Wednesday, September 15, 2021

UN & UEC Vs NLD


         ပထမဆုံး 14-9-2021 က UN မှာ ဆုံးဖြတ်မယ်ဆိုတဲ့ ကိစ္စ အတွက် နှစ်ဖက်လုံးက နိုင်ပြီ ဆိုပြီး ဝေလေလေ ထအော်နေကြပါတယ် ။ တကယ်တန်းကတော့ နစက အတွက် UN ရဲ့ ဆုံးဖြတ်ချက်က ဘာရလာဒ်ပဲ ထွက်ထွက် ရင်ခုန်စရာ မလိုတဲ့ အနေအထားပါ ပဲ ။ 

        ပြင်ပ သတင်းတွေအရတော့ တရုတ်ကြီးက ပြောသတဲ့ UN အစည်းအဝေးအတွက် ကိုယ်စားလှယ် သွားတက်မနေ နဲ့ လို့ အကြံပေးကြောင်း ။ သူပြောသလိုပါပဲ UN အစည်းအဝေးမှာ NUG တို့ အားကိုးနေတဲ့ နိုင်ငံလက်မဲ့ ကိုယ်စားလှယ်ကို လူရာသွင်းပြီး မိန့်ခွန်းပြောခွင့် မပေးခဲ့ပါဘူး ။ 

       သို့သော် ပြတ်သားတဲ့ ရပ်တည်မှုအတွက် UN ဟာ မဲခွဲဆုံးဖြတ်ခြင်း မပြုပဲ နိုဝင်ဘာလ အထိ ဆွဲဆန့်သွားတာ တွေ့ရပါတယ် ။ ပြောချင်တာက အရေးပါတာ မပါတာ အသာထား UN က အကြမ်းဖက် NUG ကို ပစ်ရမှာလည်း အဆီတဝင်းဝင်း စားရမှာလည်း သဲ တရှပ်ရှပ် အနေအထား နဲ့ တည်းထားဆဲပါ ။ 

          နစက နဲ့ NUG တို့ရဲ့ UN ဆုံးဖြတ်ချက်အပေါ် မျှော်လင့်နေပုံကတော့ အများကြီး ကွာခြားလှပါတယ် ။ 

     နစက အနေနဲ့ ပါးစပ်ထဲမှာ မလိုင်အပြည့်စားနေရပြီး UN ဆုံးဖြတ်ချက် ဆိုတဲ့ သကြားပွင့်ကို ရနိုးနိုး မျှော်စရာ မလိုတဲ့ အနေအထားပါ ။ 

        NUG ကတော့ လမ်းဘေးက ငတ်ပြတ်နေတဲ့ ခွေးလေခွေးလင့် တကောင် သဲလူးနေတဲ့ ဘိန်းမုန့် တဖဲ့စားရ စားရ ဆိုပြီး UN ရဲ့ ဆုံးဖြတ်ချက်ကို အမျှော်ကြီး မျှော်နေရတဲ့ အနေအထားပါ ။ 

      ဒါကြောင့် ငါနိုင်တယ် ၊ သူနိုင်တယ် ရင်ခုန်မနေကြပါနဲ့ ။ ဘယ်လူသားကမှ လမ်းဘေးခွေးလေ ခွေးလင့် နဲ့ အစာလုစားစရာ မလိုပါဘူး ။ 

        နောက်တချက် UEC ကနေ NLD အတွက် စာရင်းစစ်ဆေးဖို့ ဒေါ်စုကြည်ထံ စာပို့တာကို သူမနဲ့ မဆိုင်ဖူး ဆိုပြီး စာလက်မခံတဲ့ ကိစ္စ ဖြစ်ပါတယ် ။ 

          လိပ်မူထားတာ ပါတီဆိုတော့ CEC တဖွဲ့လုံးနဲ့ သက်ဆိုင်တယ် ဥက္ကဋ္ဌ တယောက်တည်း ဆုံးဖြတ်လို့ မရဖူးဆိုပဲ ဗျ ။ 

       ကိုဖီအာနန် ကိစ္စ ၊ ဂျိုးဖစ်ရှာ ၊ ရှောင်တာနယ် အစ အကြံပေး ၉၀ ကျော် ကိစ္စ ၊ ICJ ကိစ္စ ၊ နိုင်ငံခြားသားကလေးမွေးစားခွင့် ကိစ္စ ၊ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ လက်ခံရေး ကိစ္စ (တိုင်းပြည်ကို ဇရပ်ဖြစ်အောင် လေ) ဒါမျိုးကိစ္စတွေမှာ ဒေါ်စုကြည် တယောက်တည်း သဘောနဲ့ ဆုံးဖြတ်ခဲ့တာချည်းပါပဲ ။

         ယခုလို ကိစ္စကျမှ CEC ကို ခေါင်းလွှဲချတာ နိုင်ငံရေးသမား ပီသတာပေါ့ လေ ။ ဘာပဲ ဖြစ်ဖြစ် NLD က ဇာတ်သိမ်းနေပါပြီ ။ 

      ဒေါ်စုကြည်ဟာ NLD CEC မှာ သုမဆန္ဒတွေကို မဲခွဲတိုင်း တခါမှ မရှုံးဖူးလို့ ဆိုကြပါတယ် ။ အဲဒါ မှားပါတယ် ။ ဒေါ်စုကြည် မဲရှုံးဖူးတဲ့ CEC မဲ ပေးပွဲက စိတ်ဝင်စားစရာ ကောင်းတယ် ။ မသိသေးသူအတွက် ကျနော် ပြန်ပြောချင်ပါတယ် ။ 

        ဒေါ်စုကြည်ယောကျာ်း မိုက်ကယ်အဲရစ် မသေခင်မှာ သူမဟာ အိမ်ထဲမှာ ဒေးဗစ်လှမြင့် နဲ့ ဖောက်ပြန်နေပါတယ် ။ ဒါကို ဦးကြည်မောင် မိန်းမက လက်ပူးလက်ကြပ် မိသွားပြီး ဆုံးမကြတာ လက်မခံပါဘူး ။ 

     အနောက်တိုင်း အယူအဆ လင်ငယ်နေတာကို ခေါင်းကိုက်လို့ ဘိုင်အိုဂျက်ဆစ် သောက်တာလောက် သဘောထားပြီး ကတ်ကတ်လန် ရန်တွေ့ပါတယ် ။ 

      ဒီတော့ CEC တွေ စည်းဝေးပြီး ဒေးဗစ်လှမြင့်ကို အမှတ် ၅၄ ခြံထဲကနေ နှင်ထုတ်ဖို့ မဲပေး ဆုံးဖြတ်ကြပါတယ် ။ ဒီတကြိမ်မှာတော့ မှိုင်းမဝသေးတဲ့ NLD CEC တွေက ဒေါ်စုကြည် ဆန္ဒကို ဆန့်ကျင်ပြီး ဒေးဗစ်လှမြင့်ကို နှင်ထုတ်ဖို့ မဲပေးခဲ့ကြပါတယ် ။ 

         မနေ့က ရခဲ့တဲ့ နောက်ဆုံးသတင်း နှစ်ပုဒ်ကို ကောက်ချက်ချကြည့်တာပါ ဗျာ ။ 

       ကိုရွှေမျိုးဝင်း

(ဘာပဲ ပြောပြော စိတ်ကူးယဥ်ဆိုပေမယ့် ရွှေထီးလေးတော့ အလွမ်းပြေသား ဗျ.....)