Thursday, September 9, 2021

ယုံကြည်မှု နဲ့ အာနိသင်


  -  ကျန်းမာရေးဝန်ကြီးမှ တိုင်းရင်းဆေးနဲ့ 
ကုသဖို့ ဆေးသုတေသန ဌာနနဲ့ တပ်မတော်
ဆေးသုတေသန ဌာနတို့ အတူပူးပေါင်း ဆောင်ရွက်နေကြောင်း 

- နိုင်ငံတကာမှာလည်း ဆေးဖက်ဝင်အပင်တွေနဲ့ စမ်းသပ်နေကြောင်း ၊ 

- တိုင်းရင်းဆေးမှာလည်း ယခင်ကတည်းက အဖျားပျောက်ဆေးများ ရှိခဲ့ကြောင်း

- ယခုအခါ တိုင်းရင်းဆေးဝါး နဲ့ စနစ်တကျ စမ်းသပ်ကုသပြီး အကျိုးသက်ရောက်မှု ရှိပါက အမြောက်အများ ထုတ်လုပ်ပေးရန် စီစဉ်နေကြောင်း......

  3-9-2021 မှာ ပြောကြားသွားပါတယ် ။ 

     ကျနော် မရေးတော့ဖူးလို့ တွေးထားပေမယ့် ထူးခြားမှု အချို့ တွေ့ရှိနေရလို့ ရေးလိုက်တာပါ ။ ပထမဆုံး စိတ်မကောင်းရတဲ့ သတင်းတခုက မိတ်ဆွေ တဦးရဲ့ အကိုဖြစ်သူ ကွယ်လွန်သွားတဲ့ သတင်းဖြစ်ပါတယ် ။ 

      အောက်ဆီဂျင်ပြဿနာနဲ့  ကျနော်တို့ စိုးရိမ်ပူပန်နေရချိန်မှာ ကျနော်ဆေးအကြောင်း ရေးပြီးစအချိန်ကတည်းက မိတ်ဆွေဖြစ်သူဟာ ဆေးအကူအညီ တောင်းပါတယ် ။ 

  သူ့ရဲ့ မိသားစုဝင်အားလုံး ဖျားနေသတဲ့ ။ ဒါနဲ့ ကျနော်ဆေးသွားပို့ခဲ့ပါတယ် ။ သူ့အကို ဖြစ်သူဟာ ဆေးတလုံးသောက်ပြီး ရင်ပူလို့ ဆိုပြီး ဆက်မသောက်တော့ပါဘူး ။ 

 ကျန်မိသားစုဝင် ၇ ဦးခန့် အားလုံးသောက်ကြ
ပါတယ် ။ ဆေးမသောက်သူ အကိုဖြစ်သူကလွဲပြီး အားလုံး ကျန်းမာရေး ကောင်းသွားပါတယ် ။ 

အောက်ဆီဂျင်အိုးနဲ့ အသက်ဆက်နေရတဲ့ အကို
ိုဖြစ်သူကတော့ တိုင်းရင်းဆေးလုံးဝ မသောက်ပဲ အဂ်လိပ်ဆေးနဲ့ ရက်ပေါင်း ၃၀ ကျော် ၄၀ လောက် အကြိတ်အနယ်ကုသရင်း ကွယ်လွန်သွားခဲ့ပါတယ် ။ 

    ဒီဆေးကို ကျနော် ဆက်မရေးဖြစ်တာက တော်ကြာ မယုံကြည်ပဲသောက်မိလို့ဆေးအာနိသင်
်ပြပြီး ခေတ္တခဏ အဖျားတက်ခြင်း ၊ ပူလောင်ခြင်း ၊ ချွေးထွက်ခြင်း ၊ ချွဲအန်ခြင်းတွေအပေါ် မခံစားနိုင်ပဲ အပြစ်ဆိုခြင်း ခံရမှာ စိုးလို့ပါ ပဲ ။ 

   အမှန်တိုင်းပြောရရင် ကျနော့်အမေ နဲ့ ကျနော့်
ဒေါ်လေးလည်း ဒီဆေးက ကယ်တင်ခဲ့တာပါ ။ လူပေါင်းများစွာကို ဆေးပေးလာရင်း ဝေဒနာရှင်
တွေ ရဲ့ မှတ်ချက်တွေအရ  ဆေးရဲ့ အာနိသင် နဲ့ သဘောသဘာဝကို  နားလည်လာရသလို တိုင်းရင်းဆေးဆရာကြီးများထံ မေးမြန်းရင်းနဲ့ ပိုသိလာကြရပါတယ် ။ 

 အံ့သြစရာကောင်းတဲ့ အချက် အချို့ကို သိခဲ့ရ
တာက တချို့ လူနာတွေဟာ အားကိုးရာ မရှိလေ
သလား သို့မဟုတ် ကြံရာမရလေသလား မသိဖူး ကျနော်တို့ ညွှန်းမထားတဲ့ ရောဂါတွေကို ဒီဆေးနဲ့ ပေးကျွေး ကုသကြပါတယ် ။ 

၁ ။ သွေးလေးဖက်နာ သမားတွေ သက်သာရာ ရပါတယ် ။ 

၂ ။ ထုံကျင်ကိုက်ခဲမှုတွေ သက်သာရာ ရပါတယ် ။

၃ ။ ကျီးပေါင်းသမားတွေ သက်သာရာ ရပါတယ် ။

၄ ။ သွေးတိုး ဆီးချို သက်သာရာ ရပါတယ် ။ 

၅ ။ လေဖြန်းထားသူ ၊ ဖြန်းခါနီး ထုံကျင်နေသူများ သက်သာရာ ရပါတယ် ။ 
(လေဖြန်းထားသူအတွက် ရေနွေးပွက်ပွက်ဆူထဲ ဆေးလုံး ငါးလုံး ချေထဲ့ပြီး စောင်ခြုံအငွေ့ရှူခိုင်းပြီး မှ ဆေးတလုံး တိုက်ပါတယ်)

