Tuesday, September 7, 2021

လေးစားအပ်သော တော်လှန်ရေး 🍁


ကမ္ဘာတစ်ဝန်းမှာ သမိုင်းစဉ်တစ်လျှောက် တော်လှန်ရေးကြီးတွေ အများကြီး ဖြစ်ခဲ့ကြပါတယ်။ အကြောင်းပြချက်ပေါင်း များစွာနဲ့ ဆင်နွှဲခဲ့ကြတဲ့တော်လှန်ရေးကြီးတွေဟာ သမိုင်းဝင် လေးစားခံရတာတွေရှိသလို မရိုးသားတဲ့ တော်လှန်ရေးတွေမို့ ကျဆုံးကုန်တာတွေလည်း ဒုနဲ့ဒေးပါပဲ။ 

တော်လှန်ရေးတိုင်းမှာ တော်လှန်ရေးအကြောင်းပြချက်ဆိုတာရှိတယ်။ ရည်ရွယ်ချက် ရှိတယ်။ လမ်းစဉ်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံက အသိဉာဏ်နိမ့် လူတန်းစားတွေရဲ့ နွေဦးတော်လှန်ရေးလို လက်နက်မဲ့ပြည်သူတွေနဲ့ တာဝန်ကျ ရဲဝန်ထမ်းတွေကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာဟာ ဘာ တော်လှန်ရေးမှ မဟုတ်ပါဘူး။ သေဒဏ်ကလွဲလို့ အခြားမရှိတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုသာဖြစ်တယ်။ လူ့အဖွဲ့အစည်းကို အကြမ်းဖက်တိုက်ခိုက်မှုသာ ဖြစ်ပါတယ်။ လူယုတ်မာတွေသာ လက်ခုပ်တီးကြမယ်၊ လူကောင်းတွေကတော့ ရွံရှာကြမှာပါပဲ။

ကမ္ဘာ့သမိုင်းကြီးတစ်ခုလုံးကို အပြောင်းအလဲဖြစ်စေတဲ့ တော်လှန်ရေးကြီးတွေဟာ အခုချိန်အထိ သမိုင်းဝင်နေဆဲဖြစ်ပါတယ်။ World Atlas ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ အကြီးဆုံး တော်လှန်ရေးကြီးတွေကို ပြောရရင် - 

 The Russian Revolution (1917) 

ပထမနေရာမှာရှိနေတာကတော့ ရုရှားတော်လှန်ရေးဖြစ်ပါတယ်။ (၂၀) ရာစု အစမှာ ရုရှားနိုင်ငံဟာ ဥရောပနဲ့ ယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး ဆင်းရဲမွဲတေမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ရုရှားဘုရင်စနစ်ကို တော်လှန်ခဲ့တဲ့ (၁၉၀၅) တော်လှန်ရေးဟာ ဆိုးရွားစွာ ကျရှုံးခဲ့ပြီး ဖြိုခွဲခံလိုက်ရပါတယ်။ ဒါပေမဲ့ အဲဒီ တော်လှန်ရေးစိတ်ဓာတ်ဟာ အဲဒီကာလမှာ ပြီးဆုံးမသွားခဲ့ဘဲ (၁၉၁၇) အောက်တိုဘာ တော်လှန်ရေးကြီးကို မွေးဖွားစေခဲ့ပါတယ်။ (၁၉၁၇) အောက်တိုဘာတော်လှန်ရေးကြီးမှာ ဗလာဒီမာလီနင် ဦးဆောင်တဲ့ Bolshevik ပါတီနဲ့ တော်လှန်ရေးသမားတွေဟာ ဆောင်းရာသီနန်းတော်ကို ဝင်စီးပြီး အခင်းအကျင်းသစ်ကို ဖွင့်လှစ်ခဲ့ပါတယ်။

The Chinese Revolution (1911) 

