Tuesday, September 7, 2021

အလုံးစုံ ပျက်သုန်းရေးရည်မှန်းချက်ဆီသို့


■ ဒီနေ့ မြန်မာနိုင်ငံတော် ရင်ဆိုင်နေရတာက  နိုင်ငံရေးပြသနာတစ်ခုတည်း မဟုတ်တော့ ပါဘူး။ ပြည်တွင်းစစ် ရှည်ကြာမှုအပြင် NLD ပါတီအုပ်ချုပ်ခဲ့တဲ့ ၅ နှစ်ကာလအတွင်းမှာ တင် ဘာသာရေးပွတ်တိုက်မှု၊ တန်းညှိမှုတွေကိုပါ လူငယ်တွေစိတ်ထဲ အခြေခံအားဖြင့် ရိုက်ထည့်သွားတာကို မြင်တွေ့နေရ တာက စိုးရိမ်ဖို့ကောင်းတဲ့ အယူအဆတွေပါပဲ။

■ဒီမိုက ရေစီ ဇာတ်သွင်းမှုအောက်မှာ “လူသားအားလုံးက အတူတူပဲ”၊ “ဘာသာအားလုံးက  သာတူညီမျှ”ဆိုတဲ့ “လစ်ဘရယ်”စိတ်တွေကို လူငယ်တွေစိတ်ထဲ မှိုင်းသွင်း ထားနိုင်ခဲ့တာ က လက်ရှိပြသနာတွေရဲ့ ဇစ်မြစ်ဖြစ်ပါတယ်။ ဥပမာ -အမေရိကန်မှာ တိုင်းရင်းသား ဆိုတဲ့အပေါ်မှာ အခြေခံစဉ်းစားပေးတာမရှိဘူး။ သူတို့မှာ အမေရိကန် နိုင်ငံသားဆိုတဲ့ ခံယူချက်ပဲရှိတယ်။ နိုင်ငံတနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုဆိုတာ တည်ဆောက်ခဲ့ပုံခြင်း မတူဘူး။ ဖြစ်တည်ပုံခြင်းမတူတာကို သူတို့အနေနဲ့ ထည့်သွင်း စဉ်းစားလေ့မရှိဘူးဆိုတာကို မြန်မာပြည်သူတွေ သတိရှိဖို့ လိုပါတယ်။  

■ ဒါ့အပြင် လက်ရှိ PDF တွေအနေနဲ့ အကြမ်းဖက်/လူသတ်မှုဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်မှန်းမသိ ရောက် သွားတာကလည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ အကြမ်းဖက်မှု လို့ဆိုလိုက်ရင် ဒီနေ့ ကမ္ဘာပေါ်မှာ အဓိက ဖြစ်ပွားတာက နိုင်ငံရေးယုံကြည်ချက်၊ လူမျိုး ရေးမုန်းတီးမှု၊ ဘာသာရေး ယုံကြည်ချက်နဲ့ လူမှု/စီးပွားရေးကို အခြေခံတဲ့ အကြမ်း ဖက်မှုရယ်ဆိုပြီး အကြမ်းဖျဉ်း သတ်မှတ်လို့ရတဲ့အထဲမှာ မြန်မာနိုင်ငံကတော့ ၄ ချက်စလုံး နဲ့ ကိုက်ညီတဲ့ပုံစံအထိရောက်နေတာက အဓိက အခက်အခဲ ပြသနာတရပ် ဖြစ်ပါ တယ်။ နိုင်ငံရေးမကျေနပ်မှုကြောင့် လက်နက်ကိုင်တယ်။ လူမျိုးရေး မုန်းတီးမှု ရှိနေတဲ့ လက်နက် ကိုင်တွေမှာ ပုန်းခိုတယ်။ ဘာသာရေးသွေးခွဲ လိုတဲ့ သူတွေ ဆီက ငွေကြေးထောက်ပံ့မှုရ တယ်။ စီးပွားရေး မကျေလည်မှုတွေကနေ ငွေ ၅ သိန်းလောက်နဲ့ ပျော်ပျော်ကြီး လူသတ်၊ ဗုံးခွဲနေကြတယ်။ တကယ့်ကို ကြောက်စရာ အခြေအနေပါပဲ။ 

■ ဗမာလူမျိုးတွေ မမြင်တဲ့ အချက်တချက်ကတော့ မြန်မာနိုင်ငံဟာ ဗုဒ္ဓ ဘာသာထွန်းကား တဲ့နိုင်ငံဖြစ်တာကြောင့် တခြားနိုင်ငံတွေလို  ဂျီဟတ်လုပ်ဖို့ မလွယ်ကူတာကို သိတဲ့ လူမျိုး တွေက    ပြသနာတခုအပေါ် သွေးခွဲပြီး ဗမာ အချင်းချင်းပြသနာဖြစ်ပွားစေခြင်းကနေ တိုင်းပြည်ဖြိုခွဲဖို့ ကြံစီ နေခြင်း ပါပဲ။ ဒါကို လက်ရှိအချိန်မှာ နိုင်ငံမှာ အခိုင်မာဆုံးဖြစ်တဲ့ တပ်မတော်ဆိုတဲ့ အင်စတီး ကျူးရှင်းကို နည်းမျိုးစုံနဲ့ ဖြိုခွဲနေတာကို ကြည့်ရင် မြင်သာ ပါတယ်။ 

