Wednesday, September 15, 2021

ဗဟိုဘဏ် နဲ့ အစိုးရ


       တပ်ချုပ်ကြီး မင်း​အောင်လှိုင်ရဲ့ အိမ်စောင့်အစိုးရသည် ၂၀၀၈ ခြေ / ဥ နဲ့ အညီ အပြ်ချုပ်နေကြောင်း ပြည်သူအများ နားလည်ကြပါတယ် ။ 

       ၂၀၀၈ ခြေ / ဥ အရ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်များ အပေါ် အစိုးရမှ ဝင်ရောက်စွတ်ဖက်ဖို့ ခဲယဥ်းလှပါတယ် ။ ဗဟိုဘဏ်သည် မိမိ မူဝါဒ အရ လွတ်လပ်စွာ အကောင်အထည်ဖော်ခွင့် ရထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ် ။ 

       ယခုဆိုလျှင် နစက အာဏာထိမ်းသိမ်းခဲ့သည်မှာ ၇ လ ကြာမြင့်ပြီးနောက် ဗဟိုဘဏ်ရဲ့ တိုးတက်မှု မရှိသော မူဝါဒများ နဲ့ ပြည်သူများရဲ့ အပ်နှံငွေကြေးအပေါ်  အလွန်အကျွံ ထိမ်းချုပ်ထားတဲ့ လုပ်ဆောင်မှုများကြောင့် အိမ်စောင့်အစိုးရ ရဲ့ စီမံခန့်ခွဲ မှု နဲ့ အုပ်ချုပ်မှု စွမ်းရည်အပေါ် ပြည်သူများ စက်ဆုပ်လာကြပြီ ဖြစ်ပါတယ် ။ 

        ဘဏ်အပ်နှံသူ ပြည်သူများဟာ လူနည်းစု ဖြစ်တယ် ၊ ငွေအများဆုံး အပ်နှံသူ ခရိုနီတွေ ဘာမှမပြောပဲ အာချောင်နေကြတယ် နဲ့ ဝေဖန်ကောင်း ဝေဖန်နိုင်ပေမယ့် နစ်နာသူ ပြည်သူ အများအပြား ရှိနေတာ ငြင်းမရပါဘူး ။ 

        သိန်းတရာ အပ်နှံထားသူဟာ ယခု ငွေကြေးဖောင်းပွအရ နေရင်းထိုင်ရင်း 35 သိန်းကျော် ဆုံးရှုံးခဲ့ရပါပြီ ။ ကြာလေ ဆုံးရှုံးမှု ကြီးမားလေ ဖြစ်နေမှာ သေချာပါတယ် ။ 

       လိုရင်းကို ပြောချင်ပါတယ် ။ဗဟိုဘဏ်ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များထဲမှ အရည်အချင်းမရှိတဲ့ ဖရဲသီး နှစ်လုံးကို ပြောချင်ပါတယ် ။ 

          ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် နဲ့ ဦးသန်းငြိမ်း တို့ပဲ ဖြစ်ပါတယ် ။

        ဦးသန်းငြိမ်းဟာ ကမ္ဘောဇဘဏ်က ကူးပြောင်းလာတဲ့ တပ်မ​တော်သားဟောင်း တယောက်ဖြစ်ပါတယ် ။ အမှန်ဆိုရင် ပင်စင်ယူရမယ့်သူ ဖြစ်ပေမယ့် အခုထိ တာဝန်ထမ်းဆောင်နေပြီး ပုဂ္ဂလိကဘဏ်တွေ နဲ့ အပေးအယူလုပ် အကြံအဖန် လုပ်နေသူလို့ နာမည်ထွက်နေသူ ဖြစ်ပါတယ် ။ စီစစ်သင့်ပါတယ် ။

       နောက်တဦးဖြစ်တဲ့ ဦးဝင်းသော်ကလည်း တပ်မတော်သားဟောင်း တဦးပဲ ဖြစ်ပါတယ် ။ သူကတော့ ရှင်းပါတယ် ဖရဲသီး အစစ်ပါပဲ ။ 

     NLD လက်ထက်မှာ ဝန်ထမ်းများက NLD နဲ့ ဒေါ်စုကြည်ရဲ့ စီမံခန့်ခွဲမှုကို ဝေဖန်တိုင်း အပြင်းအထန် ကာကွယ် ပြောဆို ဖာထေး ပေးနေကြပါ ။ ဒါကို စိတ်ထားမှန်တဲ့ Non CDM ဝန်ထမ်းများအား မေးမြန်းစုံစမ်းနိုင်ပါတယ် ။ 