ဒုတိယနေရာမှာရှိနေတာကတော့ တရုတ်နိုင်ငံက ချင်မင်းဆက် (Qing Dynasty) ကို တော်လှန် ဖြုတ်ချခဲ့တဲ့ (၁၉၁၁) တော်လှန်ရေးပါ။ စစ်ရှုံးများနေတဲ့ ချင်မင်းဆက်ကို ဖြုတ်ချလိုတဲ့ တရုတ်ပြည်သူတွေဟာ ထင်ရှားတဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ ဆွန်ယတ်ဆင်ရဲ့ ဦးဆောင်မှုအောက်မှာ တော်လှန်ရေးတစ်ခု အစပြုခဲ့ကြတယ်။ အဲဒီတော်လှန်ရေးဟာ (၁၉၄၅) ခုနှစ် တရုတ်ကွန်မြူနစ် တော်လှန်ရေးကြီး (Chinese Communist Revolution 1945) ကို လမ်းခင်းပေးခဲ့ပြီး ဒီနေ့ခေတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံရယ်လို့ မွေးဖွားစေခဲ့ပါတယ်။ 

The Haitian Revolution (1791 - 1804) 

တတိယနေရာမှာ ရှိနေတာကတော့ ဟေတီ တော်လှန်ရေးဖြစ်ပါတယ်။ ပြင်သစ်တော်လှန်ရေးကြီးရဲ့ သက်ရောက်မှုအဖြစ် ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့တဲ့ ဟေတီ (ထိုစဉ်က Saint Domingue) ကျွန်တွေဟာ ကျွန်ပိုင်ရှင် ပြင်သစ်တွေကို တော်လှန်ခဲ့ကြတယ်။ (၁၇၉၁ ဩဂုတ်လ ၂၂ ရက်) မှာ ကျွန်ဖြစ်ခဲ့ရသူ တစ်သိန်းကျော်ဟာ တော်လှန်ရေးကြီးထဲကို ပူးပေါင်းပါဝင်ပြီး တက်ကြွစွာ လှုပ်ရှားခဲ့ကြပါတယ်။ 

ဒါကတော့ ထိပ်တန်း တော်လှန်ရေးကြီးတွေဖြစ်ပြီး သူတို့ရဲ့နောက်မှာ - 

The French Revolution  (1789 - 1799)(ပြင်သစ်တော်လှန်ရေး) နဲ့ The American Revolution (1765 - 1783) (အမေရိကန် တော်လှန်ရေး) တို့ ရှိနေပါတယ်။ 

ယှဉ်ထိုးသုံးသပ်ကြည့်ရရင် ကမ္ဘာ့သမိုင်းရဲ့ ထိပ်တန်း တော်လှန်ရေးကြီးတွေဆိုတာ အပြောင်းအလဲကြီးတွေအတွက် တိုက်ရိုက်စိန်ခေါ်တာပါ။ ကျွန်တော်တို့ နိုင်ငံက အောက်တန်းစား နွေဦးတော်လှန်ရေးသမားတွေလို စစ်ဌာနချုပ်တွေကို မထိရဲတိုင်း အရပ်သားတွေကို သတ်ပြီးပြေးနေတာမဟုတ်ဘူး။ 

ရုရှားတော်လှန်ရေးကြီးကို ကြည့်ရင် ဆင်းရဲတဲ့ ရုရှားနိုင်ငံကြီးကို ပြုပြင်ပြောင်းလဲဖို့ လုပ်ခဲ့တဲ့ အဲဒီတော်လှန်ရေးကို ဗလာဒီမာလီနင် (Vladimir Lenin) လို ကမ္ဘာ့အဆင့် ခေါင်းဆောင်ကြီးက ဦးဆောင်ခဲ့ပြီး ရုရှားတပ်နီတော်ကြီးကအစ ပူးပေါင်းခဲ့တာပါ။ ဒီနိုင်ငံက ပေါတောတော တော်လှန်ရေးသမားတွေလို အီးမေးလ်ထိုင်ရေနေမယ့် ငကြောင်တွေမဟုတ်ဘူး။ 

