Thursday, September 9, 2021

မွင်းငါး တဲ့လား?


စစ်သားသေရင် မွင်းငါးတဲ့လား?..
အရမ်းမှန်ပါတယ်၊

စစ်သားတွေကျဆုံးရင် မွင်းငါးချက်ကျွေးပါတယ်..
သံဃာတွေကိုလှူပါတယ်.. လူတွေကို ဒါနပြုပါတယ်..
ကျဆုံးတဲ့စစ်သည်နဲ့တစ်ကွ ၃၁ဘုံသားအားလုံးကို 
ကောင်းမှူကုသိုလ်တွေရဲ့အဖို့ဘာဂ ကိုအမျှဝေပါတယ်..

စစ်သည်ရဲ့ရာထူးအလိုက် ကျန်ရစ်သူမိသားစု ထောက်ပံ့ငွေရပါတယ်..

ကျဆုံးစစ်သည်ရဲ့ရာထူးကို မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်..

ကိုယ့်ရဲဘော်ရဲဖက်ကိုဖြစ်စေ.. မိမိတပ်ကိုကာကွယ်
ကယ်တင်ရင်းကျဆုံးတာမျိုးဆိုရင်သူရဲကောင်းမှတ်တမ်းဝင်နဲ့အခြားဘွဲ့တံဆိပ်တွေချီးမြင့်ဂုဏ်ပြုပါတယ်
အခန်းအနားကြီးတွေနဲ့ပေါ့...

ကျန်ရစ်သူမိသားစုကို တပ်ရင်းက..ဘဝသစ်စနိုင်ဘို့ရပ်တည်နိုင်ဘို့ ဖေးမကူညီကြပါတယ်..

ဒါကတော့ ခင်များတို့ ဝမ်းသာနေတဲ့စစ်သည်ကျဆုံးခြင်းရဲ့ မွင်းငါးပေါ့ဗျာ...

ကဲ!  PDF တွေဘယ်လိုသေကြသလဲ?

အလောင်းပြန်မရတာများတယ်...

သက်ဆိုင်တဲ့မိသားစုကသေတာတောင်မသိလိုက်ရ..

သိရပြန်တော့ရော အလောင်းမတွေ့ရ..

အိမ်မှာအလှူအတန်းအမျှဝေမွင်းငါးတောင်ချက်မလှူရဲတဲ့ဘဝ...

အပါယ်ဘုံအထိအမျှမရ.. ကောင်းမှူမရ..

အစွဲကြီးနေရင်သေတာတောင်ဝဲလည်လည်နဲ့ပြိတ္တာဘဝမှာခံနေအုံးတော့မယ်..

ဘယ်သူကမှဘာမှတ်တမ်းနဲ့ဘာအထောက်အပံ့မှမပေးကြတဲ့ဘဝ..

ပြည်သူကအသိအမှတ်ပြုတယ်လို့ဟာသ မပြောနဲ့..

88 မှာသေခဲ့တဲ့လူတွေ သူတို့အကုန်မေ့နေကြပြီ..
ထောက်ပံ့ဖို့ဆိုတာဝေးရော..

အလှူခံခြင်တဲ့အခါမှသာ အဲ့ဒီမသာနာမည်ထပ်သုံးပေမဲ့သေဆုံးသူရဲ့မိဘတွေ တဲအစုတ်နဲ့နေနေရတုံး...

ပြောရရင်....

PDF သေရင် မွင်းငါး တစ်ခွက်တောင်မပါတဲ့ဘဝ..

နိုင်ငံရေးစားဖားတွေကကောင်းစား..မြှောက်ပင့်အသုံးချခံနေရတဲ့ PDF..

ခွေးသေသေနေပေမဲ့ မွင်းငါးတစ်ခွက်တောင်မမြင်ရတဲ့အဖြစ်မှာစားဖားလော်ဘီတွေကအလှူငွေတွေပွေ့ပိုက်ကောင်းစားလို့..

သေကြတာခြင်းအတူတူတောင်.စစ်သည်ကျဆုံးရင်
မွင်းငါးလေးနဲ့ တည်တည်ခန့်ခန့်ပါဘဲ..

ခွေးသေဝက်သေ..
သံသရာကိုခွေးလိုဝက်လိုလည်ပတ်နေရမဲ့PDFသေနည်းနဲ့..

အသေခြင်းယှဉ်ရင်တောင်.
မွင်းငါးမပါတဲ့မင်းတို့ဘဝက

အလောင်းခြင်းပြိုင်ရင်တောင်
မင်းတို့ရှုံးပါတယ်ကွာ 

Credit