရှိန်အဝါရှိရန် တပ်မတော်အင်အားရှိဖို့
လိုတယ်။

တပ်မတော်အင်အားမရှိရင်
နိုင်ငံတစ်ခုရဲ့စစ်အင်အားကိုအခြေခံ
သဘောတရားအရ ဒေသတွင်းတွင်ဆက်ဆံရေးမှာ
ဖိနိပ်တာမျိုး ဖိအားပေး စစ်ရေးခြိမ်းခြောက်တာ
မျိုး ကြားဝင်စွက်ဖတ် တာမျိုး စိန်ခေါ်မှုတွေနဲ့
လက်တွေ့ရင်ဆိုင်နေကြရတာမဟုတ်လား။

တပ်မတော်အင်အားရှိရင်
ဒေသတွင်းနိုင်ငံများမှာ လက်မထောငိနိုင်မယ်
မိမိနိုင်ငံတော်၏အချုပ်အခြာအာဏာ
နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို
ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မှာ
ဖြစ်တယ်လို့ပြောကြားအပ်ပါတယ်

#Credit