တရုတ်တော်လှန်ရေးကြီးကို ကြည့်ရင်လည်း ဒေါက်တာ ဆွန်ယတ်ဆင်တို့လို အဆင့်မြင့် ခေါင်းဆောင်တွေနဲ့ စနစ်တကျ လမ်းစဉ်တွေနဲ့ အဆင့်ဆင့်လုပ်သွားတာပါ။ ဝရမ်းပြေး ဇော်ဝေစိုးတို့လို ဘာမသိ ညာမသိ ဒီဒေးသမားတွေမဟုတ်ဘူး။ တရုတ်ကွန်မြူနစ်ပါတီဟာ ထောင်ထွက်တွေနဲ့ မဲခိုးတဲ့ပါတီမှ မဟုတ်တာ။ 

တတိယတစ်ချက် ဟေတီတော်လှန်ရေးကြီးမှာဆိုရင် ကျွန်ပေါင်း တစ်သိန်းကျော် ပူးပေါင်းလာတဲ့ထိ လူထုကြားမှာ စည်းရုံးအား ကောင်းခဲ့တာပါ။ ဒီနိုင်ငံက နွေဦးတော်လှန်ရေးသမားတွေလို လုပ်စား၊ လိမ်စား၊ မွစာတက်၊ လူသတ် ပွဲပျက်နေတဲ့ အောက်တန်းစားဆန်ဆန် တော်လှန်ရေးမှ မဟုတ်ခဲ့တာ။ 

ဒီတော့ ကျွန်တော် ပြောချင်တာက - 

- အနေအထားတစ်ခုကို ပိုကောင်းစေချင်တဲ့အခါ တော်လှန်ကြပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။ သို့သော် အောက်တန်းမကျဖို့ လိုပါတယ်။ 

- စိတ်ဓာတ် အောက်တန်းကျပြီဆိုတာနဲ့ အဲဒီ တော်လှန်ရေးက စပြီး ကျရှုံးပါပြီ။ အပြစ်မဲ့ အရပ်သားတွေကို ပစ်မှတ်ထားနေသရွေ့ ဘယ်တော့မှ မအောင်မြင်ဘူး။ 

- တော်လှန်ရေးလုပ်ဖို့ဆိုရင် စေတနာမှန်ဖို့လိုပါတယ်။ စိတ်ဓာတ်ကောင်းပြီး ပညာရှိဖို့လိုတယ်။ ဒါမှလည်း ကောင်းမွန်တဲ့ ရလဒ် ရပါလိမ့်မယ်။ လီနင်တို့ ဆွန်ယတ်ဆင်တို့ဆိုတာ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူနေတာမဟုတ်ဘူး။ 

- အပြစ်မဲ့ ပြည်သူတွေကို သွေးအေးစွာ သတ်ဖြတ်သွားကြတဲ့ လုပ်ရပ်ကိုတော့ ပြင်းထန်စွာ ရှုံ့ချပါတယ်။ သေဒဏ်ချမှတ်ခံရရင်တောင် ငိုမပြကြဖို့ မျှော်လင့်တယ်။ အမြန်ဆုံး ဖမ်းမိစေချင်ပါတယ်။ 

အခြေအနေမကောင်းရင် ထွက်ပြေးကြတဲ့ ခေါင်းဆောင်တွေနဲ့၊ အသိဉာဏ်ရော သိက္ခာပါမရှိတဲ့ လူမိုက်တွေ ပေါင်းထားတဲ့အခါ ဒါဟာ ဘယ်လိုသမိုင်းဖြစ်မှာပါလိမ့်။ တော်လှန်ရေး - လို့ ခေါင်းစဉ်တပ်ဖို့တောင် သေးနုပ် နိမ့်ကျလွန်းပါတယ်။ 

သန့်နေစိုး (5. Sept. 2021) 

#Notice to Facebook Myanmar Team, this article is about the greatest revolutions in the world's history. Nothing violates the community standards of Facebook. 

For further information, please visit the following link, 

https://www.worldatlas.com/amp/articles/the-10-most-important-revolutions-of-all-time.html