Tuesday, September 7, 2021

သတင်းစုံ


       ကိုစိုးတယောက် ရောက်လာပြန်တော့ လက်ဖက်ရည်ဆိုင်ချီတက် လေကန်ပေါ့ ဗျာ.....

"ငမျိုးရေ ဟိုဖက်ရပ်ကွက်ကတော့ D Day စပြီ ဆိုပဲ ကွ ''

"သူ့ဘာသာ ဒီဒေး စ စ ဟိုဒေး စစ သူ့ကောင်တွေက ဘဝပျက်နေကြတာ အတုံးအရုံး ဂယောင်ခြောက်ခြား ကလေးကွက်တွေ ထလုပ်နေတာပါ ''

"နေပါအုံး သူတို့မူလအစီအစဉ်က.....''

"EAOs တွေ နဲ့ ပူးပေါင်းပြီး ပြည်မထဲ စိမ့်ဝင်ထားတဲ့ PDF GZ တွေ နဲ့ တပြိုင်နက်တည်း ချမယ်ဆိုတဲ့ အိပ်မက်ရှိခဲ့တယ် ဗျ ''

"ပြည်တွင်း အသာထားအုံး သူတို့ ပထွေးတော်ထားပြီး မြှောက်ပေးနေတဲ့ KIA နဲ့ KNU တောင် ဘဝပျက်နေမှပဲ ကွာ ''

"အဲဒါကို မအူမလည်တွေ မသိအောင် DBV ၊ ဧရာဝတီ ၊ မစ္စျိမ ၊ မြန်မာနောင်း ၊ ခေတ်သစ် တို့လို ပြည်ဖျက် မီဒီယာတွေကနေ စစ်သားတွေ ဘယ်လောက်ကျနေပြီ ဆိုပြီး ဝါဒဖြန့်နေရတာ ပေါ့ ဗျာ အမှန်က KIA တို့ KNU တို့ ဆိုတာ ဘယ်သူ့ပြန်ပစ်ရမှန်း မသိမှန်း အမြှောက်ဒဏ် ၊ ဗုံးဒဏ် နဲ့ မရှုမလှ ဖြစ်နေတာလေ ''

"တောတွင်း PDF တွေ အခြေအနေ ဘာကြားသေးလဲ ''

"နယ်ဒါးမြဆိုတဲ့ ဘိုမြ သားဆီက ပြေးလာတဲ့ GZ တွေ ထိုင်းရဲဖမ်းမိတော့ ထွက်ချက်ပေးနေကြတယ် GZ အမ ၂၀၀ ကျော် KNU က အုပ်စုဖွဲ့ မုဒိန်းကျင့် သတ်ပစ်ပြီး ၊ GZ ကျား ၇၀၀ ကျော် ဒလံဆိုပြီး သတ်ပစ်လို့ အခုဆို ၃၀ လောက်ပဲ ကျန်တော့ တယ်တဲ့ ''

"ကောင်းကွာ မြို့ပေါ်မှာ အပြစ်မဲ့ အရပ်သားတွေကို ဒလံဆိုပြီး ရက်စက်ခဲ့သမျှ အခု ကိုယ့်သခ်ျိုင်းကို ကိုယ့်စရိတ်နဲ့ သွားပြီး အသတ်ခံရတာ ဝဋ်ကြွေးတွေပဲ ကွ ဒါဆို သူတို့ D Day က ''

"သြော် မြို့ပေါ်က အကြွင်းအကျန် PDF နောက်မြှီးဆွဲ သက်သက် နဲ့ စောက်ရူးထလုပ်တော့လည်း လိုက်ရှာနေရတဲ့ လင်ယုန်တွေ အတောင်ညောင်း သက်သာတာပေါ့ မြန်မြန် လုပ်ပါစေ ဆုတောင်းရုံပေါ့ ဗျာ ''

" အာဆီယံက လေးလ အပစ်ရပ် ကိစ္စကရော ''