      ယခု ဒေါ်လာစျေး တက်နေခြင်းအပေါ် မလျှော်ကန်သော နည်းလမ်းဖြင့် အစိုးရပိုင် ဒေါ်လာများအား တမင်ထုတ်ရောင်းပြီး အကြံအဖန် လုပ်ခဲ့ကြပါတယ် ။ 

           အခြားပြည်ပနိုင်ငံတချို့မှာ အဲဒီလိုပဲ မိမိပြည်တွင်းသုံး ငွေကြေးတန်ဖိုး နိမ့်ကျခြင်းအား ကာကွယ်ရန် ဒေါ်လာများ ထုတ်ရောင်းခဲ့ကြပါတယ် ။ ပိုဆိုးသွားပြီး နိုင်ငံခြားအရံငွေ ဒေါ်လာများ ကုန်သွားပြီး တိုင်းပြည် ပိုမိုဆိုးရွားသွားတဲ့ သာဓကတွေ ရှိတာ သိပါလျှက်နဲ့  ဦးဝင်းသော် နဲ့ ဦးသန်းငြိမ်းတို့က ဇွတ်အတင်း ဆောင်ရွက်ခဲ့တာပါ ။ 

         ဘောဂဗေဒ ပညာရှင်များဖြစ်သော ဦးဝင်းရှိန် နဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ဟာ တပ်မတော်သားအငြိမ်းစား နှစ်ယောက် ခြယ်လှယ်သမျှ ခံနေကြရဟန် တူပါတယ် ။ 

      ယခုလို ပုဂ္ဂလိက ဘဏ်များမှာ ပြည်သူ့ငွေများ ထိမ်းချုပ်ထားပြီး ရာခိုင်နှုံးဖြင့် လာဘ်ယူ ထုတ်ပေးနေကြတာ သူတို့ရဲ့ အဓိက စီးပွားရေး ဖြစ်နေတာ ပြည်သူတွေကြားမှာ ဖုံးဖိမရတော့ပါဘူး ။ 

        လူမှုကွန်ယက်များမှ ဆူညံပွက်လောရိုက်လာသောအခါ ဦးဝင်းသော်က စက်တင်ဘာပထမပတ်တွင် ဘဏ်များ ပုံမှန်အတိုင်း ဝန်ဆောင်မှု ပေးရမည်လို့ ပြောကြားခဲ့ပြီး ပြည်သူတွေကို ဗြောင်လိမ်ခဲ့တာ တွေ့ရပါတယ် ။ 

        13-8-2021 နေ့က ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ထုတ်ပြန်ခဲ့တဲ့ ATM စက်များတွင် ငွေဖြည့်ထားရန် နဲ့ အခြား ဝန်ဆောင်မှုများ (wave money ကဲ့သို့သော)အတွက် ပြင်ဆင်ဆောင်ရွက်ပေးရန် ဗဟိုဘဏ်မှ ညွှန်ကြားစာ ထုတ်ခဲ့ပေမယ့် လိုက်နာခြင်း မရှိတဲ့ ပုဂ္ဂလိဘဏ်များဟာ အားကိုးရှိနေလို့ အရေးယူမခံခဲ့ရပါဘူး ။ 

       အစိုးရ အပေါ် အင်မတန် နာမည်ပျက်စေသော ငွေကြေးကဏ္ဍအား အချိန်မှီ စစ်ဆေးရန် အရေးကြီးနေပါပြီ ။ ၈၈ အရေးအခင်း ရဲ့ မူလဇစ်မြစ်ဟာ ပြည်သူ့ငွေကြေးကိစ္စအတွက် ဖြစ်ခဲ့ရတာ သတိချပ်သင့်ပါတယ် ။ 

       ဗဟိုဘဏ်မှ အမည်ပျက်နေသော ဦးဝင်းသော် နဲ့ ဦးသန်းငြိမ်းတို့အား စစ်ဆေးမှု ပြုလုပ်ပြီး ဘဏ်စနစ်အား ပြန်လည်အသက်သွင်းခြင်းဖြင့် ပြည်သူ့အခက်အခဲကို ဖြေရှင်းပေးစေချင်ပါတယ် ။

      ဘဏ်ပညာအား အမှန်တကယ် တတ်ကျွမ်းသူ ဦးဝင်းရှိန် နဲ့ ဒေါ်သန်းသန်းဆွေ တို့၏ လုပ်ပိုင်ခွင့်များအား တိုးပေးခြင်းဖြင့် ပြေလည်နိုင်ပါတယ် ။ 

