Tuesday, September 7, 2021

အင်တာနက် ဖြတ်/မဖြတ်


■ ကျွန်တော်တို့ပြောပြောနေတဲ့ နီပိန်းတွေမှာ နိုင်ငံရေးနဲ့ပတ်သက်ရင် နောက်ကွယ်ကနေ စေခိုင်းနေတဲ့ Guide လိုင်း ရှိပါတယ်။ ဥပမာ ဆန္ဒပြပွဲ တွေကိုပဲကြည့်ပါ။ တစ်ဦး တစ်ယောက်ချင်းအရ ကိုယ်ပိုင်ဖောက်ထွက်နိုင်တဲ့ အသိဥာဏ်နည်းပေမဲ့ သူတို့အော်ဖို့ အတွက် ကြိုထုတ်ပေးထားတဲ့ သံပြိုင် ဟစ်ကြွေးသံချပ်တွေရှိသလို လူတိုင်းကိုင်ဖို့အတွက် ဗွီနိုင်းတွေလည်း အဆင်သင့် ရှိပါတယ်။ အဲဒီကာလမှာ အင်ဂျင်နီယာ ဖြစ်ချင်သူအတွက် စုံရပ်နေရာကို အရောက်လာဖို့ပဲ လိုပါတယ်။ ဦးထုပ်တွေကို ယူလာပေးသူက အဆင်သင့် ရှိသလို  ဆရာဝန်ဖြစ်ချင်သူတွေအတွက်လည်း လောင်းကုတ် တွေကို ရယ်ဒီမိတ်ယူလာပေး တဲ့အဖွဲ့သီးသန့်ရှိပါတယ်။ 

■ ဦးနှောက်မရှိတဲ့ အလုပ်လို့ပဲပြောပြော ၈ နာရီ သံပုံးတီးပါဆိုလို့ရှိရင် တကယ်ယုံပြီး တီး တဲ့သူတွေရှိပါတယ်။ ပရိုဖိုင်တွေမှာ နွေဦးတော်လှန်ရေး ပုံတွေကို တညီတညွှတ်တည်းတင်ရုံနဲ့၊ CDM လုပ်လိုက်ရင် အစိုးရပြုတ်ကျပြီ လို့ထင်မှတ်သူတွေနဲ့၊ UN တပ်တွေ တကယ် သိမ်းတော့မယ်ဆိုပြီး ယုံမှတ်သူ တွေနဲ့၊ R2P တကယ်လာမယ်ထင်ပြီး မျှော်လင့်နေသူတွေ လည်း သူတို့အုပ်စု ထဲမှာ တကယ်ရှိပါတယ်။ 

■ ဒါပေမဲ့ ဒီစနစ်တွေနဲ့ Colour Revolution လုပ်တဲ့ပုံစံတွေဟာ ယူကရိန်းမှာ ဖြစ်ခဲ့တဲ့ အနောက်နိုင်ငံနည်းတူ ပုံစံတွေပါပဲ။ ဒါကို မင်းကိုနိုင်တို့ စနစ်တကျ လုပ်သွားကြတာပါ။ နီပေါနဲ့ဘောမ ဘာကွာလဲဆိုတဲ့အချက်က လည်း အဲဒါပါ ပဲ။ နီပေါတွေ အများစုက ဒေါ်စု မှန်တယ်သာပြော။ ဘာလုပ်လုပ်ထောက်ခံမယ် ဆိုတဲ့ သူတွေကြီးပါပဲ။ ဘောမ ဘက်က တော့ ရှင်းပါတယ်။ နိုင်ငံရေးသဘော သဘာဝအရ ကောလာဟာလ သတင်းတွေအတွက် တန်ပြန်လုပ်ရင်တောင် ဒီဟာက  အတုဆိုပြီး ပြန် ရှင်းပြနေတဲ့သူတွေ ရှိတတ်ပါတယ်။ 