"သြော် ဒါများဗျာ အကြမ်းဖက်ကို ကမ္ဘာက လက်မခံသလို မြန်မာကလည်း လက်မခံဖူး အကြမ်းဖက် နဲ့ ပတ်သက်နေတဲ့ EAOs တွေကိုလည်း လက်မခံဖူး တိုက်ရမှာပဲ လို့ အကြောင်းပြန်တယ် ကြားတာပဲ ဗျ ''

"Good တယ်ကွ ဒါမျိုးမှ ဒါနဲ့ လိုင်ဇာကို မတိုက်သေးဖူးလား ကွ ဝေဖန်နေကြပြီ ''

"ဘာတွေ ချိန်ဆနေရသလဲ ဆိုတာ ကျနော်တို့ မသိနိုင်လို့ မဝေဖန်ချင်ပါဘူး ဒါပေမယ့် မတိုက်ခဲ့ရင်တော့ နောက်နောင် တပ်မတော် နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး စကားတွေ ဘယ်လိုပဲ ဆိုဆို ၊ တိုင်းရင်းသားအချင်းချင်းမို့ ဘယ်လိုသက်ညှာတယ်ပဲ အကြောင်းပြပြ ဗမာတွေကတော့ တပ်မတော်ကို ယုံကြည်မှာ မဟုတ်တော့ဖူး သူပုန်မွေးမြူရေး လုပ်ပြီး တိုင်းပြည်ကို မွဲတေအောင် လုပ်နေတာလို့ အသဲစွဲသွားမှာ အသေအချာပဲ ''

"ဒါဆို လိုင်ဇာကို ချေမှုံးပစ်မှသာ တပ်မတော်ရဲ့ ဂုဏ်သရေကို ဆယ်နိုင်မယ်ပေါ့ လိုင်ဇာ ကျဆုံးခြင်း နဲ့ တပ်မတော်ဂုဏ်သိက္ခာ ပြောင်းပြန် အချိုးကျနေတယ်ပေါ့ ''

"အမှန်ပဲ လိုင်ဇာမကျရင် တပ်မတော်ရဲ့ ဂုဏ်သိက္ခာ လုံးဝ ကျဆုံးပြီ လို့ ဆိုနိုင်ပါတယ် ''

"အင်း တိုက်မယ် လို့ ယုဆတာပဲ ကွာ တပ်မတော်လည်း အဲသလောက်တော့ သိကောင်းပါရဲ့ ပြည်သူ့အသံ နားထောင်ရင်ပေါ့လေ...... ဒါနဲ့ မနေ့က ပြည်ပကမြန်မာတွေကို ခေါ်ဖို့ တပ်ချုပ်ကြီး ပြောသေးတယ် ကွ ''

"လုပ်ပေးသင့်တဲ့ ကိစ္စပဲလေ ဗျာ ပြည်ပက မြန်မာတွေကလည်း သံရုံးတွေကို ကိုယ်တိုင်သွားပြီး အခက်အခဲတွေ တင်ပြကြပါ ၊ အကူညီမပေးရင် လိုင်းပေါ် တင်ကြပါ သံရုံးဝမ်ထမ်းတွေ စုတ်ပဲ့နေကြတာ နိုင်ငံတော် အဆင့်က သိရင် မနေပါဘူး ကူညီပါလိမ့်မယ်လို့ ပြောချင်တယ် ဗျာ ''

"အမှန်ပဲ ဖရဲသီး သံဝန်ထမ်းတွေကို အထောက်အထားတွေနဲ့ ဖော်ထုတ်ကြစမ်းပါ ဒါမှ အစိုးရအတွက် လုပ်ရက်ုင်ရ လွယ်ကူပြီး ပြည်ပရောက် မြန်မာတွေ အတွက် အကျိုးရှိပါလိမ့်မယ် ဒါပေမယ့် ငမျိုးရေ ပြည်ပက မြန်မာအများစုကလည်း အနီတွေလားလို့  ''

"သူ့ဘာသာ နီနီ စိမ်းစိမ်း ပြည်ပကနေ သူ့မိသားစုအတွက် ငွေရှာပေးနေတာ မြန်မာတွေပဲ ၊ မြန်မာတွေကို ကူညီရမှာ သံရုံးရဲ့ တာဝန်ပဲ နီတာ စိမ်းတာ မဆိုင်ဘူး ဒီမိုကရေစီ ပဲ ''

