Tuesday, September 7, 2021

ငါတို့ ရပ်တည်ဖို့ လိုတယ်


မိစ္ဆာတွေက တစ်မျိုး
ပြိတ္တာတွေက တစ်မျိုး
တစ်နေ့ တစ်မျိုး 
အမျိုးမျိုး မရိုးရအောင်

လုပ်ဇာတ်တွေခင်းလို့
ပုတ်ခတ်ခြင်းတွေ အပြည့်

စိတ်ဓာတ်အဖျင်းတွေနဲ့
အဆိပ်ခတ်ခြင်းတွေ အတိ

သိပ်မြတ်တဲ့ သာသနာ
သိပ်တတ်တဲ့ ထေရ်သံဃာကို စော်ကား

သကောင့်သားတွေက
ပေါမှပေါ ထောမှထော

သူတိျု့မာ
အထောက်အပင့်တွေက ရှိ
အမြှောက်အပင့်တွေက အပြည့်နဲ့ပေါ့။

စုတ်ပြတ်တဲ့စိတ်ဓာတ်တွေနဲ့
ပုတ်ခတ်ခြင်းတွေ
အဆိပ်ခတ်ခြင်းတွေကို
ပယ်ရှင်းဖို့

ငါတို့အချင်းချင်း
မငြင်းခုံဖို့ လိုတယ်။

ငါတို့အချင်းချင်း
ဘေးမတီးဖို့ လိုတယ်။
ငါတို့အချင်းချင်း
သွေးစည်းဖို့ လိုတယ်။

ထေရဝါဒခံတပ်အတွက်
ငါတို့မင်းတို့ လိုသလို

ငါတို့ (ရှေ့က)ရပ်ဖို့ လိုတယ်။

ဘေးရှောင်ရင်
ခွေးပိုဟောင်လိမ့်မယ်။

ချမ်းမြေ့ဇေယျာ ဆရာတော်
(ကူးယူဖော်ပြပါသည်။)
#MyanmarNationalPost