ဘာသယံဇာတမှ မရှိဘူး၊ ဘယ်နိုင်ငံရေးသမားမှလဲ စိတ်မဝင်စားဘူး။
အဲဒီတောင်ကုန်းတွေ ဘယ်နားမှာရှိနေမှန်း နိုင်ငံသားတစ်ဝက်လောက်က မသိကြဘူး။
ဒါပေမယ့် အဲဒီတောင်ကုန်းတွေကို သူတို့ ၂၄ နာရီ စောင့်ရှောက်ထားရတယ်..။
ပြည်ပလက်နက်ကိုင်တွေလဲ နေရာဝင်ယူနိုင်တယ်။
ပြည်တွင်း လက်နက်ကိုင်တွေလဲ ဝင်ပြီး တပ်စွဲထားနိုင်တယ်။
ပြည်ပ လက်နက်ကိုင်တွေ ပိုင်သွားရင် သံတမန်ရေး၊စစ်ရေးနည်းတွေနဲ့ အချိန်အကြာကြီး ဖြေရှင်းရမယ်။
ပြည်တွင်း လက်နက်ကိုင်တွေ နေရာယူရင် မိုင် ၅၀ ပတ်လည်တစ်ဝိုက်မှာ အစိုးရရဲ့အချုပ်အခြာအာဏာ ဆုံးရှုံးမယ်။
သူတို့ အဲဒီတောင်ကုန်းတွေမှာ တပ်စွဲပြီး စောင့်ရှောက်ထားတယ်။
အဲဒီတောင်ကုန်းတွေကို လက်နက်ကိုင်တွေသိမ်းပိုက်ရင် သူတို့အသက်စွန့်ပြန်တိုက်ပြီး ပြန်သိမ်းယူတယ်။
သူတို့ နေ့၊ည အချိန်ပြည့်စောင့်ကြည့်နေရတဲ့ အဲဒီတောင်ကုန်းတွေမှာ..
ရေမရှိဘူး၊ အရက်မရှိဘူး၊ ဆေးလိပ်မရှိဘူး။
ရိက္ခာပုံမှန် မရောက်ဘူး။ သူတို့ဆီကို အရောက်နိုင်ဆုံးက သူတို့အသက်ကိုနုတ်ယူမယ့် ကျည်ဆံတွေ။
သူတို့မှာ မိသားစုတွေ ရှိတယ်။
သူတို့မှာ ကိုယ်ပိုင်ဘဝတွေ ရှိတယ်။
သူတို့မှာ သူတို့တစ်ခုခုဖြစ်ခဲ့ရင် ကျန်ရစ်မယ့်မိသားစုတွေအတွက် ပူပန်မှုတွေ၊ သောကတွေ ရှိတယ်။
ဒါပေမယ့် သူတို့အသက်တွေ၊ သူတို့ဘဝတွေထက် အဲ့ဒီတောင်ကုန်းတွေက ပိုအရေးကြီးနေတယ်..။
အလုပ်သမားက လုပ်ခနည်းရင် ဆန္ဒပြလို့ရတယ်..။
နိုင်ငံရေးသမားက လစာနည်းရင် လွှတ်တော်မှာအဆိုတင်လို့ရတယ်..။
သူတို့က အစိုးရလူကြီးတွေ၊ သူတို့ခေါင်းဆောင်တွေရဲ့ စာနာမှု၊ နားလည်မှုကိုပဲ မျှော်လင့်လို့ရတယ်..။
ဒါပေမယ့် တင်ပြခွင့်ရှိတယ်၊ တောင်းဆိုခွင့် မရှိဘူး..။ သူတို့မှာ ကန့်သတ်ထားတဲ့စည်းမျည်းစည်းကမ်းတွေက အများကြီး..။
သူတို့ အဲဒီတောင်ကုန်းတွေကို စောင့်ရှောက်ပေးထားတယ်။
သူတို့ရဲ့စောင့်ရှောက်မှုဟာ တိုင်းပြည်ကိုကာကွယ်တာလို့ သူတို့ယုံကြည်ထားတယ်။
သူတို့ရဲ့ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုကို အသိအမှတ်ပြုတာမျိုး သူတို့လိုချင်တယ်..။
သူတို့ စောင့်ရှောက်ကာကွယ်ထားကြတဲ့ အဲလိုတောင်ကုန်းတွေက ကျွန်တော်တို့ လက်ညှိုးထိုးလိုက်တဲ့ နေရာတိုင်းရဲ့ တစ်နေရာမှာ ရှိတယ်..🇲🇲
#Credit