Tuesday, September 7, 2021

ကျွန်တော်တို့လိုချင်တာ တိုင်းပြည် နဲ့လူမျိုး ဘာသာ သာသနာအတွက် ကာကွယ်စောင့်လျှောက်မယ့် ဒီလိုခေါင်းဆောင်မျိုး


မြန်မာနိုင်ငံဟာ
လူ့အခွင့်အရေးနှင့်အုပ်ချုပ်တဲ့ နိုင်ငံမဟုတ်ဖူး
အမျိုးသားရေးရှေ့တန်းတင်ပြီး
အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲတဲ့ နိုင်ငံဖြစ်တယ် **

ဒါ့ကြောင့် တိုင်းရင်းသား ၁၃၅ မျိုးအတွက်
အခွင့်အရေးမှတစ်ပါး
မည်သည့်လူမျိုးကိုမှကြည့်စရာမလိုဘူး **

မိမိနိုင်ငံဥပဒေဟာ
မိမိလူမျိုးအတွက်သာဖြစ်ရမယ် 
နိုင်ငံရေးဝင်ရောက်စွက်ဖက်မှု
ဘာသာရေးဝင်ရောက်စွက်ဖက်မှု
လူ့အခွင့်အရေးအော်ပြီး
နိုင်ငံကိုမတည်ငြိမ်အောင်လုပ်သူများကို
ဆန့်ကျင်ရမည်မှာ မြန်မာလူမျိုးများ၏တာဝန်ဖြစ်တယ် **

လက်ရှိ ၂၀၀၈ အခြေခံဥပဒေဟာ
ခေတ်နှင့်အညီအားနည်းချက်မရှိပါဘူး 
အားနည်ချက်မရှိခြင်းသည်ပင်
နိုင်ငံရေးသမားအများစုကို
အားနည်းစေတယ်
လူ့အခွင့်အရေးသမားများကို
စိတ်ပျက်စေတယ် **

အခြေခံဥပဒေကိုရေးဆွဲခဲ့တဲ့
ပညာရှင်များကို လေးစားမဆုံးဖြစ်မိတယ်
ပညာရှိတို့ဟာ ကောင်းသောလမ်းကြောင်းများကို
ပညာမဲ့အသိုင်းဝိုင်းတို့ ထိုးမဖောက်နိုင်ခြင်းမှာ
လက်တွေ့မျက်မြင်ပင်ဖြစ်တယ် **

မိမိလူမျိုးမှတစ်ပါး
လူမျိုးခြား ဘာသာခြားတို့ရဲ့
မျက်နှာကိုကြည့်စရာမလိုအောင်
ပြည့်စုံလွန်းလှတယ် **

အဲ့ဒါကြောင့် တပ်မတော်အနေနဲ့ 
ရှေ့လျှောက် လုပ်သင့်တာကို ပြတ်ပြတ်သားသား
လုပ်ကိုင်သွားမှာပါ ***

ပြည်တွင်းငြိမ်းချမ်းရေးကတော့ 
ရက်တစ်ခု သတ်မှတ်ရလိမ့်မယ် 
ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ပြည်တွင်းစစ် ကင်းစင်အောင်
တပ်မတော်အနေနဲ့ ရက်တစ်ခုကိုသတ်မှတ်ရလိမ့်မယ် **

ခေါ်တုန်းလာလေ နွေးနွေးထွေးထွေး ကြိုမယ် 
မလာတော့လဲ မလာသလို လုပ်ရမှာပေါ့ **

Credit