Tuesday, September 7, 2021

ဘောမခြင်း အနုပညာ


          ထိုင်းနိုင်ငံမှာ ဘုရင်မျိုးဆက် အခိုင်အမာ ရှိနေသေးတဲ့ အတွက် နန်းတွင်းသုံး တော်ဝင် ပုဏ္ဏားဖြူ ၊ ပုဏ္ဏညို တွေဟာ ယနေ့တိုင် သြဇာအာဏာ ကြီးနေဆဲ အပူဇော်ခံ အကြံပေးများအဖြစ် ရပ်တည်နေနိုင်ကြဆဲ ဖြစ်ပါတယ် ။ 

        ထိုင်း နန်းတွင်းမှာ ထင်ရှားတဲ့ နမိတ်ဟော တခု ရှိနေခဲ့ပါတယ် ။ ထိုင်းရဲ့ ရန်သူတော် မြန်မာနိုင်ငံမှာ တနေ့ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးကဲ့သို့ ဘုန်းတန်ခိုးရှင် တဦး ပေါ်လာမယ်တဲ့ ။ 

      အဲဒီ ဘုန်းတန်ခိုးရှင်နဲ့ သင့်မြတ်မှသာ ထိုင်းနိုင်ငံလည်း စည်ပင် ဝပြောလိမ့်မယ်လို့ ကြိုတင်ဟောပြောခဲ့ပါတယ် ။ ပရောဟိတ်တွေ ဟောပြောတဲ့ ဆင်ဖြူရှင်ကို စောင့်ကြည့်နေတဲ့ ထိုင်း နန်းတွင်း ပညာရှင်များဟာ တပ်ချုပ်ကြီးမင်းအောင်ကို မြန်မာ့ဆင်ဖြူရှင်မင်း အဖြစ် အတိအကျ တညီတညွှတ်တည်း  ဟောကိန်းထုတ်ကြပါတယ် ။ 

       ဒီဟောကိန်းများ အရ ထိုင်းနိုင်ငံဟာ တပ်ချုပ်ကြီးကို ဆင်ဖြူရှင် ဘွဲ့  ပေးအပ်ပြီး ကြိုတင် မဟာမိတ် ဖွဲ့လိုက်ကြပါတယ် ။ 

        နောက် မြန်မာပညာရှင် တဦးကလည်း တပ်ချုပ်ကြီးမိသားစု နဲ့ ရင်းနှီးတော့ လက္ခဏာ နဲ့ တဘောင် ပညာအရ ဟောပြောရာမှာ မြန်မာပြည်မှာ မင်း ဖြစ်မယ့် အကြောင်း ဟောပြီး တပ်ချုပ်ကြီး ရဲ့ မင်းဧရာဇ်တို့သာ ရှိတတ်သော လက္ခဏာများ ကို ညွှန်းဆိုပြသခဲ့တဲ့ အပြင် တပ်ချုပ်ကြီးကတော် ရဲ့ မိဖုရားခေါင်ကြီးတို့သာ ပါလေ့ရှိတဲ့ လက္ခဏာများ နဲ့ ယှဥ်တွဲ အဟောထုတ်ခဲ့ပါတယ် ။

      အံ့သြစရာ ကောင်းတာက အဲဒီ ဟောပြောတဲ့ ကာလတုန်းက ဦးသိန်းစိန် လက်ထက်ဆိုတော့ လင်မယား နှစ်ယောက်လုံး ပြုံးရုံပဲ ပြုံးနေကြရတဲ့ အချိန်ပါပဲ ။ ထူးခြားချက် တခုကြားရတာက လူတိုင်း အသက်ကူလမ်းကြောင်း ပါလေ့ မရှိသလို ပါရင်လည်း တကြောင်းပဲ ပါကြပေမယ့် တပ်ချုပ်ကြီးက အသက်ကူလမ်းကြောင်း နှစ်ကြောင်းတောင် ပါတဲ့ အတွက် သူ့ဘုန်းကံကို ဘယ်သူမှ လုပ်ကြံလုယူလို့ မရနိုင်ဖူးလို့ ဆိုပါတယ် ။ 

       နောက်ထပ် ထူးခြားတဲ့ အပြီးသတ် အဟောကတော့ တပ်ချုပ်ကြီး အထွဋ်အထိပ်ရောက်ခါနီးရင် အင်မတန် ထူးခြားတဲ့ ဒါး နှစ်လက် ရောက်လာလိမ့်မယ် ၊ ဒါဆိုရင် 100 % မင်းဧရာဇ် ဖြစ်လိမ့်မယ်လို့ အပြီးသတ် ရဲဝင့်စွာ ဟောကိန်းထုတ်ခဲ့ပါတယ် ။ 

        ထူးခြားစွာပဲ တပ်မတော် နဲ့ NLD တို့ တင်းမာနေချိန်မှာ ဂျပန်ဝန်ကြီးချုပ်က တပ်ချုပ်ကြီးကို ဒါးတချောင်း လက်ဆောင် ပေးအပ်ခဲ့ပြီး မကြာခင်မှာပဲ ရုရှားကာကွယ်ရေး ဝန်ကြီးက နောက်ထပ် ဒါးတချောင်း ထပ်မံ၍ လက်ဆောင်ပေးအပ်သွားပြန်ပါတယ် ။ 

       ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ ပညာရှင်ရဲ့ ဟောကိန်း ပြီးပြည့်စုံစွာ မှန်ကန်သွားရပါပြီ ။ 

        ကဲ ဘောမတယ် ဆိုတာ အဲသလို မှန်ကန်တဲ့ အချက်အလက် ၊ တိကျတဲ့ အဖြစ်အပျက် အမှန်တွေ နဲ့ မရတယ် ဘော်ဒါတို့ရေ ။ မဟုတ်မဟတ် လုပ်ကြံဇာတ်တွေနဲ့ မနေရင် အ မ ခံရသူ အကျိုးမရှိပဲ ဖြစ်တတ်တယ် ကြည့်မ ကြပါ ။ 

        ဘောမ နည်း သင်တန်းဖွင့်ခါနီးပြီ ။ 

မှတ်ချက် ။       ။ လူသိနည်းသော ကိစ္စရပ်များအား ဗဟုသုတ ရစေရန် အလို့ငှာ ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ် ။ 

     ကိုရွှေမျိုးဝင်း