"အေး ဒါလည်းဟုတ်တယ် ပြည်မထဲက GZ လေးတွေကို ဘာသတိပေးချင်သေးလဲ ငမျိုး ''

"သရဝဏ် ပြည် လို လူယုတ်မာက သူ့သား GZ ကိုတော့ အမေရိကန်ထိ လွတ်ရာလွတ်ကြောင်း ခေါ်သွားပြီး သူများသားသမီး GZ တွေကြတော့ အသက်ထွက် ဘဝ ပျက်အောင် မြှောက်ပေးနေတဲ့ ယုတ်မာမှုကို မြင်အောင်ကြည့်ပြီး လမ်းမှန်လျှောက်ကြလို့ သတိပေးလိုက်ချင်တယ် ဗျာ ''

"အေး ထင်ရှားတဲ့ ဥပမာပဲ ကွ နောက်ပြီး ဆရာတော် လွတ်ပြီဆိုတဲ့ သတင်းကောင်းလည်း ဘာထူးခြားမှု ရှိသလဲ ကွ ''

" ဆရာတော်က လွှတ်ပေးဖို့ 100 % ဖြစ်ပြီးသားပါ ၊ ကျနော်ချိန်ဆမိတာကတော့ ဘူးလက်ကြီးတို့နဲ့ အတူ လွှတ်ပေးလို့ ရပါလျှက်နဲ့ ထိမ်းထားတာ အကြောင်းရှိမယ် ဗျ ''

"ဘာအကြောင်းတွေလည်း ကွ ''

"GZ တွေ ရဲ့ ပစ်မှတ်က ဆရာတော်ပဲ ဗျ PDF တွေ သောင်းကျန်းနေဆဲ ကာလမှာ ဆရာတော်ရဲ့ လုံခြုံရေးက စိုးရိမ်ဖွယ် ရှိနေပြီး တပ်မတော်ရဲ့ ကျုံးသွင်းဗျူဟာကြောင့် စိတ်မရှည်တတ်တဲ့ ဆရာတော်က တပ်မတော်ကို အမျိုးသားရေး အင်အားစုနဲ့ ပြန်ပြီးကန့်လန့်တိုက်မှာကိုလည်း တွက်ဆပြီး ထိမ်းထားပုံ ရပါတယ် ''

"အခုလို လွတ်လိုက်တော့.....''

"PDF GZ တွေကို တပ်မတော်က အစွမ်းကုန် ချေမှုံးနေလို့ ဆရာတော်နဲ့ ထိပ်တိုက်တွေ့စရာ မလိုတော့ဖူး ဆိုတဲ့ အနေအထားရယ် ဆရာတော်အတွက် စိုးရိမ်လောက်တဲ့ အင်အား PDF မှာ မရှိတော့ပဲ ချိနဲ့ သွားပြီ ဆိုတဲ့ ကောက်ချက် ချလို့ ရတာပေါ့ ဗျာ ''

"အေး ဆရာတော်ရဲ့ လုံခြုံရေးကတော့ လွှတ်ပေးပါ အော်နေကြတဲ့ အမျိုးသားရေးသမားတွေ လက်ထဲ လုံးဝ ရောက်သွားပြီဟေ့ ပေါ့ဆလို့ မရဖူးနော် ''

"အစိုးရကလည်း စောင့်ရှောက်မှာပါ အရဲကိုးမယ့် PDF GZ လည်း ဘဝပျက်ဖို့ ရှိတာပေါ့ မလွယ်ပယဘူး ဆရာတော်ရဲ့ အတွေ့အကြုံကလည်း မခေလှပါဘူး ဗျာ ''

"ကဲ ကျေနပ်ပြီကွာ သတင်းလဲစုံပြီ ပြန်ကြစို့ ''

      ကိုရွှေမျိုးဝင်း

(ဘယ်အနေထား ရောက်နေပါစေ ကြံဖန် မြှောက်ပေးတာကိုပဲ ဂုဏ်ယူ ကျေနပ်နေတတ်တဲ့ န လ ပိန်း တုံး GZ လေးတွေ အတွက်.....)