ဒီကနေ့ ဖြစ်ပျက်နေတဲ့ နိုင်ငံရဲ့ အခြေအနေ နဲ့ တပ်မတော်ရဲ့ အနေအထား ၊ လုပ်ဆောင်ချက်တွေကို သုံးသပ်ကြည့်မိပါတယ် ။
၈၈ တပ်မတော်ရဲ့ လုပ်ဆောင်ချက်များဟာ ပထမဆုံး နိုင်ငံတော်ကို ငြိမ်ဝပ်ပိပြားအောင် စတင်ကိုင်တွယ်ပါတယ် ။
တရားဥပဒေ စိုးမိုးပြီ ဆိုမှ ကျန်တဲ့ ပြုပြင်ပြောင်းလဲမှုကဏ္ဍတွေကို ဆက်လုပ်ပါတယ် ။
ဒီတော့ နိုင်ငံတကာရဲ့ ဖိအားတွေအောက်ကနေ လုပ်စရာရှိတာ လုပ်ပြရင်း တိုးတက်မှု အများဆုံး ကာလ အဖြစ် ဦးသန်းရွှေ ဖော်ဆောင်နိုင်ခဲ့ပါတယ် ။ နိုင်ငံရေး အရွေ့ကိုလည်း အာဏာရှင်ဆိုတဲ့ ဦးသန်းရွှေဟာ သွေးမြေ တစက်မျှ မကျစေပဲ အညင်သာဆုံး ကူးပြောင်းပေးခဲ့ပါတယ် ။
နဝတ ၊ နအဖ အတွက် အောင်မြင်မှု ရေသောက်မြစ်ကတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အဖျက်တွေကို အငုတ်အတက်ကစ အပြတ်ရှင်းပေးနိုင်တဲ့ စွမ်းရည်မြင့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေကြောင့် ဆိုတာ သေချာပါတယ် ။
ဒါက ဖြစ်ထွန်းမှုတွေပါ ။ အပျက်သဘောဖက်က ပြန်ကြည့်မယ်ဆိုရင် တပ်မတော်ကို အမုန်းမီးတောက်လောင်အောင် အမြဲမီးထိုးပေးနေတဲ့ မီဒီယာလောကအား ငါတို့ မှန်နေတာပဲ ဆိုပြီး မြန်ဆန်မှန်ကန် ထိရောက်တဲ့ မီဓီယာ တုန့်ပြန်မှု မပြုလုပ်နိုင်ခဲ့ပါဘူး ။
အဲဒီလို မီဒီယာကဏ္ဍရဲ့ ညံ့ဖျင်းမှုကြောင့် ကလေးငယ်တွေရဲ့ ရင်ထဲမှာ အမုန်တရား မွေးမြူပေးခြင်း ခံခဲ့ရပြီး ဘာမှ မသိပဲ တပ်မတော်ကို မုန်းတီးကုန်ပါတယ် ။
နောက်တချက်က နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ များစွာရရှိသွားပြီး ပူးတွဲပါလာတဲ့ လာဘ်လာဘ ၊ ခံစားခွင့်တွေကြောင့် တပ်မတော် ဗိုလ်ချုပ်ကြီးတွေ အဆမတန် ချမ်းသာသွားကြပြီး သူခိုးတွေလို့ ပုပ်ခတ်ခံခဲ့ရပါတယ် ။ အမှန်ကတော့ အဲဒီ နိုင်ငံရေးရာထူးများဟာ ဘယ်သူရရ ( စစ်သားဖြစ်စေ ၊ အရပ်သားဖြစ်စေ) ချမ်းသာနိုင်တဲ့ ခံစားခွင့်တွေ ရှိနေပါတယ် ။
နိုင်ငံတကာနဲ့ အထူးသဖြင့် အနောက်အုပ်စုရဲ့ ဆန်ရှင်ကြောင့် တပ်မတော်ရဲ့ တိုးတက်ရေး ဆောင်ရွက်ချက်များဟာ 50 % မျှ အဟောသိကံ ဖြစ်ခဲ့ရတာလည်း အမှန်ပါပဲ ။ ထို့အတူ နှောက်ယှက်နေသော ဒေါ်စုကြည်ကြောင့်သာ တိုင်းပြည် ဖွံ့ဖြိုးရေးဟာ တိုးတက်သင့်သလောက် မတိုးတက်ခဲ့တာ အရှိတရားပါ ပဲ ။
