Thursday, September 9, 2021

လမ်းပျောက်​နေသူများ


        အခြေအနေ အချိန်အရ ကိုယ်လျှောက်နေကြ သမရိုးကျ လမ်းလေးတွေဟာ ပျောက်ကွယ် နေတတ်ပါတယ် ။

- စိုက်ပျိုးရေး လုပ်စားသူ ၇၅ % ဟာ မြေသြဇာ အပါအဝင် စိုက်ပျိုးရေးသုံးဆေးဝါး နဲ့ သွင်းအားစုတွေ အဆမတန်စျေးကြီးနေလို့ လမ်းပျောက်နေပြီ ။ 

(အစိုးရမှ ထိမ်းချုပ်မရတဲ့ စျေးကွက်စီးပွားရေး ဟု အကြောင်းမပြပါနဲ့ ဒီမို ဘိုးအေ အမေရိကန်မှာ ဘရာစီယာတထည် တဒေါ်လာ နှုံး စျေးတင်ရောင်းခဲ့တဲ့ ကုန်တိုက်ကြီးကို စားသုံးသူကာကွယ်ရေး ဥပဒေ နဲ့ ဒေါ်လာ ၂ သန်း ဒဏ်ရိုက် ဆုံးမခဲ့ပါ၏)

- ကုန်သွယ်ရေးနဲ့လုပ်စားသူတွေ ဓာတ်ဆီစျေး ခေါင်ခိုက် ၊ ဒေါ်လာစျေးက မိုးပေါ်ရောက် ၊ ကိုယ်ပိုင်မရှိမဲ့ ရှိမဲ့ အရင်းအနှီးလေးတွေကို ဘဏ်တွေက တရားဝင်ဒမြတိုပ်ထားတော့ ကုန်သည်တွေလည်း ဘဝပျက် တိုင်းပြည်လည်း ငတ်သထက်ငတ် နေပါပြီ ။

(အားလုံးအချုပ်ရဲ့ တရားခံဟာ ဗဟိုဘဏ် နံပါတ် ၁ နဲ့  စီမံဘဏ္ဍာ ပူးတွဲ ၊ စီးပွားကူသန်း နံပါတ် ၂ ညံ့ဖျင်းနေသရွေ့ မတိုးတက်ပါဘူး ၊ ခုနစ်လ ရှိပြီ ဖြစ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ သောက်သုံးမကျပဲ စာပဲတတ်ပြီး ကျန်တာ သုံးစားမရဖူးဆိုခြင်းအား အစိုးရ သိသင့်ပါပြီ)

- ပညာရေးကဏ္ဍ ကတော့ ကိုဗစ်အကြောင်းပြလို့ ရနေသေးပေမယ့် လူလည်ကျထားတဲ့ ပြင်ပ ပုဂ္ဂလိကကျောင်းများတွင် ငွေကြေးအကုန်ကျများစွာ ကျခံထားသော မိဘများ အတွက် ပြဿနာတက်လာနိုင်ချေ များနေတာကို ဖြေရှင်းဖို့ ကြိုတင်စဥ်းစားထားရပါ့မယ် ။

(ကလေးတွေကို ကြိုတင် သင်ကြားထားပြီး ငွေကြေး အဆမတန် ယူထားတဲ့ ဘော်ဒါဆောင်တွေ လူလည်ကျတာ နားမဆန့်အောင် ကြားနေရပါတယ် ။ သူတို့ သူဌေးတွေမို့ သွားထားကြတာ ကုန်ပါစေဆိုတဲ့ စာနာစိတ် ကင်းမဲ့တဲ့ ကောက်ချက်နဲ့ အပြစ်မတင်ကြပါနဲ့ ခင်ဗျားတို့မှ ငွေကြေးပြည့်စုံရင် သူတို့လိုပဲ သား သမီး အတွက် အကောင်းဆုံး စီမံပြီး သွားထားကြမှာပါ ၊ ယခုပြောနေတာက တရားမျှတမှု အတွက် ရှေးရှုပြောနေတာပါ)

