Thursday, September 9, 2021

▪️NUG အကြမ်းဖက်တပ်မတော်လေမှ သင့်ကိုအလိုရှိသည်။


▪️လိုအပ်သောအရည်အချင်းများ

၁)ပညာအရည်အချင်း - ရေးတတ်ဖတ်တတ်ရင်ရပြီ။

၂)အရပ်အမောင်း - သမ္မတဟောင်း
    ဦးဝင်းမြင့်အရပ်လောက်ရှိရင်အကုန်ဝင်လို့ရ။

၃)ရုပ်ရည် - အသင့်အတင့်လည်းရ ရုပ်ဆိုးလည်းရ
    ဒါပေမယ့်အဓိကလိုတာက ကင်မရာစားရမည်
    မကြာမကြာ Live လွှင့်ပေးရမှာမို့။

၄)မိဘဆွေမျိုး - မရှိလေကောင်းလေ 
    ဒါမှနင်တို့သေရင်အဖမ်းခံရရင်
    ဘယ်သူမှလာမမေးကြမှာ။

၅)နေရပ်လိပ်စာ - ခေါ်တဲ့ NUG တောင်
     လိပ်စာမရှိသေးတာ နင်တို့ကကြောတာလား။

၆)လိုအပ်ချက် - လိပ်ကိုဂျပိုးဖြစ်အောင်
     ပြောတတ်ရမယ်။
     တဖန် ဂျပိုးကိုလည်း လိပ်ဖြစ်‌အောင်
     ပြန်ပြောင်းပြောတတ်ရမယ်။

၇)အခြားအရည်အချင်း - လေပေါ်မှာ
    တိုက်အိမ်ဆောက်တတ်ရမယ်။
    စိတ်ကူးနဲ့ရူးတတ်ရမယ်။
    တစ်နေကုန်အွန်လိုင်းပေါ်မှာActive ဖြစ်နေရမယ်။
    မျက်စိရှေ့မြင်တာအကုန် အွန်လိုင်းပေါ်တင်ရမယ်။
    ဥပမာ အိမ်ရှေ့ကနေ စစ်ကားဘယ်နှစ်စီး
    ဘယ်သို့  ဦးတည်ကာဖြတ်စသဖြင့်။

၈)ရာထူး - လျှောက်ချင်တဲ့ရာထူးလျှောက်။
     NUG ကခန့်တဲ့ရာထူးပိုင်ရှင်တွေက 
     ခဏခဏ ဂျောင်းထဲအေးကြလို့
     မကြာမကြာရာထူးလစ်လပ်လျက်ရှိတာမို့
     ရာထူးတိုးမြန်စေရမယ် စိတ်ချ။

၉)လစာ - Kpay တို့ Wave တို့ရှိတယ်မို့လား
     အလှူခံစား။ ခေါင်းစဉ်ရှာအလှူခံတတ်ရင်
     တစ်သိန်းမှစ သိန်းပေါင်းများစွာထိရနိုင်တယ်။
     (ထီသည်လေသံဖြင့်ဖတ်ရန်)
     ကိုယ်ရတာကိုယ်ယူ ဘယ်သူ့မှ
     ပြန်ထောက်ပံ့စရာမလိုဘူး။
     နာမည်ကောင်းရချင်ရင် အလှူခံတာထဲက
     ၁သိန်း ရရင် ၁၀၀ လှူပြ ဘယ်သူမှစာရင်းမစစ်ဘူး။
     PDF လူစာရင်းအတိအကျလည်းငါတို့မှာမရှိဘူး။
     ဒီလောက်ဝင်ငွေလမ်းဖြောင့်နေမှာကို
     ငါတို့ဆီက နှစ်ပဲခြောက်ပြား လစာကိုမမက်စမ်းပါနဲ့။
     မက်လည်းမပေးဘူး။

၁၀)ပင်စင် - တော်လှန်ရေးပြီးရင် ရမယ်။
      ဘယ်တော့မှပြီးမလဲလို့ လာမမေးနဲ့ ပါးကျိုးမယ်။

၁၀)အခြားမေးခွန်း - NUG ကဘာတွေ‌ထောက်ပံ့မလဲလို့
      ပေါက်ကရမမေးနဲ့ Wifi ကလိုင်းထစ်နေလို့
      အစည်းအဝေးလုပ်ရတာ စိတ်မဖြောင့်ပါဘူးဆို။
      အဓိကတစ်ခုက ဝင်ချင်ရင် ကိုယ့်လေနဲ့ကိုယ်
      ကိုယ့်အင်တာနက်နဲ့ကိုယ်လာ
      အင်တာနက်ဖိုးလာမတောင်းနဲ့။

၁၁)ထောက်ပံ့ကြေး - NUG အတွက်အလုပ်လုပ်သူတွေ
      ထောင်ကျရင်တောင် ရှေ့နေလိုက်ခ အမှုလိုက်ခ
      ထောင်ဝင်စာတွေ့ခမရှိဘူး။ ဒီအတွက်လည်း
      စီစဉ်မထားဘူး။ မဖမ်းမိသေးရင် ငါတို့လူ
      ဖမ်းမိရင် ဒလန်ပဲ။ 
      ဘာမှထောက်ပံ့နေစရာမလိုရှင်းလား။

▪️ဝင်ချင်ရင် မြန်မြန်စာရင်းပေး
     နင်တို့ပထွေး အိမ်စောင့်အစိုးရက
     အင်တာနက်မဖြတ်ခင်ဘဲ
     လူစာရင်းကကောက်ရတာ မြန်မြန်လုပ် ဒါပဲ။🥴

▪️ပုံ▪️
တက်ချုပ် အူးရည်မွန်

#SniperSu