Tuesday, September 7, 2021

အဖြစ်မှန်ကို ရေးတင်မိလျ င် Psywar ဖြစ်သွား၍ အဆဲခံရ


4-9-2021

 လက်ရှိ   PDF.      တဦး၏ ရင်ဖွင့်သံ
မူရင်းပို့စ် ပါအတိုင်းဖော်ပြထားသည် ၊

မူရင်းလင့်၊

https://www.facebook.com/100069864427668/posts/135118078827006/

(ဤနေရာမွ စသည်)
လွတ်မြောက်နယ်မြေထဲမှာရောက်နေရတဲ့
တော်လှန်းရေး သူတောင်းစားလေးတွေ ဘဝကတကယ်ကိုမလွယ်ပါဘူးဗျာ...
NUG နဲ့ ချိတ်ဆက်ပါဆိုလို့ အစောကြီးထဲက ချိတ်ဆက်တယ် အခုချိန်အထိ ဘာအထောက်ပံမှမရရှိသေးပါဘူး..
ဆယ်လီကြီးတွေနဲ့ ချိတ်ဆက်ပါဆိုလို့ အပြေးအလွှား ဆယ်လီတွေဆီအကူညီတောင်ပြန်တော့ သူတို့က ပြန်ညည်းပြတာနဲ့ ကိုယ်တောင်သနားသွားမိတယ်...
တစ်ချို့အလှူရှင်တွေက နာမည်ကြီးမှ လှူချင်ကြတယ်...
တစ်ချို့အလှူရှင်တွေက ဂုဏ်ပြုမှတ်တမ်းလွှာပေးနိုင်မှ လှူချင်ကြတယ်...
အခုချိန်အထိ ဘယ်သူဌေးကမှ ကျနော်တို့ကို မလှူဖူးသေးဘူး..
ကျနော်တို့တောထဲက ရဲဘော်လေးတွေ
အစားအသောက် အခက်ခဲတွေ ဆေးဝါး မပြည့်မစုံ ဖြစ်နေတာတွေကိုမြင်တွေ့နေရတာကို သနားလို့ 
ပြည်တွင်းပြည်ပက သူငယ်ချင်း မိတ်ဆွေ ညီအကိုမောင်နှမ တွေက သူတို့ချွေးနည်းစာလေးထဲကနေ မျှဝေပြီး ကူညီလှူပေးနေကြရတာ အရမ်းလည်းကျေးဇူးတင်ပါတယ်...

ကျနော့်ရဲဘော်တွေ အဆင်ပြေဖို့အတွက်
အလှူခံရတာလည်းအားနာလာပြီ
လိုအပ်ချက်တွေကအများကြီးရှိနေပါတယ်...
အချင်းချင်း လည်းအတိုက်ခိုက်ခံရ အစွပ်စွဲခံရ မုန်းတီးခံရနဲ့ တကယ်ကိုမလွယ်ဘူးဗျာ...

ဒါပေမဲ့ ဒီလမ်းကိုရွေးပြီးကတည်းက နောက်ဆုတ်ဖို့ဆိုတာလုံးဝမရှိဘူး တော်လှန်းရေးကိုပြီးဆုံးသွားတဲ့အချိန်အထိ နိုင်အောင်တိုက်သွားမှာ ဘယ်လောက်အခက်ခဲတွေရှိရှိ ကျော်ဖြတ်သွားမယ်...
တစ်ခါတစ်လေတော့ လူပဲဗ်ာ
စိတ်ဓာတ်တွေကျမိလိုက်တိုင်း 
သြေ်ာ ငါ့ရဲဘော်လေးတွေအတွက် ငါအားလျော့လို့မဖြစ်ဖူးလို့ ကိုယ့်ကိုကိုယ် အားတင်းရင်း အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ဆုံးဖြတ်ထားတယ်...

ဘန်ကောက်ကနေ ဆင်းလာပြီး စစ်အာဏာရှင်ကို
လက်နက်ကိုင်တော်လှန်ဖို့ တောထဲရောက်လာတုန်းကလည်း ကျောပိုးအိပ်တစ်လုံးပဲပါလာတယ်
တော်လှန်းရေးပြီးလို့ မသေပဲကျန်ခဲ့မယ်ဆိုရင်လည်း ကျောပိုးအိပ်တစ်လုံးနဲ့ပဲ ရွာကိုပြန်သွားမှာပါ
ပိုင်ဆိုင်မှု့ ရာထူးနေရာ အာဏာတွေဆိုတာ သေရင်ယူဆောင်သွားလို့ မရတဲ့ အရာတွေပါ...

အရေးတော်ပုံ အောင်ရမည်

#SaiNayLin
လွတ်မြောက်နယ်မြေ တစ်နေရာမှ

လေးလေးမော့ဆက်
     Marshal
Credit