စစချင်းကြားတဲ့အသံက
သူငယ်ချင်း
နေကောင်းလားတဲ့
မင်း သိပ်အဆင်မပြေဘူး ဆိုလို့
မင်း လက်ရှိ ဖုန်းနံပါတ်ကို
မရ ရအောင် စုံစမ်းလာတာကွ တဲ့.....
မတွေ့တာ ဆယ်စုနှစ် တစ်ခုခွဲ လောက်ရှိပြီဖြစ်တဲ့
တစ်ပတ်စဉ်တည်း
သူငယ်ချင်း တပ်ရင်းမှူး
တစ်ယောက်ရဲ့အသံပါ .....
မိသားစု ချစ်သူ
အပေါင်းအသင်း တပည့်တပန်းတွေက
အားလုံးက စွန့်ခွာသွားပြီး
မအောင်မြင်တဲ့သူတစ်ယောက်အဖို့
တစ်ယောက်တည်း
ဖြစ်သလိုနေ နေတဲ့ဘ၀မှာ .....
ဒီလို စကားသံတစ္ခုဟာ
ရင်ဘတ်ကို
တီအီးကားနဲ့ပစ်တိုက်လိုက်သလိုပါပဲ
သူငယ်ချင်းရယ် .....
ပုံရိပ်တွေက
အနှေးပြကွက်လို မျက်စိထဲကို၀င်လာတယ်
နှစ်ပွင့်ဘ၀မှာ
ရှမ်း မြောက် က စစ်ဆင်ရေးနယ်မြေတွေမှာ
သူ့စခန်းချခံ နေရတယ်ကြားလို့
ကိုယ် တလကြမ်း စစ်ကူလိုက်ခဲ့တာတွေ .....
ကိုယ် သင်တန်း သွားတော့
မုံးစီး မြာ အဆုံ
သူ့ကျောပိုးအိတ်လေးဖွင့်
တစ်ထည်တည်းပဲ ရှိတဲ့
အရပ်၀တ်ဂျာကင်လေးကို ထုတ်ပေးပြီး
မင်းက မြို့ပေါ်မှာ လိုမှာကွ
ဒီ ဂျာကင် ယူသွား လို့ထုတ်ပေးခဲ့တာတွေ .....
သူ လှုပ်ရှားဘ၀
တောတိုးရလွန်းလို့
ဘောင်းဘီဖင်ပြဲနဲ့ဗိုလ်ကြီး ဖြစ်နေချိန်မှာ
ကိုယ့်ယာဉ်တန်း ဖြတ်တော့ ပြေးလာပြီး .....
သူငယ်ချင်း
မင်းယူနီဖောင်းတစ်စုံ ငါ့ပေးခဲ့စမ်းပါကွာ လို့
၀မ်းသာအားရ လာတောင်းခဲ့တာတွေ .....
လားရှိုးမြို့မှာ
ဆန်အရက် ၂၀၀ ဖိုးကို
အမြည်းမပါပဲ
နှစ်ယောက် အတူသောက်
အရက်ဆိုင်က ရှမ်းမလေးကို
နှစ်ယောက် အတူ ပိုး
လားရှိုး မန်းလေး ကားလမ်းပေါ်မှာ
တစ်ယောက်လည်ပင်း တစ်ယောက်ဖက်ရင်း
လေးဖြူသီချင်းကို အာလေးလျှာလေးနဲ့
အော်ဆို
သင်တန်းကို ညပြန်မအိပ်လို့
နှစ်ယောက်တွဲ ရုံးတင် ခံခဲ့ရတဲ့ကောင်တွေပေါ့ .....
ရင်ထဲမှာ ကတုန် ကယင်နဲ့
သူပြောတဲ့စကားသံတွေက
ကြားတစ်ချက် မကြားတစ်ချက် .....
အဲအချိန်မှာ
ဘာမဆိုင် ညာမဆိုင်
ခေါင်းထဲကို အတွေးတစ်ခု ၀င်လာမိတယ် .....
ခင်ဗျားတို့
ကျုပ်တို့အဖွဲ့အစည်းကို ဖြိုခွဲချင်ရင်
အနည်းဆုံး ကျုပ်တို့လိုတော့
ညီညွတ်ဖို့လိုမယ်ဗျာ .....
( စစ်သည်တော်ဟောင်း ရဲမိုး)
#Credit