Thursday, September 9, 2021

ခေါင်းထိပ်ကဟာ ဘာကြီးလဲတဲ့


မြန်မာမှာတော့ ယခင်က Special Security Force (SSF) တွေမှသာ တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိတဲ့ GoPro လို့ခေါ်တဲ့ Helmet Mounted Camera မှတ်တမ်းတင် ကင်မရာပါ။ မန္တလေး လက္ဘက်ရည်ဆိုင် ဝင်စီးတဲ့ဖြစ်စဉ်မှာလည်း တပ်ဖွဲ့ဝင်အချို့ အသုံးပြုသွားတာ တွေ့ရပါတယ်။ 

အင်တာနက်စနစ်ပါဝင်ပြီး ထိန်းချုပ်ရေးစင်တာကနေ တိုက်ရိုက် မှတ်တမ်းယူလို့ ရပါတယ်။ တစ်လုံးကို သုံးသိန်းခွဲကနေ ရှစ်သိန်းကျော်တန်အထိ တန်ကြေးရှိပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်မှာ ယခုလို ခေတ်မီပစ္စည်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဟာ ဝမ်းသာစရာကောင်းပါတယ်။

Nay Thurain.