   ဒါတွေက ဆေးသောက်ပြီးသူတွေ သက်သာရာ ရပြီးမှ ဆေးဝါး ထပ်မံလာရောက် တောင်းယူကြရင်း ပြန်ပြောပြကြတဲ့ အချက်တွေ ဖြစ်ပါတယ် ။ 

    ဆေးသောက်စ ဖြစ်တတ်တဲ့ လက္ခဏာ
အချို့ကိုလည်း ပြောပါတယ် ။ 

အကြောနဲ့ပတ်သက်ရင် ဦးစွာ ဖြိုးဖြိုးဖျင်းဖျင်း ခံစားရပြီး ထုံလာသလိုလို ကျင်လာသလိုလို ဖြစ်တတ်ပါတယ် ၊ နောက်မှ သက်သာ
ပျောက်ကင်းပါတယ် ။ 

  အဖျားဆိုရင်လည်း ချွေးတွေ ထွက်ပါတယ် ၊ ရင်ပူပါတယ် ၊ ဆီးခဏခဏ သွားပါတယ် ။ 

  တိုင်းရင်းဆေးဆရာကြီးများထံ အဆိုပါ အကြောင်းများအား မေးမြန်းကြည့်ရာ ဆင်သမနွယ်၏ ဂုဏ်သတ္တိ အရ ခန္ဓာကိုယ်အတွင်းရှိ  ဓာတ်လေးပါးကို ထိမ်းညှိပေးသည့် အစွမ်းရှိပြီး ဆနွင်းက ဘေးထွက်ဆိုးကျိုး  အနည်းငယ်ရှိသည်ကို ထိမ်းချုပ်ပေးကြောင်း  ပြောပါတယ် ။ 

 ဆင်တုံးမနယ် နဲ့ ဆင်သမနွယ် ကွဲပြားချက်မှာ ဆင်တုန်းမနွယ်က ဘေးထွက်ဆိုးကျိုး (ရင်ပူခြင်း ၊ အဖျားခဏတက်လာခြင်း)  ပိုကြီးပြီး ဆင်သမနွယ်က ဘေးထွက်ဆိုးကျိုး နည်းပါးခြင်းမှာ ကွာပါတယ် ။ 

ဆေးအခေါ် (မ လ) လို့ ဆိုတဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်အား လုံးဝမရှိစေလိုလျှင် ဆင်သမနွယ်
အား ရေဆေး ၊ မီးကင်၍ ဆန်ဆေးရေတွင် တရက် စိမ်ပြီးမှ ဖော်စပ် သုံးစွဲလျှင် ပြစ်မျိုးမှဲ့မထင် ဖြစ်ပါကြောင်း လေ့လာသိရှိရပါတယ် ။

 သာမန်ဆင်းရဲသား အများစု ဖြစ်သော သူလို
ကိုယ်လို လူတန်းစားများ အတွက် အထက်ပါ ရောဂါဝေဒနာများ အတွက် ဘေးထွက်ဆိုးကျိုးမရှိ ၊ ငွေကုန်ကြေးကျ မရှိ ပဲ သက်သာပျောက်ကင်းခြင်း ရှိမရှိ သုံးစွဲစေလိုပါတယ် ။ 

   ငွေကြေးတတ်နိုင်သူများ ၊ မယုံကြည်သူများ အတွက် ဒီ သတင်းဟာ တန်ကြေးရှိချင်မှ ရှိနိုင်ပါလိမ့်မယ် ၊ ငွေကြေးမတတ်နိုင်သော ဆင်းရဲသားများအတွက် အားကိုးရာ တခုအဖြစ် သတင်းကောင်း ဖြန့်ဝေခြင်းသာ ဖြစ်ပါတယ် ။ 

  ဒီဆေးအကြောင်းကို အတွင်းကျကျ သိလိုပါက ဆေးဝါးများအား အခမဲ့ လှူဒါန်းနေပါသော ဆရာတော် Ashin Thadama (09 421067069) ထံ မေးမြန်းစုံစမ်းနိုင်ပါတယ် ။ 

 ဆေးဝါးသတင်း မေးမြန်းနေသော မိတ်ဆွေများ သိစေရန် နဲ့  ဆေးဝါးရဲ့ အခြားအာနိသင်များအား သိရှိစေရန် တင်ပြလိုက်ပါတယ် ။ 

ဆင်သမနွယ် လှူဒါန်းပေးပါသော အနယ်နယ်
အရပ်ရပ် ရှိ မိတ်ဆွေများ ၊ ဆနွန်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ လှူဒါန်း ပေးပါသော မိတ်ဆွေများ အား ကျေးဇူးတင်ပါတယ် ။ 

ဤသို့ ဆေးအာနိသင်များအား ဖော်ပြရခြင်းသည် စီးပွားရေးအတွက် ဆေးကြေငြာခြင်း မဟုတ်ပါ (အခမဲ့ လှူဒါန်းနေခြင်း ဖြစ်ပါတယ်)  အားကိုးရာမဲ့ နေသော ဆင်းရဲသားအများစု အတွက် အသုံးတဲ့စေလိုသော ဆန္ဒဖြင့် သိသမျှ တင်ပြခြင်းဖြစ်ပါတယ် ။

          #ကိုရွှေမျိုးဝင်း