- နိုင်ငံရေးကတော့ အကြမ်းဖက်တွေ တစ တစ ပြိုကွဲနေပြီလို့ ယူဆနိုင်တဲ့ အနေအထား ဖြစ်နေပါပြီ ။ လက်ကျန်လေးများ လှုပ်တုပ်လှုပ်တုပ် လုပ်နေခြင်းဟာ ထောက်ပံ့ရေး လမ်းကြောင်း အကြွင်းအကျန်ရှိနေသေးတဲ့ လက္ခဏာပါပဲ ။ 

(လှိုင်သာယာစက်ရုံတွေမှာ လုပ်သားတဦး တလ ၂၀၀၀ ကျပ် ကောက်ခံပြီး PDF ကို လှူနေရတဲ့ ကိစ္စ ၊ လိုင်းပေါ်က အလှူခံနေသေးတဲ့ လင့်တွေ ဖြိုမချသေးတဲ့ ပြဿနာ တွေကြောင့် လို့ ယူဆမိပါတယ်)

- ကျန်းမာရေးကတော့ ကြောက်မက်ဖွယ် စိုးရိ​မ်စရာ အဆင့်ကနေ လွန်မြောက်လာပါပြီ ။ ကျန်နေတာက ဆေးရုံပေါ်က အယောင်ဆောင် ဖရဲသီးတွေ ရှင်းဖို့ပါပဲ ။ 

(ရှိသမျှသော ဆရာဝန်များထဲမှ စိတ်ချရမည့် အင်အားစုကိုပဲ ပြန်လည် စုဖွဲ့ ။ ရှိသမျှသော အင်အားစု ဖွဲ့စည်းပုံ အရ တိုက်နယ် ၊ မြို့နယ် အဆင့်ထိ ပြန်ဖွင့်နိုင်ခြင်း မရှိသေးလျှင် ပိတ်ထားပြီး ခရိုင်အဆင့်မှာ ပြည့်စုံစွာ ဖွင့်ပေးပါ ၊ နောက်မှ အင်အားဖြည့်တင်းပြီး တဆင့်ခြင်း ပြန်ဆင်းရင် ရနိုင်ပါတယ် ၊ အသဲအသန် လူနာများသာ လာရောက်ကုသပါလိမ့်မယ် ၊ သစ္စာဖောက် ဆရာဝန်များစွာ မွေးထုတ်မိသော တိုင်းပြည်၏ မိုက်မဲမှု အတွက် ပြည်သူတွေ ဒီလောက်တော့ ဒုက္ခခံကြရပါလိမ့်မယ် ၊ ယနေ့ မြန်မာပြည်ရဲ့ ဆရာဝန်လောကမှာ တရုတ်နွယ်ဖွား 65 % ရှိပါသတဲ့ ၊ ကိုယ့်လူမျိုးမှ မဟုတ်တာ မြန်မာတွေ သေရေး ရှင်ရေး ဘယ်သောက်ရေးလုပ်ကြမလဲ ဗျာ)

          ကျနော်တို့ တိုင်းပြည်ဟာ သမရိုးကျ လွယ်ကူစွာ လျှောက်လှမ်းရမယ့် ကိစ္စအထွေထွေမှာ ရှုပ်ထွေး လမ်းမှားအောင် ပြုနေသူတွေ နဲ့  အရည်အချင်းကင်းမဲ့လှတဲ့ ဆွေးစဥ်မျိုးဆက် လုပ်စား ဝန်ထမ်းလောက ဌာနဆိုင်ရာများကြောင့် ပြည်သူတွေ လမ်းပျောက်နေရတာ ဖြစ်ပါတယ် ။

      အိမ်စောင့်အစိုးရ အနေနဲ့ အန္တရာယ်ကင်းသော လမ်းဖြောင့် လမ်းတိုအား အမြန်ဆုံး အသစ်ဖောက်လုပ်ဖို့ လိုအပ်နေပါပြီ ။

      ကိုရွှေမျိုးဝင်း

(တခါတရံ ကိုယ် အရင်းနှီးဆုံး လျှောက်နေကြ လမ်းလည်း ကာလအကြာကြီး အစားအသောက် မဆင်ခြင်ခဲ့ရင် လမ်းပျောက်တတ်တာ သိဖို့ နဲ့ ဆင်ခြင်ဖို့ )