      ဘဏ်ပြဿနာဟာ ဗဟိုဘဏ် ကိစ္စလို့ မရှုမြင်ပဲ တိုင်းပြည်၏ ကုန်စည်စီးဆင်းမှု ပြဿနာ ၊ စီးပွားရေးလုပ်ငန်းများ၏ အခြေအမြစ် ၊ အစိုးရတရပ်၏ ဥပတိရုပ်အဖြစ် ရှုမြင်ရပါမယ် ။ 

      တပ်မတော်သားဟောင်းမို့ သံယောဇဥ် တွယ်နေသေးရင်ဖြင့် သစ္စာဖောက် သူရ သုံးယောက်ကိုသာ ပြန်မြင်ကြည့်ပါလို့ သတိပေးချင်ပါတယ် ။ 

       ကိုရွှေမျိုးဝင်း


Related Posts:

  • #သို့စရိတ်ငြိမ်းနှင့်ထောင်ဒဏ်နှစ်၂၀😁😁😁 ခင်ဦးမြို့နယ် သံဘိုကျေးရွာမှာလုံခြုံရေး အဖွဲ့တွေ ရွာထဲဝင်လာတာကို တူမီးနဲ့ ချောင်းပစ်တယ်လခရ တွေက ပြန်ပစ်တော့ကြောက်ပါပြီဆိုကာ အဖမ်းခံတဲ့ PDFအကြမ်းဖက် ကျော်ဇင်ဝင်း၊ စိုးစိုးခိုင်(ခ) ငမိုး တို့နှစ်ဦးအားတူမီး(၂)လက်နှင့် ဆက်စပ်ပစ္… Read More
  • ပဒိုင်းသီး....သူ တစိမ်း ချစ်တယ်ဆိုတာဆွေမျိုး မုန်းသလောက်ဘဲ ရှိပါတယ်....ဘာသာမတူ လူမျိုးမတူ ယဥ်ကျေးမှုဓလေ့စရိုက်မတူကြတဲ့ နိုင်ငံခြားသား အကြံပေး ၉၀ ကျော်က သူတို့ လစာ နဲ့ သူတို့နိုင်ငံ အကျိုးကလွဲပြီးငါတို့လူမျိုးနဲ့ ငါတို့တိုင်းပြည်ကို ချစ်ပါ… Read More
  • #ကမ္ဘာကအာရုံစူးစိုက်လာတဲ့မြန်မာမြန်မာအစိုးရကို အာစီယံက အစည်းအဝေးတက်ဘို့ကိစ္စ နည်းအမျိုးမျိုးနဲ့ဖိအားပေး စည်းကမ်းချက်တွေထုပ်တယ်မြန်မာအစိုးရက စည်းမျဉ်းစည်းကမ်းဘောင်အတွင်းကနေ စာပြန်တယ်အာစီယံဥက္ကဌကငပွပြီးအလိုကြ အတိုင်း လိုက်နာပြီးတင်းထားတယ် နစက ကို ဝေဘန်သံတွေည… Read More
  • ကလေးအထာလေးတွေပါ ထန်တလန်ဆိုတာ လက်တလောဟော့နေကြတဲ့ issueတစ်ခုပါ ကျုပ်တို့မြန်မာနိုင်ငံမှာတင် မဟုတ်ဘူးကမ္ဘာကိုပါရိုက်ခတ်သွားလိမ့်မယ်လို့ ယူဆပါတယ် ဒါပေမယ့် ပြဿနာ အရင်းခံက အလွန်ရိုးစင်းလှတယ်လို့မြင်သာနေပါတယ် ထန်တလန်ဟာ ခ… Read More
  • FB ပြောတာက " မြန်မာကိုအတွေ့အကြုံယူပြီး မူဝါဒအားနည်းချက်တွေပြင်ခဲ့တယ်" .... လို့ဆိုထားတယ်၊ ပြီးခဲ့တဲ့ (၅) နှစ်က မြန်မာနိုင်ငံမှာ Fb ဘယ်လောက် " ဗျင်း " ခဲ့တယ်ဆိုတာ သူ့စကားက ပေါ်လွင်နေပါပြီ၊ ဂန်းမကြီးကျေးဇူးတွေ တနိုင်ငံလုံးကို (၂) ချမ်းခွဲသွားတဲ့ … Read More