■ တပ်မတော်ပြိုကွဲအောင် နည်းမျိုးစုံအသုံးပြုတဲ့အထဲမှာ အချင်းချင်း ရန်တိုက်ပေးတာ တွေပါတယ်။ အထက်အောက်ဆက်ဆံရေးပြိုကွဲအောင် သွေးခွဲတာတွေပါတယ်။ ရဲနဲ့ စစ်တပ်ကို ရန်တိုက်ပေးတာတွေရှိတယ်။ ပြည်သူနဲ့တပ်ကို သွေးခွဲတယ်။ အနောက် နိုင်ငံတွေက ပေးတဲ့ ငွေကြေးနဲ့ ရပ်တည်နေရတဲ့ မီဒီယာတွေက အချိန်တိုင်း ဒါတွေကိုပဲ ဦးစားပေး ရေးတယ်။ ကာတွန်းတွေမှာ အစ  မိုက်ရိုင်းစော်ကားနေတာတွေကိုလည်း တွေ့မြင်နေရ တယ်။ 
■ အကြမ်းဖက်မှု၊ ဗုံးခွဲမှုတွေဆိုတာ မြန်မာနိုင်ငံနဲ့သိပ်အစိမ်းကြီးတော့ မဟုတ် ပါဘူး။ ဘယ်သူတွေလုပ်ခဲ့သလဲလို့ လက်ညိုးထိုးပြရရင် NCA တောင်ထိခိုက် နိုင်ပါတယ်။ ဥပမာ ပြောပြရရင် ၁၉၉၆ ခုနှစ်မှာ ကမ္ဘာအေးကုန်းမြေက ဘုရား ကိုတောင် ဗုံးခွဲခဲ့ပါတယ်။ ၉၇ မှာ အတွင်းရေးမှူး (၂)အိမ်မှာ ဗုံးကွဲခဲ့သလို ၂၀၀၃ ခုနှစ်မှာလည်း ဖြူးက ရုပ်ရှင်ရုံမှာ ဗုံးကွဲ ခဲ့ပါ တယ်။ ၉၈ ခုနှစ်မှာ မန္တလေးက မြို့မ ရုပ်ရှင်ရုံမှာ ချိန်ကိုက်ဗုံးကွဲခဲ့သလို ၂၀၁၁ ခုနှစ်မှာ လည်း မုဒုံက ဆက်သွယ်ရေးအိပ်ချိန်းရုံးမှာ ဗုံးပေါက်ကွဲခဲ့ဖူးပါတယ်။ ၈၃ မှာ အာဇာနည် ဗိမာန်ကို ဗုံးခွဲခဲ့သလို ခုခေတ်လူငယ်တွေ သိနိုင်သေးတဲ့  X2O ရေကစားမဏ္ဍပ် ဗုံးပေါက် ကွဲမှုတွေကလည်း သူတို့ လက်ချက်တွေကြီးပါပဲ။ ဒါ့အပြင် ၂၀၁၃ မှာ ထရိုက်ဒါးဟိုတယ် ဗုံးခွဲခံရ သလို ၂၀၀၅ ခုနှစ်မှာ တနေတည်းနဲ့ Junction 8 ၊ မြေနီကုန်းဒဂုံစင်တာမှာရှိတဲ့  စီးတီးမက်ခ်၊ ကုန်သွယ်မှု ဗဟိုဌာနဆိုတဲ့နေရာ ၃ နေရာဗုံးခွဲမှုတွေကလည်း သမိုင်းမှာ ထင်ထင်ရှားရှားလေးရယ်။ ဒါပေမဲ့ မတူတာတစ်ခုက အရင်ကတော့ သူတို့လူတွေ ကိုယ်တိုင်လုပ်ခဲ့ကြပေမဲ့ လက်ရှိ G-Z တွေက သူတို့အစားလုပ်ပေးနေတာဖြစ်ပါတယ်။ 

■ လက်ရှိ စစ်အာဏာရှင် ကျဆုံးဖို့အတွက် တော်လှန်ရေးလုပ်နေပါတယ် ဆိုတဲ့ PDF /Gz တွေအနေနဲ့ ငါတို့လုပ်နေတဲ့ လမ်းကြောင်းက အကြမ်းဖက်မှု ဆိုတဲ့ လုပ်ရပ်ကို ဦးတည်နေပြီ ၊ ရောက်နေပြီဆိုတာကို သတိ ပြုမိဖို့လိုပါ တယ်။ လက်ရှိနောက်ကွယ်က ရပ်တည်ပေးနေတဲ့ NUG ဆိုတာကလည်း သူတို့ရဲ့ နောက်ကွယ်ကရပ်တည်ပေးနေတာက  ၈၂ ခုနှစ် နိုင်ငံသားဖြစ်တည် မှုကို ပယ်ဖျက်ခွင့်ရဖို့နဲ့ ဘင်္ဂလီတွေကို ရိုဟင်ဂျာ လူမျိုး အဖြစ် နဲ့  ပုံဖော်ခွင့်ရှိဖို့ ကြိုးစားနေသူတွေရဲ့ ငွေကြေးတွေနဲ့ လည်ပတ်နေကြတာဖြစ်ပါတယ်။ အကြမ်းဖက်ဗုံးခွဲမှုတွေကို သင်ကြားပေးတဲ့  လက်နက်ကိုင်တွေအနေနဲ့လည်း ငါးကြင်းဆီ နဲ့ ငါးကြင်ကြော်နေတာဖြစ်တယ်ဆိုတာကိုလည်း သဘောပေါက်ဖို့ လိုပါတယ်။ 

#ဖိုးစီ
ကပ္ပတိန် ဘစီ