■ လက်ရှိ အင်တာနက်ပြသနာကလည်း ဒီလိုပါပဲ။ ခုရက်ပိုင်းလေးအတွင်း မှာတင် PDF တွေကြောင့် တာဝါတိုင်တွေ အတော်များများ မီးရှို့ ဖျက်ဆီးခံ လိုက်ရတာတွေ ရှိပါတယ်။ တာဝါတိုင် တွေဆိုတာ ဆက်သွယ်ရေးလမ်း ကြောင်းအတွက် LINK တွေဖြစ်လို့ ကြားမှာ တတိုင်ဟ သွားတာနဲ့ အင်တာနက် တွေနဲ့ ဖုန်းကြိုးတွေက အလိုလိုပြတ်တောက်မှာ ဖြစ်ပါတယ်။ ဒါကို သိတဲ့  PDF တွေနဲ့ အနီထောက်ခံသူတွေက  အစိုးရက သောက်ကျင့်ယုတ်ပြီး အင်တာနက်ဖြတ်သလိုလို နဲ့ ကောလာဟာလတွေ ကို အချိန်ကိုက် လီဇယ် လွှင့်ပါတယ်။ ဆိုလိုချင်တာက သူတို့ မီးရှို့ဖျက်ဆီးလိုက်လို့ အင်တာနက်၊ ဖုန်းလိုင်း တွေ ပြတ်တောက်သွားတာမဟုတ်ဘူးဆိုတာကို ဖုံးဖိချင်တာပါ။ 

■ အောက်ဆီဂျင်ပြသနာနဲ့ ဆေးဆိုင်တွေ ပြသနာတက်ခဲ့ပြီး သတင်းအမှား တွေ တောက်လျှောက်တက်နေခဲ့ချိန်မှာတောင် အင်တာနက်ဖြတ်တောက်ဖို့ မတွေးခဲ့တဲ့ အိမ်စောင့်အစိုးရက၊ ဗုံးခွဲလူသတ်မှုတွေ ရှိနေတာတောင် နိုင်ငံရေး အကျဉ်းသားတွေကို အုံလိုက်ကျဉ်းလိုက် ပြန်လွှတ်ပေးခဲ့တဲ့ အိမ်စောင့်အစိုးရ က၊ မတည်ငြိမ်မှုတွေဖြစ်စေဖို့ Follower အားကိုးနဲ့ ဆန္ဒပြခဲ့ကြတဲ့ ရုပ်ရှင် အသိုင်းအဝိုင်းကသူတွေကိုတောင် ၅၀၅ ကနေ ပယ်ဖျက်ပေးနေတဲ့ အိမ်စောင့် အစိုးရက  ခုချိန်မှ အင်တာနက် ဖြတ်တောက်ဖို့အတွက် ဘာကို ကြိုးစားနေဦး မှာလဲ? ။အဆိုးဆုံးကတော့ MRTV ကို သတင်းမှားကြေညာပါတယ် ဆိုပြီး အချိန်တိုင်းပြောနေတဲ့နီပိန်းတွေဆီကနေ “ဒီည ၁၀ နာရီမှာ  အင်တာနက်ဖြတ် တော့မယ်လို့ MRTV မှာ ကြေညာသွားပါတယ်”ဆိုတဲ့စတေးတပ်တွေကို မြင်ရ တာ ရုပ် အဆိုးဆုံးပဲ။ 

■ အောက်ဆီဂျင်ပြသနာလည်း အထိုက်အလျောက်အဆင်ပြေနေပြီ။ ဆေးဝါး တွေလည်း ဖမ်းပြလိုက်တော့ ဈေးကျသလောက်ရှိနေပြီ။ အကြမ်း ဖက်သူတွေ ကိုလည်း နေ့စဉ်နီးပါးဖမ်းမိနေပြီ။ ဘာ့အတွက်များ အိမ်စောင့်အစိုးရက အင်တာနက်တွေကို ပိတ်ဖို့ ကြိုးစားမှာလဲ? ကိုယ်ဖြင့်စဉ်းစားလို့တောင်မရဘူး။ 

#ဖိုးစီ