ဒါက နဝတ ခေတ် အကျဥ်းချုပ်ရဲ့ အကောင်းအဆိုး နှစ်ထွေ ဖြစ်ပါတယ် ။
ယနေ့ တပ်မတော်ရဲ့ ၂၀၂၁ တုန့်ပြန်မှုက ၈၈ နဝတ နဲ့ ပြောင်းပြန်ဖြစ်သွားပါပြီ ။
တိုင်းပြည် ဘယ်လောက် ဆူပူသောင်းကျန်းနေပါစေ ၊ ပြည်သူတွေ ဘယ်လောက် သေနေပါစေ ၈၈ ကဲ့သို့ တပ်မတော်က ခပ်ကြမ်းကြမ်း မကိုင်တွယ်ဖူး ဥပဒေနဲ့ အညီပဲ လုပ်ကြမယ်ဆိုတဲ့ မူဝါဒ နဲ့ သွားပါတယ် ။
နဝတခေတ် မကြုံခဲ့ရတဲ့ ကပ်ရောဂါဘေး ၊ CDM ပြဿနာ ၊ နဝတခေတ် မရှိခဲ့တဲ့ အင်မတန်ယုတ်မာရိုင်းသော PDF GZ အဖွဲ့ (အိမ်တွင်းသူခိုး ဆိုတော့ ဖမ်းရခက်) တို့နဲ့ ရင်ဆိုင်ရတာပါပဲ ။
တပ်မတော်မျိုးဆက်သစ် တပ်ချုပ်ကြီးဟာ တရားဥပဒေ မစိုးမိုးတဲ့ တိုင်းပြည်မှာ စီးပွားရေး ပညာရေး တိုးတက်အောင် လုပ်မယ်လို့ စိတ်ကူးယဥ်ပြီး ဆောင်ရွက်နေပါတယ် ။ အဲဒီကဏ္ဍတွေ မပြောနဲ့ ကျန်းမာရေးကဏ္ဍတောင် PDF တွေ နှောက်ယှက်နေလို့ အဆင်မချောတာ အားလုံး အသိပါပဲ ။
ဒီခေါတ် နှစ်ခုကို နှိုင်းယှဥ်ပြီး တပ်မတော်ထောက်ခံသူတွေ ဝေဖန်တိုင်း ၂၀၂၁ ကွ ၈၈ မဟုတ်ဖူး ။ နိုင်ငံတကာ ဘာညာ ကွိကွ တွေ နဲ့ ခုခံလေ့ ရှိကြပါတယ် ။
ကျနော်ယူဆတာကတော့ ယနေ့ တပ်မတော်ဟာ ဥပဒေပထမနှစ်ထိ သင်ကြားဖူးတဲ့ တပ်ချုပ်ကြီးရဲ့ ဥပဒေကြိုက် စွဲလမ်းနေမှု ကြောင့် ဗရုတ်သုတ်ခ ဖြစ်နေရပုံပါပဲ ။
ဒါတွေက ကျနော့်ရဲ့ မှန်းဆချက်များသာ ဖြစ်ပါတယ် လွဲနေရင်လည်း တည့်မတ်ပေးကြပါ ။ တပ်မတော်မှာ ဖြစ်နေတာက စစ်တိုက်ခြင်း အတတ်ပညာထက် ဥပဒေပညာ နဲ့ ကျောင်းစာတွေကိုပဲ ဦးစားပေးနေတယ်လို့ ယူဆမိပါတယ် ။
ဥပမာ ဗျူဟာမှူးတယောက်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တက်ရောက်ဖို့ အတွက် ကျောင်းစာများစွာ ဖတ်မှတ်နေရခြင်း ၊ သို့မှသာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သို့ တက်ရောက်ခွင့် ပေးပြီး ရာထူးတက်စေခြင်းဟာ တပ်ရဲ့ တိုက်ရည်ခိုက်ရည် အရည်အချင်းတွေကို နိမ့်ကျစေမယ် လို့ ယူဆပါတယ် ။
စစ်သားသည် စစ်တိုက်ခြင်း အတတ်ပညာ ကျွမ်းကြင်ရပါမယ် ။ ဥပဒေပညာရှင် တယောက်လို မကျွမ်းကြင်လို့ ရာထူး မတက်စေခြင်းဟာ အူကြောင်ကြောင် မူဝါဒပဲ ဖြစ်ပါတယ် ။
အဂ်လိပ်လို ပြောတတ်မှ ၊ ကွန်ပြူတာကိုင်တတ်မှ ၊ ဥပဒေကို ရှေ့နေလို ကျွမ်းကြင်မှ ရာထူးတတ်စေတဲ့ စနစ်ဟာ ကျနော့်အမြင်တော့ တပ်မတော်အတွက် ခါးတောင်းကျိုက် တခြား ဖင်တခြား မူဝါဒဖြစ်နေပါပြီ ။
ဥပဒေပညာရှင် လိုအပ်ရင် ပြင်ပကနေ အနီးကပ် အကြံပေး ခန့်လို့ ရနေပါလျှက် ဖိုက်တာ တပ်မှူးတွေကို တမင် ဒုက္ခပေး တပ်က နှင်ထုတ်နေသလိုပါပဲ ။
ဘာကြောင့်လဲ ဆိုရင် ယခု တပ်ချုပ်ကြီးသည် နိုင်ငံတကာကို အင်မတန် လူရာဝင်ချင်လွန်းလို့ မြန်မာ့တပ်မတော်သည် ဥပဒေနဲ့ အညီဆုံး တပ်မတော်ကြီး ဖြစ်ကြောင်း ပြသချင်လွန်းတဲ့ ရောဂါ ဖြစ်နေဟန်တူပါတယ် ။
သူမေ့နေတာ သူပုန် အဖွဲ့ ၁၀၀ ကျော် ရှိနေတဲ့ တိုင်းပြည်ရဲ့ ဖိုက်တာတပ်မှူး လိုအပ်ချက်ကိုပဲ ဖြစ်ပါတယ် ။
.......နောက်တချက်က ယခင်ခေတ် နဝတ နအဖ သည် ဥပဒေ လိုက်နာမှု အားနည်းသော တပ်မှူးများကြောင့် ပြည်သူတွေ မုန်းတီးနေတယ်လို့ ယူဆတဲ့ အချက်ဖြစ်ပါတယ် ။
ဒါလည်း မဟုတ်ပါဘူး နဝတ နအဖ လက်ထက်တုန်းက ဗိုလ်ချုပ်ခင်ညွှန့်ကို ကြည်ညိုလို့ ဘယ်အာဏာပိုင်မှ မဆင့်ခေါ်ပဲ ကြိုဆိုကြတဲ့ လူထုကြီးဟာ ယနေ့ သပိတ်မှောက်ခဲ့တဲ့ လူတွေပါပဲ ။
မီဒီယာတွေရဲ့ နှစ်ပေါင်းများစွာ ထိုးနှက်မှုကို ငါ မှန်နေတာပဲ ဆိုပြီး သုံးစားမရတဲ့ MRTV ၊ MWD Zလောက်နဲ့ ထိရောက်စွာ မတုန့်ပြန်နိုင်ခဲ့တာ အကြီးမားဆုံး ချို့ယွင်းချက်ပါပဲ ။
ဒါကို ယနေ့အထိ အမှန်တိုင်း မသုံးသပ်နိုင်ပဲ သုံးစားမရတဲ့ မီဒီယာကိုတော့ နဝတ ခေတ်အတိုင်း နည်းစနစ်မပြောင်းပဲ အူကြောင်ကြောင် ဆက်လုပ်ခိုင်းပြီး တိုင်းပြည်အတွက် အသုံးတည့်မယ့် တရားဥပဒေ စိုးမိုးရေးကြတော့မှ နိုင်ငံတကာ ကြောက်ပြီး ပေါ့ဆဆ ကိုင်တွယ်ရင်း အပြစ်မဲ့ ပြည်သူတွေ သေကြေနေရတဲ့ မူဝါဒကို သုံးသပ်သင့်ပါပြီ ။
ကိုရွှေမျိုးဝင်း
(တစုတဝေးတည်း အလွန်လျှော်သော ဒီ ပုဂ္ဂိုလ်တွေကို လိုက်ဖက်မယ့် ယူနီဖောင်း ဆင်ပေးရမယ် ဆိုရင် ဘယ်ယူနီဖောင်းနဲ့ လိုက်ဖက်မလဲ မသိဖူးဗျာ)